ပြည်သူ့လွှတ်တော်မှာ ကချင်ပြည်နယ် မူးယစ်ဆေး တိုက်ဖျက်ရေး ဒီကနေ့ ဆွေးနွေးနေချိန်မှာပဲ ဘိန်းခင်းဖျက်ဖို့ သွားတဲ့ Pat Jasan ခေါ် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဝင်တွေ သေနတ်၊ဗုံးတွေနဲ့ တိုက်ခိုက်ခံ ရ။
ကချင်ပြည်နယ် ကန်ပိုက်တီမြို့နယ်အတွင်းက ဘိန်းခင်းတွေကို သွားရောက် ဖျက်ဆီးမယ့်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ကို ဝိုင်းမော်မြို့နယ် ဆဒုံး၊ ချီဖွေလမ်းခွဲမှာ တပတ်ကျော်ကြာ တားဆီးခဲ့ရာက ဒီကနေ့ နေ့ခင်း ၂ နာရီမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဆက်လက်ထွက်ခွာခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံး၊ ချီဖွေလမ်းခွဲမှာ တားဆီးခံထားရတဲ့ လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဟာ ကန်ပိုက်တီမြို့နယ်အတွင်းက ဘိန်းခင်းတွေကို ဖျက်ဆီးဖို့အတွက် မနက်ဖြန်မှ ဆက်လက်ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ အစိုးရတပ်နဲ့ ပလောင်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒီကနေ့ လေကြောင်း ကပါ တိုက်ခိုက်လာတယ်လို့ ပလောင်တပ်ဘက်က ပြောပါတယ်။
“ဒီနေ့ ကျနော်တို့ ဒီမှာ ဘိန်းခင်းဖျက်ဖို့ လာတဲ့လူတွေကို သတိလာပေးတာကတော့ အခုကတော့ လက်နက်အပြည့်အစုံနဲ့ပေါ့နော်၊ ကတုတ်ကျင်းတွေတူးပြီးတော့မှ စခန်း ပုံစံနဲ့ စောင့်နေကြတယ်တဲ့။ လူအင်အားကတော့ ၂၀၀-၃၀၀ ရှိတယ်လို့တော့ပြောတယ်။”
ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာ ဒေသခံတွေ ကန့်ကွက် ဆန္ဒပြနေတာ ဒီကနေ့ ၃ ရက် ပြည့်လာချိန်မှာ အာဏာပိုင်တွေက ပြေလည်အောင် ဆောင်ရွက်ပေးဖို့ ကတိပေးခဲ့တဲ့နောက် ဆန္ဒပြသူတချို့က လမ်းပိတ်ဆို့ တားဆီးမှုတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
နိုင်ငံတော်နဲ့ အကျိုးတူ ဝင်လာပြီး နောက်ပိုင်းမှာ ဒီဖားကန့် ဒေသမှာ ဘာတွေ နစ်နာ ဆုံးရှုံး ထိခိုက်မှု ဖြစ်သွားသလဲပေါ့။ နောက်တစ်ချက်က ပြည်သူတွေ သွားတဲ့ လမ်းပေါ်မှာ ကားတွေက ဘာကြောင့်မို့ ဖြတ်ပြီးတော့ ဘာကြောင့်မို့ အသက်အန္တရာယ် မလွတ်မလပ် သွားနေရတဲ့ ကိစ္စ။
နေပြည်တော် လယ်ဝေးမြို့နယ် အတွင်းမှာ ဒီကနေ့ မနက်ပိုင်းက တပ်မတော် လေယာဉ်တစင်းပျက်ကျခဲ့ပြီး လေယာဉ်မှာ လိုက်ပါလာသူ ၅ ဦးမှာ ၄ဦးက ပွဲချင်းပြီး သေဆုံးခဲ့ပြီး တဦးကတော့ ဆေးရုံအရောက်မှာ ကွယ်လွန်ခဲ့ပါတယ်။
ပထမအကြိမ် လွှတ်တော်သက်တမ်း ပြည်ထောင်စုလွှတ်တော် နောက်ဆုံးကျင်းပတဲ့ အစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော် နာယက၊ ဒု နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အသီးသီး ကနှုတ်ဆက်စကားပြောကြား။
" ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌက ကြံ့ခိုင်ရေးပါတီက ဦးတီခွန်မြတ်၊ နောက်အမျိုးသားလွှတ်တော်က NLD ကပဲ ကရင်အမျိုးသား ဦးမန်းဝင်းခိုင်သန်း၊ ဒုတိယ ဥက္ကဋ္ဌ ကတော့ ရခိုင်က ဦးအေးသာအောင်"
ကချင်လွတ်လပ်ရေးအဖွဲ့ KIO က နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အရပ်သားခေါင်းဆောင်တွေ ပူးပေါင်းပြီး အကြံပေးအဖွဲ့ တရပ်ဖွဲ့စည်းနိုင်ဖို့ ဒီရက်ပိုင်း အတွင်းမှာ ဖြစ်မြောက်ရေး ကော်မတီ တရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေး၊ကျောက်စိမ်း တူးဖော်တဲ့ ယာဉ်၊ ယန္တယားတွေ စာရင်းကို ဝင်ရောက် စစ်ဆေးရာမှာ အစီးရေ ၁ သောင်းကျော် ကို စစ်ဆေးနိုင်ခဲ့ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တရုတ်ပြည်ဖက်က ဆင်းလာတဲ့ လေဖိအားကြီးရပ်ဝန်းကြောင့် ဒီရက်ပိုင်းအတွင်းမြန်မာပြည်အဝှမ်းမှာ အအေးပိုခဲ့ရာက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့မှာ နှစ် ၅၀ ကျော်အတွင်း အနိမ့်ဆုံးအပူချိန်နဲ့ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မှာတော့ နှစ် ၃၀အတွင်း အနိမ့်ဆုံးအပူချိန်ထိ စံချိန်တင် ကျဆင်းခဲ့ပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကို မကြာသေးခင်ကစလို့ အရှိန်မြှင့်လုပ်ဆောင်လာရာမှာ ယာဉ်နဲ့ စက်ယန္တယားကြီးတွေ ပိုမိုအသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေ ဒီကနေ့ စတင်စုံစမ်းစစ်ဆေးနေပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အစုအဖွဲ့အားလုံးက လက်ခံပေမဲ့ ပြည်ထောင်စု ဖွဲ့စည်းရေး မတူညီတဲ့ အမြင်တွေရှိသလို လုံခြုံရေးကဏ္ဍမှာလည်း တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား အမြင်မတူ။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ကာချုပ်က နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့အတွက် လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်လိုက်ပါတယ်။ ဒီ အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အပြုသဘောဆောင်တဲ့ ဖိတ်ခေါ်မှုအဖြစ်ရှုမြင်ပြီး တပ်မတော်ကို တိုင်းပြည်၊ နိုင်ငံရေးစနစ်နဲ့ အညီဖွဲ့စည်းဖို့ လိုအပ်တယ်လို့ပြောပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၂၂ အနက်က ၉ ဖွဲ့သာ တက်ရောက်လာတဲ့အပေါ် ပြီးပြည့်စုံမှုမရှိဘူးလို့ ဝေဖန်တာတွေ ရှိနေပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအဖွင့်မိန့်ခွန်းမှာ ထာဝရငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ဖို့ အဆင့်သင့်ဖြစ်နေကြောင်းနဲ့ ၂၁ ရာစုနှစ်နဲ့ ကိုက်ညီတဲ့ ပင်လုံ ညီလာခံမျိုး မျှော်လင့်ကြောင်း ဒေါ်စု ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း ၊ လားရှိုး မြို့နယ် နားနမ်းကျေးရွာအုပ်စု ပန်လုံးရွာမှာ အစိုးရစစ်တပ်က ဝင်ရောက်ပစ်ခတ်တာကြောင် ရွာသား ၂ယောက်သေဆုံးပြီး ရွာလူကြီးနဲ့ အခြားရွာသားတယောက်ကို ဖမ်းဆီးခံရတယ်။
ကျောက်စိမ်း အလွန်အကျွံ တူးထုတ်နေတဲ့ကိစ္စ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို စစ်ဆေးနေချိန်မှာတော့ ဖားကန့်ဒေသ မှာ ကျောက်စိမ်း တူးဖော်ရေးဆိုင်ရာ ယာဉ်တွေ၊ ယန္တရားတွေ တင်သွင်းတာဟာ သိသိသာသာလျော့ကျ သွားတယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်