လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ စတုတ္တအကြိမ် အစည်းအဝေးကို သြဂုတ်လအတွင်းမှာ ကျင်းပဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြင်ဆင်နေပြီး COVID- 19 ကပ်ရောဂါကြောင့် ညီလာခံကို အကျဉ်းချုံးကျင်းပသွားမယ့်အခြေအနေ ရှိပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ COVID ကာလ အပစ်ရပ်ကြေညာထားချိန်မှာ အစိုးရတပ်မတော်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့သလို TNLA တအာင်း(ပလောင်) တပ်ဖွဲ့နဲ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့သတင်းကို တင်ပြပေးပါမယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့က တပ်မတော်ယာဉ်တန်းကို TNLA ခေါ် တအာင်းပလောင် တိုက်ခိုက်ခဲ့တဲ့နောက် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအနီးမှာ ဒီကနေ့မနက်က အစိုးရ တပ်မတော်နဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့အကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် တရုတ်မြန်မာ ကုန်သွယ်ရေးလမ်းမကြီးမှာ အသွားအလာတွေ ယာယီရပ်ဆိုင်းသွားတဲ့သတင်းကို တင်ပြပေးပါမယ်။
Amphan ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့ ညနေ ၃နာရီခွဲလာက်မှာ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်နေပြီး မုန်တိုင်းဗဟိုကုန်းတွင်းပိုင်းကို ဖြတ်သန်းတဲ့ နောက်ပိုင်းမှာအလွန့်အလွန်အားကောင်းတဲ့ မုန်တိုင်းကနေ အားလျော့ကျသွားဖွယ်ရှိပေမဲ့ ကုန်းတွင်းပိုင်း မုန်တိုင်းအဖြစ်ဆက်လက်တည်ရှိနေနိုင်တဲ့ သတင်းကို တင်ပြပေးပါမယ်။
ဒီလ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့မှာ COVID-19 ရောဂါပိုးတွေ့ရှိသူ နောက်ထပ် ၅ ဦး ရှိခဲ့ပြီး ဒီအထဲမှာ Quarantine သီးခြားခွဲ စောင့်ကြည့်ရက် ၁၄ ရက် ကျော်လွန်လွန်ပြီးချိန်မှာ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးတွေ့ရှိသူနဲ့ Local transmission ခေါ် နိုင်ငံရပ်ခြားကို ခရီးမသွားဘဲ ပြည်တွင်းမှာ ကူးစက်ခံရသူတွေ ပါဝင်နေပါတယ်။
အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီး တက်ရောက်နေတဲ့ သံဃာတော်တွေကို မြန်မာပြည်ကို ပြန်လည်ပင့်ဆောင်ဖို့အတွက် စီစဉ်နေရာမှာ လောလောဆယ် အပါး ၁၀၀ ကျော် ပြန်ဖို့ စာရင်းပေးပို့ထားပါတယ်။
မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခဲ့သလို ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနက သတင်းသမားနှစ်ဦး မနေ့ညက ဖမ်းဆီးခံရသလို၊ သတင်းဌာနအချို့က သူတို့ ဝက်ဆိုဒ်တွေလည်း ဖွင့်လို့မရအောင် အာဏာပိုင်တွေဘက် လုပ်ထားတယ်လို့ ပြောဆိုနေကြပါတယ်။
COVID-19 ရောဂါဖြစ်ပွားနေတဲ့နိုင်ငံတွေက ပြန်လာသူတွေ မြန်မာနိုင်ငံနေရာအနှံ့အပြားကို ရောက်ရှိခဲ့တဲ့နောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ ကပ်ရောဂါကြီးအသွင် ဖြစ်လာဖို့ အလားအလာ အလွန်များနေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တနင်္ဂနွေနေ့ ညက ကြေညာလိုက်ပါတယ်။
COVID-19 ကူးစက်ခံရသူတဦး တွေ့ပြီးနောက် ချင်းပြည်နယ် တီးတိန်မြို့က ကပ်တဲလ်ကျေးရွာကို အသွားအလာ ကန့်သတ်ပိတ်ပင်လိုက်ချိန်မှာ ကျန်းမာရေး အကာအကွယ်ပစ္စည်း၊ ကျန်းမာရေးဝန်ထမ်း၊ ကျန်းမာရေးအသိ အားနည်းချက်တွေ ရှိနေကြောင်း ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ သတင်းစကားတွေကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်က ကျေးရွာတချို့မှာ ရောဂါမကူးစက်အောင်ဆိုပြီး ကလေးလူကြီးမကျန် ဘိန်းရှုနေပါတယ်။
COVID-19 ကူးစက်ခံရသူ နှစ်ဦး တွေ့ရှိကြောင်း ထုတ်ပြန်လိုက်ချိန်မှာ ကုန်တိုက်တွေ၊ ဈေးဆိုင်တွေမှာ အလုအယက်နဲ့ ဈေးဝယ်တာတွေ ဖြစ်လာတာကြောင့် လူစုလူဝေးနဲ့ဈေးဝယ်တာမျိုး ရှောင်နိုင်ဖို့နဲ့ အိမ်ပြင်မထွက်နိုင်သူတွေကို ကူညီဖို့ လူငယ်တွေက အိမ်တိုင်ရာရောက်ဈေးဝယ်ယူပေးတဲ့စနစ်ကို ကူညီဆောင်ရွက်နေပါတယ်။
အပူချိန်မြင့်တက်နေချိန်မှာ ကျန်းမာရေးအရ အရိပ်အောက်မှာ နေထိုင်ဖို့၊ ပူပြင်းတဲ့နေရောင်အောက်မှာ သွားလာ၊ အလုပ်လုပ်ရင် အမိုးအကာအသုံးပြုဖို့၊ ရေချိုးရာမှာ သတိထားဖို့၊ အရက်သေစာ မသောက်စားဖို့ စတာတွေကို ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်လေ့ရှိပါတယ်။
တရုတ်မြန်မာနယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လိုင်ဇာ၊ ဝနဲ့ မိုင်းလားဒေသတွေမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်တာ မရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ပြင်ဆင်နိုင်ရေးမှာ အဓိက အတားအဆီးဖြစ်တဲ့ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) အပါအဝင် ပုဒ်မ ပုဒ်မခွဲ ၁၂ ခုကို ပြင်ဆင် ပယ်ဖျက်ရေး ဒီကနေ့ မဲခွဲဆုံးဖြတ်တာမှာလည်း လိုအပ်တဲ့ထောက်ခံမှု အလုံအလောက် မရခဲ့ပါဘူး။
ဒီကနေ့ မဲခွဲဆုံးဖြတ်တဲ့ ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)မှာ အကျုံးဝင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်မှာပါဝင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲတွေ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) မှာ အကျုံးဝင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုကို ပြင်ဆင်၊ ပယ်ဖျက်ရေးအတွက် မဲပေးခဲ့ကြတာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားတာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံဘက်က တရားမဝင် ဝင်ပေါက်တွေကို လုံး၀ ပိတ်ပင်ထားခဲ့သလို တရားဝင် ဝင်ထွက် ခွင့်ပြုထားတဲ့ ဂိတ်တွေမှာလည်း ကျန်းမာရေးစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ် ဆောင်ရွက်ခဲ့တာပါ။
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ဘက်မှာ တပ်မတော်က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး နိုင်ငံခြားစစ်သံမှူးတွေနဲ့ သတင်းထောက်တွေကို အဲ့ဒီ့ဒေသမှာ တပ်မတော်က ခေါ်ယူရှင်းလင်းပြသခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်