ဥပဒေပုဒ်မပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဥပဒေကြမ်းပါ တချို့အချက်တွေကို ကန့်ကွက်မှုတွေရှိခဲ့ပြီး လွှတ်တော်မှာ အချေအတင်ဆွေးနွေးခဲ့ရတာပါ။ ဒီဥပဒေက ကလေးသူငယ်တွေအပေါ် တကယ်ဘဲကာကွယ်ပေးနိုင်မလား။ သတင်းထောက်မှတ်စုမှာ မမေခက တင်ပြထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်ပူးပေါင်းကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ ဒီကနေ့လွှတ်တော်အတွင်း အပြင်းအထန်ဆွေးနွေးခဲ့ကြပြီး၊ အတိုက်အခံပါတီတွေဖက်ကတော့ ဒီပူးပေါင်းကော်မတီလုပ်ဆောင်မှုဟာ ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေနဲ့မညီဘူးလို့ ကန့်ကွက်ခဲ့ကြပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတင်သွင်းတဲ့ အစီရင်ခံစာအပေါ် စတင်ဆွေးနွေးရာမှာ ကန့်ကွက်မှုတွေရော၊ ထောက်ခံမှုတွေပါ ရှိခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၂၀ လောက် ဆွေးနွေးခဲ့ကြပေမဲ့ ပါဝင်ဆွေးနွေးဖို့ အမည်စာရင်း တင်သွင်းထားတာကို ရုပ်သိမ်းထားတဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေတော့ မပါဝင်ခဲ့ပါဘူး။
လူ့အခွင့်အရေး ကော်မရှင်ကို လူ့အခွင့်အရေး လှုပ်ရှားသူတွေ လူ့အခွင့်အရေး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းဖို့ အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းဖို့ MNHRC Reform Working Group ကနေ တောင်းဆို လိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးစောင့်ကြပ်မှုတွေ တိုးတက်လာဖို့အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြုပြင်ဖို့ လိုအပ်နေသလို၊ ကော်မရှင်ဥပဒေ ကိုလည်း ပြန်လည် သုံးသပ်ပြင်ဆင်ဖို့ လိုနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေရော လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ ပြောနေပါတယ်။
NLD အစိုးရတာဝန်ပြီးဆုံးခါနီး ပြန်လည်အသက်ဝင်လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ကို ပူးပေါင်းကော်မတီဝင် တပ်မတော်သားကိုယ်စားလှယ်တွေက သဘောမတူကြောင်း ပြောထားလို့ ဒီပြင်ဆင်ရေးလုပ်ဆောင်မှုက ထင်သလောက် လွယ်ကူနိုင်ပါ့မလား။ သတင်းထောက်မှတ်စုမှာ မမေခက တင်ပြထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ Christine Schraner Burgener နဲ့အဖွဲ့ဟာ စစ်တွေမြို့မှာ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ရဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး၊ ရခိုင်ဒေသကို နှစ်ရက်ကြာသွားရောက်မှာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နဲ့ အစိုးအဖွဲ့ဝန်ကြီးတွေဟာ လက်ရှိရာထူးကနှုတ်ထွက်စရာမလိုဘဲရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်၊ စည်းရုံးခွင့်ရှိ တယ်လို့ ကော်မရှင်ကပြောဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အစိုးရရဲ့ မိုးတွင်းကာလ သုံးလ ကျောက်စိမ်းတူးဖော်ခွင့် တားမြစ်ချက်ဟာ ဒီကနေ့ကစပြီး အသက် ဝင်ပြီဖြစ်ပါတယ်။ ဒီကန့်သတ်ချက်ဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု သက်သာအောင်နဲ့ နွံကန်မကြာခဏပြိုကျမှုတွေ မဖြစ်အောင်ဆိုပြီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ A-H1N1 pdm 09 အမျိုးအစား တုပ်ကွေးရောဂါကြောင့် လူ ကိုး ဦးအထိ သေဆုံးခဲ့ပြီး ရောဂါကူးစက်ခံရသူ ၃၅ ယောက်ထက် မနည်း ရှိနေတဲ့အတွက် ကာကွယ်ရေးနဲ့ ကုသမှုပေးဖို့ ကြိုးစားနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်မှာကျင်းပဖို့ စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲကို မြို့နယ်တိုင်းမှာ ကျင်းပနိုင်အောင် လုပ်သွားမှာဖြစ်ပြီးတော့ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်အောင် လုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
မန်မာနိုင်ငံမှာ မီးပျက်တဲ့ပြဿနာ ဖြေရှင်းနိုင်ဖို့ ခုချိန်ထိခက်ခဲနေတာကြောင့် ဒီအခက်အခဲက ပြည်သူတဦးချင်းဆီရဲ့ နေ့စဉ်လူနေမှုဘဝကနေအစပြုလို့ နိုင်ငံဖွံ့ဖြိုးမှုအထိပါ အကျိူးသက်ရောက်နေပါတယ်။ ဒီအကြောင်း သတင်းထောက်မှတ်စုကနေ မမေခက တင်ပြပေး သွားမှာပါ။
ရန်ကုန်တိုင်းအတွင်းမှာ A- H1N1 အမျိုးအစား တုပ်ကွေးရောဂါပိုးနဲ့ သေဆုံးသူ လေးဦးရှိနေပြီး၊ ဒီရောဂါပိုးတွေ တွေ့ရှိထားသူတွေနဲ့ ရောဂါပိုးရှိတယ်လို့ သံသယနဲ့စောင့်ကြည့်ထားရတဲ့ လူနာတွေလည်း ရှိနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
ကျေးရွာသား ၆ ဦး သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်ကျောက်တန်းရွာ ပစ်ခတ်မှုနဲ့ပတ်သက်လို့ လုံခြုံရေးတာဝန်ရှိသူတွေဖက်က လူအခွင့်အရေးချိုးဖောက်မှုတစုံတရာ မတွေ့ရဘူးလို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်း မူကြမ်းတခု ကောက်ယူပြုစုဖို့ ပြင်ဆင်ဆောင်ရွက် နေပါတယ်။
ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာသားတွေကို တပ်မတော်ဘက်က ဖမ်းဆီး စစ်ဆေးနေချိန်အတွင်း ပစ်ခတ်မှုဖြစ်ပြီး ရွာသား ၇ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ် ကွင်းဆင်း စုံစမ်းခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်က သူတို့တွေ့ရှိချက်တွေကို အစီရင်ခံစာရေးပြီး သက်ဆိုင်ရာ အစိုးရဌာနတွေကို ပို့လိုက်ပြီလို့ ပြောပါတယ်။
ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးတိုက်ခိုက်မှုတွေ၊ သွေးခွဲလှုံ့ဆော် ပြောဆိုရေးသားတာတွေ မကြာခဏတွေ့ရပါတယ်။ မတူကွဲပြားမှုတွေကို နားလည်လက်ခံပြီး သဟဇာတဖြစ်တဲ့ လူ့ဘောင်အဖွဲ့အစည်းမျိုးရဖို့ ဘာလုပ်နိုင်မလဲ။ သတင်းထောက်မှတ်စုမှာ ကိုထက်အောင်ခန့်က တင်ပြထားပါတယ်။
"အစိုးရဘက် ပိုင်းကကြိုးစားနေတာက AA အပါအဝင် မြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုး နိုင်ဖို့လုပ်နေတယ်။ နိုင်ငံရေးအခွင့်အရေးနဲ့ နိုင်ငံရေးစားပွဲဝိုင်းရောက်ဖို့လုပ်နေတယ်။ ဒီလမ်းကြောင်းကို တိုက်တွန်းချင်တယ်။ တိုင်းရင်းသားခွင့်ရေး၊ ပြည်နယ်ခွင့်ရေးရဖို့ ဆိုရင် နိုင်ငံရေးစားပွဲဝိုင်းလာပါ။ "
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက မူဆလင် ၁၀ ယောက်ကို သတ်ဖြတ်ခဲ့မှုနဲ့ ဆက်နွယ်ပြီး ထောင်ဒဏ်ကျခံနေရသူတွေထဲက ရဲဝန်ထမ်းတဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း မြန်မာအစိုးရက ဒီနေ့ပဲ အတည်ပြု ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်