အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံရာမှာ ၂၀၂၀ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ရာနဲ့ချီတဲ့ ဒေသခံ ရွာသားတွေဟာ တိုက်ပွဲလွတ်ရာကျေးရွာတွေကို တိမ်းရှောင်နေကြရပြီး သူတို့ကို အနီးအနားရွာတွေက စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေကြပါတယ်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်ဟောင်း ၅ဦးအပါအဝင် စစ်ဘက်တာဝန်ရှိသူ ၆ဦး ပေါင်း ၁၁ဦးကို ဒီနေ့ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ် ၂နှစ်စီ ချမှတ်လိုက်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကုန်းဆာရွာအနီးမှာ အစိုးရတပ်မတော်နဲ့ TNLA တအန်း(ပလောင်)တပ်ဖွဲ့အကြား ဒီကနေ့ မနက် အစောပိုင်းက စတင်ပြီး တိုက်ပွဲဖြစ်ပွားရာမှာ မွန်းလွဲပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
အစိုးရနဲ့ တရုတ်မြန်မာနယ်စပ်အခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြားမှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင်ရဒေသမှာ တပ်မတော်နဲ့ TNLA တအန်း (ပလောင်) အဖွဲ့အကြားမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပါတယ်။
မြန်မာအစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ဖွဲ့ ဆွေးနွေးဖို့ သဘောတူညီမှု ရရှိထားပေမဲ့ တွေ့ဆုံမယ့်နေရာ မရွေးချယ်နိုင်သေးတဲ့ အတွက် ရက်အတိအကျ မသတ်မှတ်နိုင်သေးပဲ ဖြစ်နေပါတယ်။
စစ်တိုင်း ၅ခုမှာ တပ်မတော်က ၄ လတာ တဘက်သတ် အပစ်ရပ်ဖို့ ကြေညာထားပေမဲ့ တိုက်ပွဲပေါင်း အကြိမ် ၅၀ကျော် ဖြစ်ပွားခဲ့သလို အပစ်ရပ်ရေး အစီအစဉ်မှာ မပါဝင်တဲ့ ရခိုင်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ၂ လအတွင်း ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AAနဲ့ တိုက်ပွဲပေါင်း ၁၂၀ ကျော် ဖြစ်ခဲ့ကြောင်း တပ်မတော်က ပြောဆိုလိုက်ပါတယ်။
NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန နဲ့ အပစ်ရပ်စာချုပ် NCAကို လက်မှတ်မရေးထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးအတွင်း နှစ်ဖက်အကြား တိုက်ပွဲတွေလျော့ချဖို့အပါအဝင် သဘောတူညီချက်အချို့ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ကိုမိုးဇော် သတင်းပေးပို့ထားပါတယ်။
မြန်မာ ဘင်္ဂလားဒေရ်ှနယ်စပ်မျဉ်းပေါ်က ထောင်ဂဏန်းရှိတဲ့ ဒုက္ခသည်တွေဟာ မြစ်ချောင်းဘေး ရွက်ဖျက်တဲတွေ ထိုးနေကြတာကြောင့် မိုးတွင်းမှာ အခက်အခဲတွေဖြစ် လာနိုင်တယ်လို့ အဲဒီကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့တဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။
အဲဒီ ၂၁ ရာစုပင်လုံညီလာခံနဲ့ ပတ်သက်လို့ ကျနော်တို့ နဂိုကတည်းက ပြောထားတဲ့အတိုင်းပဲ ဆက်ပြီး ဆောင်ရွက်သွားဖို့ရှိတယ်။ တရားဝင်အနေနဲ့ FPNCC ကိုဖိတ်လာမယ်ဆိုရင် တက်မယ်။ တကွဲတပြားဆိုရင်တော့ မတက်ဘူး။ ဆွေးနွေးပိုင်ခွင့်မရှိရင်လည်း မတက်တော့ဘူး။ အဲဒါ ရုပ်ပြဖြစ်သွားမှာပေါ့။
လစ်လပ်သွားတဲ့ သမ္မတ နေရာအတွက် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ဒုတိယသမ္မတ တဦးရွေးချယ်ရာမှာ အများခန့်မှန်းထားတဲ့အတိုင်း ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့သူ ဦးဝင်းမြင့်ကို ရွေးချယ်လိုက်ပါတယ် နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ပွဲကိုတော့ မတ်လ ၂၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ကျင်းပသွားဖွယ် ရှိပါတယ်။
ဦးဝင်းမြင့်နုတ်ထွက်သွားတာကြောင့် လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာကိုဒီကနေ့ အစားထိုးရွေးချယ်ရာမှာ အရင် ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ ဥက္ကဋ္ဌအဖြစ် တင်မြှောက် ခံရပြီး ဒုဥက္ကဋ္ဌနေရာကိုတော့ အရင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို ရွေးချယ်ခဲ့ပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ တိုက်ပွဲတွေ ငြိမ်သက်သွားပေမဲ့ အစိုးရတပ်မတော်ဖက်က ရှေ့ဆက်တိုးလာရင် တင်းမာမှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ဖာပွန်ခရိုင်ဥက္ကဌက ပြောဆိုပါတယ်။
ကချင်ပြည်နယ် တနိုင်းဒေသမှာ ဒီရက်ပိုင်းတွေအတွင်း အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြားမှာ တိုက်ပွဲတွေ ထပ်မံပြင်းထန်လာနေပြီး ဆွမ်ပရာဘွမ်ဒေသ ဖက်မှာတော့ နှစ်ဖက်တပ်တွေအကြား စစ်ရေး တင်းမာမှုတွေမြင့်တက်နေသလို တိုက်ပွဲငယ်တွေလည်း ဖြစ်ပွားနေပါတယ်။
NCA ခေါ်အပစ်ရပ်စာချုပ်ကို လက်မှတ်မရေးထိုးသေးတဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တချို့ဆီကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ ဒုတိယအကြိမ် တက်ရောက်ဖို့အတွက် ဖိတ်ကြားစာတွေ ရောက်ရှိနေပြီဖြစ်ပြီး UNFC အဖွဲ့ဝင်တွေဟာ လာမယ့်ရက်ပိုင်းမှာ အစည်းအဝေးပြန်လည်ကျင်းပပြီး ဆုံးဖြတ်မယ့် အခြေအနေမှာ ရှိနေပါတယ်။
တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာဆွန်ကော့ရှန်က ဖိတ်ကြားချက်နဲ့ တရုတ်မြန်မာနယ်စပ် အခြေစိုက်UWSA ဝအဖွဲ့ ၊ KIO ကချင်အဖွဲ့၊ TNLA ပလောင်အဖွဲ့၊ MNDAA ကိုးကန့်အဖွဲ့နဲ့ AAခေါ်ရခိုင်အဖွဲ့က ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့မှာ သွားရောက်ဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့ ကြားဖြတ်ရွေးကောက်ပွဲကို ကယား၊ ချင်း၊ ရခိုင်၊ ရှမ်း၊ မွန် ပြည်နယ်တွေနဲ့ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးတွေမှာ အများအားဖြင့် အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်ပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီး တိုက်ပွဲတွေဟာ အခုဆိုရင် ရက်ပေါင်း ၂၀နီးပါးကြာမြင့်လာနေပြီး ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေသလို မြို့ထဲအထိ လက်နက်ကြီးကျည် ကျတာတွေလဲ ရှိနေဆဲပါပဲ။
ဒီလ ၁၄ရက်နေ့က စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး- မူဆယ်လမ်းပိုင်းပေါ်က တိုက်ပွဲတွေနဲ့ ဒီလ ၆ရက်နေ့က စခဲ့တဲ့ လောက်ကိုင်မြို့ တိုက်ပွဲတွေကြောင့် တရုတ်မြန်မာ ကုန်သွယ်ရေးရဲ့ အဓိက ကျတဲ့ မူဆယ်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတွေမှာ ကုန်သွယ်မှုအခြေအနေတွေ ကျဆင်းခဲ့တာဖြစ်ပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒီလ ၆ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲဟာ ဒီကနေ့ထိ ငြိမ်သက် မသွားသေးဘဲ ပစ်ခတ်တာတွေဟာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ် လို့ လောက်ကိုင်မြို့တွင်း က ဒေသခံတွေဟာလည်း စစ်ဘေးက တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။
နောက်ထပ်ကြည့်ရှုရန်