အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနNRPC နဲ့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ဟာ တရုတ်နိုင်ငံကူမင်းမြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ လောလောဆည်မှာတော့ ဘယ်အချက်တွေကို ဆွေးနွေးတယ်၊ ဘယ်အချက်တွေ သဘောတူညီချက်ရတယ်ဆိုတာကို သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
တပ်မတော်က စစ်တိုင်းဌာနချုပ်နယ်မြေ ၅ ခုမှာ အပစ်ရပ်ကာလသတ်မှတ်ပြီးနောက် ၂ လ တာကာလအတွင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသားတပ်တွေ အကြားတိုက်ပွဲတွေ လျော့ကျ ခဲ့ကြောင်း နဲ့ AA ရက္ခိုင်တပ်မတော်အနေနဲ့ အမာခံနယ်မြေတည်ဆောက်တာကို လက်ခံ မှာ မဟုတ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက် ပါတယ်။
" နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ကျနော် တို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ ယုံကြည်မှု တည်ဆောက်ရေးကနေ တဆင့် တဆင့်တိုးတက်လာတာကို ကျနော်တို့ တွေ့ရပါတယ်။ တယောက်နဲ့ တယောက်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးရတဲ့အတွက်မှာ ကျေနပ်အားရမိပါတယ်။” (SSPP ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင်)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ကိုယ်စားလှယ်စာရင်းပေးပို့ခဲ့သလို ပြည်ထောင်စုလွှတ်တော် နာယကကလည်း နောက်ဆက်တွဲ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ပထမ အကြိမ်အစည်း အဝေးကို ဒီကနေ့ စတင်ကျင်းပရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လာရောက်တဲ့ကိုယ်စားလှယ်တွေ တက်ရောက်ခွင့် မရကြောင်း ပါတီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
အငြင်းပွားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင်စာရင်းကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ပါပြီ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းမှုကိစ္စကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုချက်ယူဖို့ ရှိနေပါတယ်။ ဒါကို ပူးပေါင်းကော်မတီ ဥက္ကဋ္ဌက လွှတ်တော်ကို ရှင်းလင်းဖို့ရှိရာမှာ၊ စစ်တပ်ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံနိုင်ငံရေးပါတီအချို့ကတော့ ကန့်ကွက်ဖို့ ပြင်နေကြပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းရဲ့ ထိုင်းမြန်မာနယ်စပ်အခြေစိုက်တပ်စခန်းနဲ့ ဌာနချုပ်ဘက်ကို ဒီလ ၁၃ရက်နေ့ ညနေပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး ရှမ်းတပ်ဖွဲ့ကတော့ တပ်မတော်က ပစ်ခတ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
၇၂နှစ်မြောက်ပြည်ထောင်စုနေ့မှာ မြန်မာအပါအဝင် တိုင်းရင်းသားတွေအားလုံး လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုရင် ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အဓိက ကျနေကြောင်းနဲ့ ဗဟိုချုပ်ကိုင်မှုကို လျော့ချပြီး ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို ပိုပေးဖို့ လိုအပ်နေကြောင်း နိုင်ငံရေးခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။
တပ်မတော်ဘက်က စစ်တိုင်းဒေသ ၅ခုမှာ ၄လတာအပစ်ရပ်ထားတဲ့ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့နဲ့ တပ်မတော်အကြားမှာ ဒီရက်ပိုင်းတွေ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားကြောင်း ကိုးကန့်တပ်ဖွဲ့ဘက်က ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းနိုင်ဖို့ ပထမဆုံးအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်၊ သောကြာနေ့က ကျင်းပခဲ့ပြီး ပူးပေါင်း ကော်မတီကို ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ်တွေနဲ့ အချိုးကျဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော် နာယကက ပြောပါတယ်။
ဧရာဝတီမြစ်ဆုံနဲ့ မြစ်ညာရှိ ရေကာတာတည်ဆောက်တာတွေ လုံးဝရပ်ဆိုင်းဖို့အတွက် ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူ ၆၀၀၀ ကျော်လောက် ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ စောလျင်စွာပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတရပ်ဖွဲ့စည်းရေး အရေးကြီး အဆိုကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ မဲခွဲ အတည်ပြုလိုက်ပါပြီ။
အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ တင်သွင်းထားတဲ့အဆို ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ပြီး ထောက်ခံသူက အများစုဖြစ်ပေမယ့် ကန့်ကွက်သူတွေလည်း ရှိပါတယ်။
ဇန်နဝါရီလ ၂၉ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ NLD ပါတီက အရေးကြီး အဆိုတစ်ရပ်ကို တင်သွင်းခဲ့ပြီး ဒီအပေါ် တိုင်းရင်းသားပါတီတချို့ ရဲ့ အမြင်သဘောထားတွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတွေကို သုံးသပ်တင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပထမဆုံး လုပ်ဆောင်ချက်တခုနဲ့ စတင်လိုက်ပြီဖြစ်ပါတယ်။ ဒီလိုစတင်တဲ့အချိန်မှာပဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်တာနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
တပ်မတော်ဘက်က ၄ လကြာ အပစ်အခတ် ရပ်စဲရေး ကြေညာချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က ချိုးဖောက်မှုတွေ ရှိနေတဲ့အကြောင်း မြန်မာစစ်တပ်က ဒီနေ့ပဲ သတိပေးလိုက်ပါတယ်။
အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ဖေဖော်ဝါရီလအတွင်းမှာ ထပ်မံတွေ့ဆွေးနွေးဖို့ ရှိနေပြီး KIO ဘက်ကတော့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နဲ့ ဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ဒုတိယနေ့မှာ ပေါက်တောမြို့နယ်က ကြိမ်ချောင်းစခန်း၊ စစ်တွေမြို့က မင်းဂံစခန်းနဲ့ ဟိန္ဒူ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။
အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က ကိုယ်စားလှယ်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်