ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ် အပါအဝင် နေရာ ၃ နေရာမှာ ပြီးခဲ့တဲ့ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာနဲ့ပတ်သတ်လို့ သံသယရှိတဲ့ သူနောက်ထပ် ၁ဦးကို ပ်မံ ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတာကြောင့် အခုဆိုရင် လူ ၈ဦးတိတိကို အစိုးရဘက်က စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ပဋိပက္ခ အခက်အခဲတွေနဲ့ နိုင်ငံတကာက စွပ်စွဲနေတဲ့ ကိစ္စရပ်တွေ ဖြေရှင်းနိုင်ဖို့အတွက် ဘက်လိုက်မှုကင်းတဲ့ မီဒီယာသမားတွေကို ရခိုင်ပြည်နယ်ကို စေလွှတ်ပေးဖို့ လိုအပ်သလို လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်တွင်း သတင်းအမှန်ကို အစိုးရကိုယ်တိုင် ရရှိဖို့ ခက်ခဲနေတယ်လို့ ဖမ်းဆီးခံ ရိုက်တာသတင်းထောက်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ် အပါအဝင် နေရာ ၃ နေရာမှာ ပြီးခဲ့တဲ့ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာနဲ့ပတ်သတ်လို့ သံသရရှိတဲ့ သူနောက်ထပ် ၃ဦးကိုထပ်မံ ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတာကြောင့် အခုဆိုရင် လူ ၇ဦးတိတိကို အစိုးရဘက်က စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာအစိုးရအပေါ် အီးယူခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးအရ ဖိအားပေး လုပ်ဆောင်လာရေးအတွက် ရည်ရွယ်ပြီး ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပနေတဲ့ The Berlin Conference on Myanmar Genocide - မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ဘာလင် ညီလာခံကို တုံ့ပြန်တဲ့ သတင်းစာရှင်းလင်းပွဲတခု ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
UEHRD ရဲ့ ရခိုင်အရေး သတင်းစာရှင်းလင်းပွဲ
NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်းနဲ့ သံသယရှိသူ ၃ ဦး တို့အမှုအတွက် ပြန်ခေါ်သက်သေ ၅ဦး ကို ဒီကနေ့စစ်ဆေးခဲ့ပါတယ်။
၂၀၁၆ အောက်တိုဘာတုန်းက ပြင်ဆင်လိုက်တဲ့ ငြိမ်းစုစီ လို့လူသိများတဲ့ ဥပဒေကို ထပ်မံပြင်ဆင်နိုင်ဖို့ အမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်းကော်မတီက ဒီကနေ့ တင်ပြခဲ့ပါတယ်။ အခု အဆိုပြုထားတဲ့မူကြမ်းအရ မူလတည်ဆဲ ဥပဒေထက် ပုဒ်မတခု ထပ်တိုး တင်ပြထားတဲ့အပြင် စီတန်းလှည့်လည် ဆန္ဒပြသူတွေ အနေနဲ့ ဆန္ဒပြပွဲ ကုန်ကျစရိတ်နဲ့ ကုန်ကျစရိတ်ခံသူကိုပါ တင်ပြရမယ်ဆိုတဲ့ အချက်ပါရှိလာပါတယ်။
မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကို ဖော်ထုတ်နိုင်ဖို့ ပြည်နယ် လွှတ်တော်က အတည်ပြုဖွဲ့စည်းထားတဲ့“မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့”အနေနဲ့ လွှတ်တော်ပြီး မှသာ မြေပြင် ကွင်းစစ် ဆေးမှုများစတင် လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦးကို ဒီကနေ့ မှာ ၄ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ တရားခွင်မှာ အစိုးရဘက်က တရားလိုပြ သက်သေတွေကို စစ်ဆေးတာမှာ အရင် သက်သေတွေကို စစ်ဆေးတုန်းကလိုဘဲ ကွဲလွဲချက်တွေ ရှိနေတယ်လို့ သတင်းသမားတွေရဲ့ အကျိုး ဆောင်ရှေ့နေက ပြောပါတယ်။
နှစ်ပေါင်း ၇၀ မျှော်လင့်ချက်မဲ့ဖြစ်ခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ အမျိုးသားညီညွတ်ရေးရဲ့အစ နိဒါန်းဖြစ်တယ်လို့ဆိုပြီး NCA မှာ လက်မှတ်ထိုးကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်တွန်းလိုက်ပါတယ်။
အင်းဒင်သတ်ဖြတ်မှုနဲ့ပတ်သတ်လို့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုအရ တပ်မတော်ဘက်က ၇ဦး ရဲတပ်ဖွဲ့ ဘက်က ၃ဦး တို့အပြင် ဒေသခံ ၆ဦး ကို ဥပဒေကြောင်းအရ အရေးယူဖို့ ဆောင်ရွက်လိုက်ပြီလို့ စုံစမ်းစစ်ဆေးမှု နောက်ဆုံးအခြေအနေကို သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။
ရိုက်တာသတင်းဌာနက မကြာသေးခင်က ထုတ်ဖော်လိုက်တဲ့ အင်းဒင်သတ်ဖြတ်မှုနဲ့ပတ်သတ်လို့တပ်မတော်ဘက်က တော့ ဒီသတင်းဟာမှန်ကန်မှုရှိမရှိမစုံစမ်းပြီးမှသာ ထုတ်ဖော်ပြောဆိုမယ်လို့ဆိုလိုက်ပါတယ်။
မူးယစ်ဆေးဝါးကို ကိုယ်တိုင်သုံးစွဲပြီး ပမာဏအ နည်းငယ် လက်ဝယ်တွေ့ရမှုနဲ့ နှစ်ရှည်ထောင်ကျသူ၊ ပြစ်မှုကျူးလွန်တယ်လို့ တိကျတဲ့ သက်သေမရှိဘဲ သံသယနဲ့ ထောင်ကျခံရသူ၊ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာသန်စွမ်းမှုမရှိတော့သူ၊ သတ်ရန်ရည်ရွယ်ချက်မရှိဘဲ မတရားခံရ တာကိုဝင်ကူရင်း အသက်သေဆုံးရလို့ ---
ဖမ်းဆီးခံထားရတဲ့ Reuters သတင်းသမား ၂ ဦးကို အာမခံမပေးဖို့ ဒီကနေ့မြောက်ပိုင်း ခရိုင်တရားရုံးကနေ ဆုံးဖြတ်လိုက်ပါတယ်။ ဖမ်းဆီး ခံထားရစဉ် အမှုနဲ့ပတ်သတ်ပြီး ခြိမ်းခြောက် ဝန်ခံခိုင်းတာတွေ ရှိခဲ့တယ်လို့ သတင်း ထောက်တွေက တရားရုံးမှာပြောဆိုခဲ့ပါတယ်။ မမေခ သတင်းပေးပို့ထားပါတယ်။
နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းသမား ၂ ဦးကို အာမခံမပေးဖို့ ဒီကနေ့မြောက်ပိုင်း ခရိုင်တရားရုံး ကနေ ဆုံးဖြတ်လိုက်ပါတယ်။
အရင်နှစ်တွေကထက်စာရင် အလုပ်အကိုင် အခွင့်အလမ်း ပိုများလာပေမယ့် အခြေခံ ထုတ်ကုန်အားနည်းတာ ငွေကြေး ဖောင်းပွလာတာ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေဟာ အခြေခံလူတန်းစားတွေအကြား အဓိကရင်ဆိုင်ရတဲ့ အကြီးမားဆုံးပြဿနာတွေ ဖြစ်ပါတယ်။ လူထုအကြား လက်ရှိ ရင်ဆိုင်နေရတဲ့ စီးပွားရေးအကျပ်အတည်းတွေအကြောင်း မမေခ တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဟာ ဒီကနေ့မှာတော့ မောင်တော ဒေသက ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအစီအစဉ်ဆောင်ရွက်နေ တာတွေအပြင်၊ ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကိုပါ သွားရောက်ကြည့်ရှုခဲ့ပါ တယ်။
နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦးကို ဒီကနေ့ပဲ တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့က တရားခွင်ကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခ က ပြောပြပေးမှာ ဖြစ်ပါတယ်။
နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦးကို ဒီကနေ့ပဲ တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ တရားခွင်မှာ တရားလိုဘက်ကို စစ်ဆေးရာမှာ ထွက်ဆိုချက်တွေဟာ ကွဲလွဲချက်တွေ ရှိနေတယ်လို့လည်း သတင်းသမားတွေရဲ့ အကျိုး ဆောင်ရှေ့နေက ပြောပါတယ်။
မြောက်ဦးမြို့မှာဖြစ်ခဲ့တဲ့ အဓိက ရုဏ်းဖြစ်စဉ်နဲ့ပတ်သတ်ပြီး ဟောပြောပွဲ ကို ဦးဆောင်ကျင်းပတဲ့ သူတွေကို နိုင်ငံတော်ပုန်ကန်မှုနဲ့တရားစွဲဆိုမယ်လို့ ရခိုင်ဝန်ကြီးချုပ်က ပြောဆို လိုက်ပါတယ်။ ဒီအပေါ်မှာ ရခိုင်ပြည်သူရပ်မိရပ်ဖ တွေဘက်က ဝေဖန်မှုတွေ မြင့်တက်နေပြီး အဓိက ရုဏ်းဖြစ်စဉ်နဲ့ ပတ် သတ်လို့ အစိုးရမဟုတ်တဲ့ သီးခြား လွတ် လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စုံစမ်းဖို့ ရပ်မိရပ်ဖတွေဘက်ကတောင်း ဆိုမှုတွေ လုပ်လာပါတယ်။
နောက်ထပ်ကြည့်ရှုရန်