NLD အစိုးရသက်တမ်း ၃နှစ်အတွင်းမှာ အဓိက အခြေခံအဆောက်အဦးတွေ ဦးစားပေး ဆောင်ရွက်ခဲ့ပြီးကျန်းမာရေး၊ ပညာရေးနဲ့ သိမ်းဆည်းခံ လယ်ယာမြေပြန်လည် ရရှိရေးစတာတွေကို ဆောင်ရွက်နိုင်ခဲ့ကြောင်းနဲ့ ရွေးကောက်ပွဲကတိတွေ အကောင်အထည်ဖော်ရေးကိုလည်း ဆက်လက် ဆောင် ရွက်နေကြောင်း NLDပါတီ ပြောခွင့်ရသူက ပြောပါတယ်။
မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံနယ်စပ် မီဇိုရမ်ပြည်နယ်ထဲ ကုန်ပစ္စည်းသယ်ယူမှုတွေကို မီဇိုရမ်ပြည်နယ် မော်တော်ယာဉ်အသင်းက ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာကြောင့် မြန်မာ ကုန်သည်တွေနဲ့ ကုန်တင်ယာဉ် အသင်းတွေ အခက်တွေ့နေရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ အစိုးရတပ်မတော်၊ RCSS ရှမ်းပြည်တောင်ပိုင်း၊ SSPP ရှမ်းပြည်မြောက်ပိုင်းနဲ့ TNLA တအန်း(ပလောင်)ပူးပေါင်းတပ်တွေအကြားမှာ တိုက်ပွဲဖြစ်ပွားနေတာဟာ အခုဆိုရင် တစ်ပတ်လောက် ကြာမြင့်လာနေပါတယ်။
နှစ်စဉ်အခမ်းအနားတက်လေ့ရှိတဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ မတော်တဆ ခြေထောက်ဒဏ်ရာကြောင့် ဒီနှစ် မတက်ရောက်နိုင်ခဲ့ပါဘူး။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တိုက်ခိုက်တာတွေ ရပ်ဆိုင်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါနဲ့ နမ္မတူမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဘယ်သူက စတင်တိုက်ခိုက်တာလဲဆိုတဲ့အပေါ်အပြန်အလှန် စွပ်စွဲတာ တွေ ရှိနေပါတယ်။
တပ်မတော်က အပစ်အခတ်ရပ်စဲခဲ့တဲ့ ၃လမြောက် ကာလအတွင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသား တပ်တွေအကြား တိုက်ပွဲတွေဟာ အရင်လတွေထက် မြင့်တက်လာခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးရာမှ မဖြစ်နိုင်တာတွေ မတောင်းဆိုဖို့ နဲ့ အပစ်ရပ်ကာလ ၄လဟာ လုံလောက်တဲ့အချိန် ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး ကော်မတီက ပြောဆိုပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPPနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS က အောက်ခြေတပ်ဖွဲ့တွေကို အပစ်ရပ်ဖို့အတွက် ညွှန့်ကြားထားပြီလို့ RCSS ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPCဖိတ်ကြားကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ် မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့လုံးက အားလုံး ပါဝင် တက်ရောက်ခဲ့ပါတယ်။
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး မြောက်ဦးမြို့က ရှေးဟောင်း အမွေအနှစ် စေတီတချို့ ထိခိုက်ပျက်စီးခဲ့ရတဲ့ အထိ ဖြစ်ခဲ့တာကြောင့် နှစ်ဖက် ပစ်ခတ်မှုတွေ ရပ်စဲပေးဖို့ သက်ဆိုင်ရာ အဖွဲ့တွေကို မြန်မာ့ရှေးဟောင်း သုတေသန ပညာအသင်းက မေတ္တာ ရပ်ခံလိုက်ပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ဟာ လောလောဆည် မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ နဲ့အတူ ကြိုးပမ်းသွားနေကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ ပြောခွင့်ရသူက ပြောဆိုပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က ဖိတ်ကြားလိုက်တဲ့အပေါ် အဖွဲ့အစည်းအများစု တက်ရောက်နိုင်ဖွယ် ရှိပါတယ်။
ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရောက်ရှိနေတဲ့ သုံးသောင်းနီးပါးကို နိုင်ငံသားစိစစ်ရေးကဒ် နဲ့ အိမ်ထောင်စုစာရင်း ထုတ်ပေးထားပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြည်သူ့လွှတ်တော်မှာ ပြောဆိုပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ဖမ်းဆီးခံရတဲ့ ကြံခုတ် လုပ်သား ၇၀ ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းနဲ့ တနင်္လာနေ့က တပ်မတော်နဲ့ တိုက်ပွဲတကြိမ် ထပ်မံဖြစ်ပွားကြောင်း ကချင် လွတ်လပ်ရေးတပ်ဖွဲ့ KIA က ပြောပါတယ်။
NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAOတွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အထူးအစည်းအဝေးကို ဒီလ ၅ရက်နေ့ကနေ ၇ရက်နေ့ အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပပြီးတဲ့နောက် PPSTရဲ့သဘောထားကို ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်တာပါ။
ကာလအတန်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြားမှာ ဗုဒ္ဓဟူးနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ ကြံခုတ်လုပ်သား ၇၀ကို တနင်္လာနေ့က လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောဆိုပြီး ဒီဒေသအတွင်းမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့ဖမ်းဆီးတာ မရှိကြောင်း ငြင်းဆိုပါတယ်။
မြန်မာအစိုးရနဲ့ အပစ်ရပ်စာချုပ် NCA ကို အကောင်အထည် ဖော်ရာမှာ တိုင်းရင်းသားတွေ မျှော်မှန်းထားတဲ့ လမ်းကြောင်းက သွေဖည်နေကြောင်း အပစ်ရပ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား နယ်မြေအငြင်းပွားမှုတွေကို အခြေခံတဲ့ တိုက်ပွဲကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းနိုင်ဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်နေပါတယ်။
အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ဟာ တရုတ်နိုင်ငံကူမင်းမြို့ တွေ့ဆုံပွဲမှာ အစိုးရဘက်က NCA ကို လက်မှတ်ရေးထိုးဖို့ တိုက်တွန်းခဲ့သလို မြောက်ပိုင်းအဖွဲ့တွေဘက်ကတော့ Bilateral စာချုပ်ကို စုပေါင်းရေးထိုးဖို့ လိုလားကြောင်း ဆွေးနွေးခဲ့ပါတယ်။
အစိုးရတပ်မတော်နဲ့ NSCN-K နာဂလက်နက်ကိုင်အဖွဲ့အကြား စစ်ရေးတင်းမာမှုတွေနဲ့ စစ်ရေးပဋိပက္ခတွေ မဖြစ်ပေါ်စေဖို့အတွက် နာဂ လူထုခေါင်းဆောင်တွေ၊ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့ တွေက ငြိမ်းချမ်းရေးအထောက်အကူပြု ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်