သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစိုးရအဖွဲ့လက်အောက် ပြောင်းရွှေ့မည်


အထွေထွေအုပ်ချုပ်မှု ဦးစီးဌာန (ဓာတ်ပုံ-ထွေအုပ်ဖဘ)
အထွေထွေအုပ်ချုပ်မှု ဦးစီးဌာန (ဓာတ်ပုံ-ထွေအုပ်ဖဘ)

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က ဌာနတခုဖြစ်တဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်ကို ပြောင်းရွှေ့သွားမယ်လို့ သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူက ပြော ပါတယ်။ ဒီလို ရွှေ့ပြောင်းမယ်ဆိုတာဟာ လမ်းကြောင်းမှန်ပေါ်ကို ရှေးရှုတာလို့ အုပ်ချုပ်ရေးပိုင်း ပြုပြင် ပြောင်းလဲရေးနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတဦးက သုံးသပ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ထွေအုပ်လို့ အတိုခေါ်ကြတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ပြည်သူတွေအတွက် ဝန်ဆောင်မှုပိုင်း၊ လုံခြုံရေးပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်းတွေကို အစိုးရကိုယ်စား အကောင်အထည်ဖော်လုပ်ဆောင်ရတဲ့ ဌာနဖြစ်ပြီး ပြည်သူနဲ့အနီးကပ်ဆုံးတွေ့ဆုံရတဲ့ ဌာနလည်းဖြစ်ပါတယ်။

ဒီဌာနကို ပြည်ထဲရေးအောက်ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက် ဘာ့ကြောင့် ပြောင်းရွှေ့တယ်ဆိုတာက ို သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလိုပြောပါတယ်။

“ဘာကြောင့်ပြောင်းရလဲဆိုရင် ပြီးခဲ့တဲ့ ဧပြီက သမ္မတကြီးမိန့်ခွန်းထဲမှာပါပါတယ်။ ပြည်ထောင်စုအစိုးရ ရှေ့ ဆက်မယ့် ပြုပြင်ပြောင်းလဲရေးကို အချုပ်အခြာအာဏာပိုင်တဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူနဲ့ နီးစပ်တဲ့ အောက်ခြေက စမယ်လို့ ပြောထားတာရှိပါတယ်။ ပြောတာတွေက ဒါတွေလုပ်ဖို့ ရည်ရွယ်လို့ ပြောဆိုခဲ့တာပါ။ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၂၇ (က) မှာဘာပါလဲဆိုတော့ ဖော်ပြထားတဲ့ ပြည်ထောင်စု အစိုးရက ပြည်ထောင်စုဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းတွေကို ဖွဲ့စည်းနိုင်တာပါတယ်။ ဒီမူအတိုင်းပဲ လုပ်ငန်း တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိရမယ်လို့ဖော်ပြထားတဲ့ ဥပဒေဖော်ပြချက်အတိုင်း ဒါကို ပြန်သုံးသပ်ပြီး ပြည်ထောင်စု အစိုးရရုံးအောက်ရွှေ့လိုက်တာဖြစ်ပါတယ်။ သမ္မတကနေပြီးတော့ တိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်ကျေးအထိ အုပ်ချုပ်ရေး ယန္တရားသက်ရောက်လာမှာဖြစ်ပါတယ်။”

ပြုပြင်ပြောင်းလဲရေးနဲ့ အုပ်ချုပ်ရေးပိုင်းယန္တရားတွေ ဒီထပ်ပိုခိုင်မာစေဖို့ နဲ့ ပြည်သူဗဟိုပြု ဒီမိုကရေစီ နိုင်ငံ ထူထောင်နိုင်ဖို့ ပြည်သူနဲ့အနီးကပ်ဆုံးတွေ့ဆုံရတဲ့ ဒီဌာနကို အရပ်သား အစိုးရလက်အောက် ထားနိုင်ဖို့ သမ္မတ ဦးသိန်းစိန်လက်ထက်ကတည်းက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက တောင်းဆိုမှုတွေလုပ်ခဲ့တာပါ။ ဒီလို ပြောင်းရွှေ့လိုက်တာနဲ့ပတ်သတ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်းက ဒါဟာ ပြည်သူဗဟိုပြု ဒီမိုကရေစီ နိုင်ငံထူထောင်နိုင်ဖို့ ပထမဆုံး ခြေလှမ်းတခုဖြစ်တယ်လို့ ဆိုလိုက်ပြီး ဒီအပြောင်းအလဲကို ကြိုဆိုပါတယ်။

“ပြည်ထောင်စုအစိုးရအောက်မှာ ထွေအုပ်ကိုထားတာက အဲအောက်မှာ ပြည်နယ်နဲ့တိုင်းတွေ ချိတ်ဆက်မယ်။ အခုက အဲဒါ ပိုခိုင်မာအောင်လုပ်တဲ့သဘောပေါ့။ နောက် မြန်မာနိုင်ငံဖွံ့ဖြိုးရေးပေါ်အခြေခံတဲ့ ဘတ်ဂျက် ရေးဖို့လည်း ပြောထားတယ်။ စီမံချက်တွေပီပြင်ဖို့လည်း ညွှန်ကြားချက်ရှိတယ်။ အဲဒီခါမှာပေါင်းစပ်ညှိနှိုင်းရေး လုပ်နိုင်ဖို့လိုတယ်။ ထွေအုပ်တွေက အရင်ကတည်းက ဒီအလုပ် လုပ်လာသူတွေ ရေရှည်ဖွံ့ဖြိုးဖို့ဆိုရင် အစိုးရရဲ့ တိုက်ရိုက်အောက်မှာမှ ပိုလုပ်နိုင်မယ်လို့မျှော်လင့်ရတယ်။ ဒါပေမယ့် တဖက်မှာက စွမ်းဆောင်ရည်ပိုင်း လုပ်ရည် ကိုင်ရည်ပိုင်း လိုနေသေးတယ်။ ထင်သလောက်ခရီးပေါက်ဖို့ မမျှော်လင့်ပေမယ့် ဒါက လမ်းကြောင်း မှန်ပေါ်ကို ရှေးရှုတာဖြစ်တယ်။”

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက် အောက် ကို ပြောင်းရွှေမယ်လို့ ထုတ်ပြန်လိုက်ပေမယ့် ဘယ် အချိန်မှာ အပြီးသတ်ပြောင်းရွှေ့မလဲ အရင်လိုတာဝန်တွေပဲ ဆက်လက်ထမ်းဆောင်စေမှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဦးဇော်ဌေးကတော့ အမြန်ဆုံးပြောင်းရွှေ့သွားဖို့ လုပ်ဆောင်ထားတယ် လို့သာ ဖြေကြားခဲ့ပြီး အသေးစိတ်ဖြေကြားတာမရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG