မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးုတိုးတက်မှုဟာ အထည်ချုပ်လုပ်ငန်းတွေနဲ့ ပြည်ပပို့ကုန်တွေ အားကောင်းလာတဲ့အတွက် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဖွံဖြိုးမှုနှုန်း ၇ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ AMRO က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ခန့်မှန်းပါတယ်။
ရခိုင်ပဋိပက္ခဖြေရှင်းရေးဝိဝါဒ အမျိုးမျိုးကွဲနေကြတဲ့နေရာမှာ ရခိုင်ပြဿနာဟာ ကုလသမဂ္ဂ နဲ့နိုင်ငံတကာပါဝင်မှသာ ရလဒ်ကောင်း ထွက်နိုင်မလား၊ ပြည်တွင်းရေး ပြဿနာကစတာမို့ မြန်မာအစိုးရရဲ့ ကိုင်တွယ်မှုကသာအဖြေရနိုင်မလားဆိုတာကို ဗွီအိုအေ သတင်း ထောက် မေခက သုံးသပ်တင်ပြပေးထားပါတယ်။
လာဘ်စားမှုနဲ့ ရာထူးက ဖယ်ရှားခံထာရတဲ့ ရန်ကုန်တိုင်း ဥပဒေချုပ် နေရာမှာ အစားထိုး ခန့်အပ်ဖို့ ဒီကနေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းခဲ့ပါတယ်။ ခန့်အပ်ဖို့ တင်သွင်းခံရသူ အမျိုးသမီးဥပဒေချုပ် ဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အငြိမ်းစားညွှန်ကြားရေးမှုး ဖြစ်တယ်လို့ လွှတ်တော်မှာ တင် ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်နီးလာပါပြီ။ စုစုပေါင်း နေရာ ၁၃ ခုအတွက် နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပြီး အခုလို နီးလာနေချိန်မှာ ပြည်သူတွေကြား စိတ်ဝင်စားမှု နည်းပါးနေပေမယ့် နိုင်ငံရေးပါတီတွေကြားမှာတော့ အကြိတ်အနယ် ဖြစ်လာဖို့ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး လာဘ်ငွေရယူခဲ့တယ်ဆိုတာ စစ်ဆေးပေါ်ပေါက် ခဲ့လို့ အရေးယူခံထားရတဲ့ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် အဆင့်မြင့်ဥပဒေ အရာထမ်း တချို့ကို ဒီကနေ့မှာ နှစ်ရှည်ထောင်ချနိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူနိုင်ဖို့ တိုင်းတရားရုံးမှာ ဆွဲ ချက်တင်လိုက်ပါတယ်။
၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တဆင့်ပြီးတဆင့် ပြင်ဆင်သွားမှသာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အာမခံနိုင်မှာ ဖြစ်တဲ့ အကြောင်း ဒီကနေ့ ပြည်ထောင်စုလွှတ်တော် မှာပြောကြားတဲ့ နိုင်ငံတော်အခြေအနေ အရပ်ရပ်ရှင်းလင်းတဲ့ မိန့်ခွန်းမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောဆိုသွားပါတယ်။
မြန်မာကျပ်ငွေတန်ဖိုး ရက်ဆက်ကျဆင်းနေတာကို ထိန်းထားနိုင်အောင် ဗဟိုဘဏ်ကကြိုးစားခဲ့ပေမဲ့ ငွေလဲနှုန်းဟာဒီနေ့ မနက်ဈေးဖွင့်ချိန် တဒေါ်လာကို၁၅၆၀ကျပ် အထိရှိခဲ့ပြီးညနေပိုင်းမှာတော့ တဒေါ်လာကို ရောင်းဈေး ၁၅၈၀၀န်းကျင်အထိ ဆက်ကျသွားခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့အကျဉ်းထောင်ထဲကနေ မနေ့က ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေထဲက ၁၇ ယောက်ကို အရှင်ဖမ်းဆီးရမိပြီး၊ တဦးကိုတော့ အသေရမိတယ်လို့ ဘားအံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထွက်ပြေးခဲ့တဲ့ အရေအတွက် ၄၁ ယောက်ရှိပြီး အဲဒီအထဲမှာ အကျဉ်းကျနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဝင်အချို့နဲ့ လက်နက်မှု မူယစ်ဆေးဝါးမှုတွေနဲ့ ထောင်ချခံထားရတဲ့ အကျဉ်းသားတွေပါဝင်ပါတယ်။
ရိုက်တာသတင်းထောက်တွေကို ဖမ်းဆီးအရေးယူတာဟာ နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေ ချိုးဖေါက်တဲ့အတွက် အရေးယူတာသာဖြစ်ပြီး သတင်းထောက်တွေဖြစ်တဲ့အတွက် အဖမ်းခံရတာမဟုတ်တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲမှာ မှတ်ချက်ပေး ပြောဆိုသွားပါတယ်။
ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လေ့လာအကဲခတ်ဖို့ ကုလသမဂ္ဂ အေဂျင်စီက တာဝန်ရှိသူတွေရဲ့ ခရီးစဉ် ဒီကနေ့ပဲ စတင်လိုက်ပါပြီ။ ဘူးသီးတောင်နဲ့ မောင်တောက ကျေးရွာပေါင်း ၂၃ ရွာကျော်နဲ့ ကျေးရွာအုပ်စု ၃ ခုကို စတင် ကွင်းဆင်းလေ့လာ မှာဖြစ်ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေဘက်ကလည်း လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ဖို့ ပံ့ပိုးပေးထားတယ်လို့ ဆိုပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကို ထောင်ဒဏ် (၇) နှစ် ချလိုက်တာဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို နောက်ပြန်လှည့်သွားစေသလို၊ မြန်မာ့သတင်းလွတ်လပ်ခွင့် ရေချိန်အကျဘက်ကို ရောက်လာပြီလို့ ဝေဖန်နေကြပါတယ်။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခ တင်ဆက်ထားပါတယ်။
ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လ ျှို့ဝှက်အက် ဥပဒေနဲ့ ထောင် ၇နှစ်ချမှတ် လိုက်ပြီးနောက်မှာတော့ သတင်းထောက်တချို့နဲ့ သတင်း လွတ်လပ်ခွင့်ရရှိရေး လှုပ်ရှားသူတွေနဲ့အတူ နိုင်ငံတကာကပါ သူတို့ကို ပြန်လွှတ်ပေးဖို့ အစိုးရကို ဆန္ဒပြတောင်းဆိုတာတွေ ရန်ကုန်မြို့အပြင် တခြားဒေသတွေမှာပါ လုပ်လာတာတွေ ရှိနေပါတယ်။
နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်မှာ အပြစ်ရှိတယ်ဆိုပြီး ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၇ နှစ်ဆီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ နိုင်ငံတကာ သံတမန်တွေကတော့ ဒီလို ပြစ်ဒဏ်ချလိုက်တာဟာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ဟန့်တားတဲ့ လုပ်ရပ်ဖြစ်ပြီး မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေတဲ့ လုပ်ရပ်လို့ ပြောဆိုဝေဖန်ပါတယ်။
မြန်မာနိုင်ငံ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံတကာဖိအားပေးမှုတွေကြောင့် အရင်ထဲက ခက်ခဲမှုတွေနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေက အတော်ကြီးကို ရှုပ်ထွေးနေပြီး အမျိုးသားရင်ကြားစေ့ရေး ပျက်ဆီးစေနိုင်တဲ့ အနေအထားပါရောက်နေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခ တင်ဆက်ထားပါတယ်။
မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ အရေးယူရေး တကိုယ်တော်ဆန္ဒပြတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပျက်လှုပ်ရှားမှု အင်အားစုကော်မတီအဖွဲ့ MDCF အဖွဲ့ခေါင်းဆောင် ဦးထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားပါတယ်။
ပဲခူးတိုင်း၊တောင်ငူခရိုင်ဆွာချောင်းရေလှောင်တမံရေလျံပြီးရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်၁၆၀ကျော်လောက်မှာရေကျော်မှုတွေရှိခဲ့သလိုလူ၅သောင်းကျော်ရေဘေးသင့်နေတဲ့အကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။
နိူင်ငံတော် လ ျှို့ဝှက် အက်ဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ရိုက်တာသတင်းဌာန သတင်းထောက် တွေရဲ့ အမှု အပြီးသတ်စီရင်ချက် ချဖို့ တရားရုံးက ဒီနေ ကြေညာထားပေမဲ့ တရားသူကြီး မကျန်းမာတဲ့အတွက်ဆိုပြီး စက်တင်လာလ (၃) ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
ရခိုင် ပြည်နယ်နဲ့ပတ်သက်တဲ့ လုံခြုံမှုဆိုင်ရာ အရေးကြီးလုံခြုံရေးစာရွက်စာတမ်း အထောက်အထားများ လက်ဝယ် တွေ့ရှိ တယ်လို့ဆိုပြီး အရင်နှစ် ဒီဇင်ဘာလထဲက ဖမ်းဆီး စစ်ဆေးခဲ့တဲ့ ရိုက်တာ သတင်းထောက်၂ ယောက်အမှုကို လာမယ့် ၂၇ ရက်နေ့မှာ အပြီးသတ် စီရင်ချက် ချမှာဖြစ်ပါတယ်။
နိုင်ငံတော် လ ျှို့ဝှက် အက်ဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ရိုက်တာသတင်းဌာနသတင်းထောက် တွေရဲ့ အမှုမှာ အပြစ်ရှိမရှိဆိုတာကို လာမယ့် သြဂုတ်လ ၂၇ ရက်နေ့မှာ အပြီးသတ် စီရင်ချက်ချတော့မှာပါ။ ရိုက်တာသတင်းထောက်တွေရဲ့ ရှေ့နေတွေကတော့ သူတို့ကို တရားရှင်လွှတ်ပေးဖို့ ဒီကနေ့ တရားခွင်မှာ လျှောက်လွဲှချက်ပေးကြသလို၊ တရားလိုရှေ့နေတွေကတော့ သတင်းသမားနှစ်ဦးကို အရေးယူအပြစ်ပေးဖို့ လျှောက်လွဲသွားကြပါတယ်။
ငြိမ်းချမ်းရေး တရားဥပဒေ စိုးမိုးရေးကို ဦးတည်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံတွေ ဒီကနေ့ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာမှာ တွေ့ဆုံဆွေးနွေးပါတယ်။ ဒီလို ဆွေးနွေးပွဲတွေ နိုင်ငံအတွင်းက နေရာတချို့မှာ ကျင်းပလာခဲ့တာ ဆယ်ကြိမ်နီးပါး ရှိပြီဖြစ်ပြီး ဆွေးနွေးပွဲတွေရဲ့ ထိရောက်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သက်ရောက်မှုအပေါ်မှာတော့ သဘောထားအမြင်အမျိုးမျိုး ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်