တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုတရားခွင်ဟာ ဒီကနေ့ သောကြာနေ့မှာ အကြိမ် ၁၀၀ တိတိ ပြည့်ပြီး တဲ့နောက်မှာတော့ စွပ်စွဲခံရသူတွေဘက်က တင်ပြထားတဲ့ သက်သေ သုံးဦးကိုပဲ စစ်ဆေးဖို့ ကျန်ပါတော့တယ်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ် ပြန်စနိုင်ဖို့ ဘင်္ဂလားဒေရှ်နိုင်ငံဘက်ကို အကြောင်းကြားထားပေမယ့် ခုချိန်ထိအကြောင်းမပြန်သေးဘူးလို့ မြန်မာအစိုးရဘက်ကဆိုပါတယ်။
ရက္ခိုင့်တပ်မတော် AA ဟာ ARSA အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရက တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သလို ရက္ခိုင့်တပ်မတော် AA ကို ထောက်ခံနေတာတွေ ရပ်တန်းကရပ်ဖို့ပါ ပြောကြားခဲ့ပါတယ်။
ရခိုင်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှု ခံရပြီးတဲ့နောက်၊ ရခိုင်ပြည်နယ်ရဲ့ အခြေအနေအပါအဝင် နိုင်ငံရဲ့ လုံခြုံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်လို့ သမ္မတ? အစိုးရအကြီးအကဲတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ စစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးစီးကျင်းပတဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုံး အကြိမ် သဝဏ်လွှာပေးပို့ခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ကော့သောင်းခရိုင်အတွင်း အပူပိုင်းမုန်တိုင်း “ပါဘက်”(Pabuk) ဝင်ရောက် တိုက်ခတ်နိုင်ခြေရှိတဲ့အတွက် မုန်တိုင်းအန္တရာယ် သတိပေးချက်ထုတ်ပြန်ထားပါတယ်။
အထက်မြန်မာပြည်က ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းတက်ရင်း တွေ့ကြုံခဲ့ရတာတွေအပေါ် “ဇီးပင်ကြီး စစ်တမ်း” ဆိုပြီး ဖေ့စ်ဘုတ်ပေါ်မှာ ဝေဖန်ရေးသားခဲ့တဲ့ ဒေါက်တာစိုးသူရဇော်ကို အရေးယူမှာ မဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီးက ပြော လိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က ဌာနတခုဖြစ်တဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်ကို ပြောင်းရွှေ့သွားမယ်လို့ သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူကပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက် ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဒုက္ခသည် ၂ သောင်းကျော်စာရင်းကို ဘင်္ဂလားဒေ့ရ်ှဖက်က မြန်မာနိုင်ငံကို ပေးပို့ထားပြီး မြန်မာနိုင်ငံဖက်က ဒါကို စီစစ်နေပါတယ်။
ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ အစိုးရစစ်တပ်က ဆိုးဝါးတဲ့လူ့အခွင့်ချိုးဖောက်မှုတွေကျူးလွန်ခဲ့တယ်လို့ ဥရောပကောင်စီက ဆုံးဖြတ်ပြီး တာဝန်ရှိတဲ့ စစ်တပ်ဘက် ထိပ်ပိုင်းအရာရှိကြီးတွေအပေါ် နောက်ထပ်ကန့်သတ်အရေးယူမှုတွေလုပ်မယ်လို့ ဒီကနေ့ကြေညာချက်ထုတ်ခဲ့ပါတယ်။
သာသနာရေးဝန်ကြီး သူရဦးအောင်ကို ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ပြောဆိုခဲ့တာတွေနဲ့ ပတ်သက် လို့ နိုင်ငံအကြီးအကဲတွေဘက်က ခေါ်ယူတွေ့ဆုံထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သာသနာရေးဝန်ကြီး သူရဦးအောင်ကို ပြောဆိုခဲ့တာတွေနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခေါ်ယူသတိပေးတဲ့ကိစ္စ မြန်မာနိုင်ငံခြားရေးဌာနကို တရားဝင် အကြောင်းကြားမှုမရှိဘဲ အစီရင်ခံစာကို စောင့်နေတယ်လို့ နိုင်ငံခြားရေးဌာန အဆင့်မြင့်တာဝန်ရှိသူတဦးက ပြောပါ တယ်။
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး သာသနာရေးဝန်ကြီးရဲ့ ပြောဆိုချက်ဟာ ဒုက္ခသည်တွေကို ပြန်မခေါ်ချင်တဲ့အတွက် ပြောတယ်လို့ ယူဆတဲ့အကြောင်း ဒုက္ခသည်တဦးက တုံ့ပြန်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ဒီထက် ပိုမိုပါဝင်လာနိုင်ဖို့ အခွင့်အလမ်းတွေ ပေးသင့်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်တဲ့ Carter Center က ထောက်ပြလိုက်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တကယ့်ပြဿနာအရင်းခံကို ဖြေရှင်းနိုင်တဲ့ အခြေအနေရှိမရှိဆိုတာ မေးခွန်းထုတ်စရာတွေ ရှိနေတယ်လို့ WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက ပြောဆိုလိုက်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့လည်း ထောက်ပြကြပါတယ်။ မမေခက သတင်းပေးပို့ထားပါတယ်။
ရန်ကုန်တိုင်း ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ပြင်သစ် နိုင်ငံကနေ ငွေချေးမယ့် အစီအစဉ်အပေါ် ကန့်ကွက်မှုတွေ ကြုံနေရတာနဲ့ ပတ်သက်လို့ လွှတ်တော် တာဝန်ရှိသူတွေနဲ့ ရန်ကုန်တိုင်းအစိုးရတို့ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို နောက်နှစ်ဆန်းလောက် မှ ပြန်လည်စတင်နိုင်ခြေ ရှိတဲ့သဘောမျိုးု မြန်မာနိုင်ငံခြားရေးဌာန အဆင့်မြင့် တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။
တောင်ကြီး မြို့လည် လူစည်ကားရာ နေရာမှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်း တွေ့ရှိခဲ့တာမို့ တပ်မတော်က ရှင်းလင်းခဲ့ရတယ်လို့ အာဏာပိုင်တွေနဲ့ ဒေသခံတွေကအတည်ပြုပြောဆိုကြပါတယ်။
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုး ကို NLD ပါတီစည်းမျဉ်း စည်းကမ်း ချိုးဖောက်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရလို့ ခေါ်ယူသတိပေး လိုက်တယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ကပြောပါတယ်။
အာဆီယံဒေသက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ စင်္ကာပူနိုင်ငံမှာ တနင်္လာနေ့ကကျင်းပတဲ့ အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး မှာ ပြောတဲ့မိန့်ခွန်းထဲမှာ အဲဒီလို တိုက်တွန်းပြောဆိုသွားတာပါ။
နောက်ထပ်ကြည့်ရှုရန်