ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ သိန်းချီ ဒုက္ခသည်တွေထဲက ဒုက္ခသည် ၂,၀၀၀ ကို ပထမဆုံး အသုတ်အနေနဲ့ မြန်မာနိုင်ငံဘက်ကို ရှေ့လာမယ့်သီတင်းပတ်ထဲမှာ တနေ့ကို လူဦးရေ ၁၅၀နီးပါးလက်ခံနိုင်ဖို့ ပြင်ဆင် ထားပြီး ၁၀ရက်ကျော်ကြာလက်ခံ နိုင်ဖို့ စီစဉ်ထားတယ်လို့ မြန်မာ အစိုးရကပြောပါတယ်။
ELEVEN ဂျာနယ်သတင်းသမားသုံးဦးအပေါ် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့ အမှုကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရုပ်သိမ်းလွှာတင်လိုက်ပါတယ်။
ELEVEN ဂျာနယ်သတင်းသမားသုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ) နဲ့ တရားစွဲဆိုထားမှုကို အစိုးရမှ တရားစွဲဆိုထားမှုကို ရုပ်သိမ်းရန်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲ ရလဒ် တွက်ချက်တွေ အချိန်နဲ့ တပြေးညီ ထုတ်လွှင့်ခဲ့တာကို ရန်ကုန် အမေရိကန်စင်တာမှာ ပြတဲ့အတွက် မြန်မာလူငယ်တွေ စိတ်ဝင်တစား လာရောက်စောင့်ကြည့်လေ့လာ ခဲ့ကြပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့က ကျင်းပခဲ့တဲ့အမေရိကန်ရွေးကောက်ပွဲရလဒ်တွေကိုအချိန်နဲ့တပြေးညီထုတ်လွှင့်ခဲ့တာကို ရန်ကုန်အမေရိကန်စင်တာမှာ ပြတဲ့အတွက် မြန်မာလူငယ်တွေ စိတ်ဝင်တစား လာပြီးလေ့လာခဲ့ကြပါတယ်။ ဒီပွဲကိုတက်ရောက်ခဲ့တဲ့ မြန်မာလူငယ်တွေရဲ့အမြင်တွေကို ဗွီအိုအေ သတင်းထောက် မမေခ မေးမြန်း သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးခဲ့ပါပြီ။ ပြည်နယ်မဲရုံတွေမှာ မဲပေးသူအရေအတွက်ဟာ သိသိ သာသာ လျော့နည်းလာနေသလို ရွေးကောက်ပွဲကော်မရှင်ဘက်က ပူးပေါင်းဆောင်ရွက်မှုက အရင် ကထက် အားနည်းလာတာတွေရှိတယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်သွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ဘယ်လိုပဲရှိရှိ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ အညီ အောင်မြင်အောင် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးက VOA ကို ပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရ ပထမဆုံးဝင်ရောက်ညှိုနှိုင်းခဲ့တဲ့ ဖုယွင်အလုပ်သမားသပိတ်ဟာ ဒီကနေ့မှာ အပြီးသတ်ပြေလည်မှုရသွားပြီဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းနေချိန်မှာ အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာတွေ ခပ်စိတ်စိပ်ဖြစ်ပေါ်လာတာက စီးပွားရေးတိုးတက်မှုကို နှောင့်ယှက်ဖြစ်လာမလားဆိုတဲ့ စိုးရိပ်မှုတွေ ရှိပါတယ်။
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်း စက်မှုဇုံက ဖုယွင် အထည်ချုပ် စက်ရုံမှာ အလုပ် ထုတ်ခံထားရတဲ့ အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်ဖို့ စက်ရုံဘက်က သဘောတူလိုက်တာကြောင့် သတင်းပတ်နဲ့ချီ ကြာမြင့်ခဲ့တဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပြည်သူတွေကြားမှာ စိတ်ဝင်စားမှု နည်းပေမဲ့လည်း နိုင်ငံရေးပါတီတွေကတော့ အကြိတ်အနယ် မဲဆွယ်စည်းရုံးနေကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အကြည်ညိုပျက်အောင် ရေးသားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲု့ ဖမ်းဆီး အရေးယူ ခံထားရတဲ့ Eleven Media က သတင်းထောက်သုံးဦးကို ဒီနေ့ တာမွေမြို့နယ်တရားရုံးက အာမခံပေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကို အကြည်ညိုပျက်အောင် ရေးသားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲု့ ဖမ်းဆီး အရေးယူခံထားရတဲ့ Eleven Media က သတင်းထောက်သုံးဦးကို ဒီနေ့ တာမွေမြို့နယ် တရားရုံးက အာမခံ ပေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။
Eleven Media သတင်းထောက်သုံးဦး ဖမ်းဆီးအရေးယူ ထားတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရ နဲ့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ တို့ တွေ့ဆုံခဲ့ရာမှာ သတင်းမီဒီယာကောင်စီဘက်က အမှုအရင်ရုပ်သိမ်းဖို့ ပြောဆို ထားပေမယ့် တိုင်းအစိုးရဘက်က ခုချိန်အထိ တစုံတရာ တိတိကျကျ အကြောင်းပြန်တာ မရှိသေးပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်သွားတဲ့ ဒုက္ခသည်တွေထဲက ရှစ်ထောင်ကို မကြာခင် မြန်မာနိုင်ငံပြန်ပို့တော့မယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုပေမယ့် မြန်မာနိုင်ငံဘက်က တကယ်တမ်း စီစစ်ပြီးသား အရေအတွက်နဲ့ ကွဲလွဲနေတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရငွေကြေးသုံးစွဲမှုတွေနဲ့ပတ်သက်တဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာထွက်လာပြီးနောက်၊ အစိုးရလုပ်ဆောင်မှုတွေကို ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်နေပါတယ်။ ဒီလို အစိုးရနဲ့ လွှတ်တော်အကြား တင်းမာမှုတွေနဲ့ ဝေဖန်သံတွေ ဘယ်လို အခြေအနေရှိနေပါသလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခ တင်ပြထားပါတယ်။
ဒုက္ခသည် ပြန်ပို့ရေးနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အတိအကျ လူဦးရေးစရင်း၊ အချက်အလက်နဲ့ ပေးပို့တာ မရှိသေးတဲ့အကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးက VOA ကို ပြောပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူများက အကြည်ညိုပျက်ပြီး အယုံ အကြည် မဲ့စေတယ်ဆိုပြီးEleven Media Group ကအယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက်ချုပ်တို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပုဒ်မ ၅၀၅ (ခ) နဲ့တရားစွဲဆို လိုက်ပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူတွေ အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့အောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Eleven Media Group အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက်ချုပ်တို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပုဒ်မ ၅၀၅(ခ)နဲ့တရားစွဲဆိုလိုက်ပါတယ်။ ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ မေခက တင်ပြပေးပါမယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ Eleven မီဒီယာက အယ်ဒီတာချုပ်အပါအဝင် သတင်းသမား၃ဦးကို ဖမ်းဆီးဖို့ အာဏာ ပိုင်တွေက မနေ့ကညပိုင်းမှာ ရန်ကုန်မြို့က Eleven မီဒီယာရုံးကို လာပြီးရှာဖွေခဲ့ကြတယ်လို့ Eleven မီဒီယာရဲ့တာဝန်ရှိသူ တွေကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်