ရှမ်းပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ စတင်ချိန်မှာ မုန်းကိုးအနီးရွာတရွာက အရပ်သား ၅၀ လောက်ကို အစိုးရတပ်မတော်က ဖမ်းဆီးမှုတွေရှိခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက် က သတင်းထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်တာတွေဟာ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်သလို နိုင်ငံအချုပ်အခြာအာဏာ၊ တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းရေါ်လုပ်ငန်းစဉ်တွေကို ထိခိုက်စေတာကြောင့် လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီးအဆိုတရပ်တင်သွင်းခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲအရှိန်လျော့ကျလာနေပြီး မူဆယ်နဲ့ ကွတ်ခိုင်မြို့မှာ အခြေအနေဟာ ပြန်လည်တည်ငြိမ်စပြုလာနေပြီဖြစ်ပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေက မူဆယ်မြို့ကို နေ့ခင်း ၁၂နာရီနောက်ပိုင်း ဝင်ရောက်စီးနင်းမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတဲ့နောက် သောင်းနဲ့ ချီတဲ့ မူဆယ်ဒေသခံတွေက တရုတ်နိုင်ငံဖက်ကို ထွက်ပြေးခိုလှုံနေကြပါတယ်။
ကချင်၊ ပလောင်၊ ကိုးကန့်၊ရခိုင်လက်နက်ကိုင်အဖွဲ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရတပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေအပေါ် လက်တုံ့ပြန်တိုက်ခိုက်တာတွေ ပြင်းထန်လာမယ်ဆိုရင်စစ်ပွဲဟာ ရှည်ကြာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နှောင့်နှေးကြန့်ကြာသွားနိုင်ကြောင်း မြန်မာနိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းဆောင်ရွက်ရာမှာ ရာနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးနေရကြောင်း နိုင်ငံတကာသတင်းတချို့က ဖော်ပြနေပေမဲ့ မြန်မာအစိုးရကတော့ အတည်မပြုပါဘူး။
ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး ပြင်ပအစီရင်ခံစာနဲ့ သတင်းတွေမှာ မီးလောင်ပျက်ဆီးမှုဖော်ပြတဲ့အခြေအနေတွေဟာ လက်တွေ့မြေပြင်အခြေအနေနဲ့ ကွာခြားတာတွေ ရှိနေကြောင်း အစိုးရက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ စစ်တွေမြို့ ကို ရောက်ရှိပြီး ပြည်နယ် အစိုးရအဖွဲ့နဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ အကြမ်းဖက်တိုက်ခိုက်တာတွေ ပြန်လည်မြင့်တက်လာတာကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြပြီး မောင်တောမြို့ကို ထပ်မံတိမ်းရှောင် လာမယ့် အလားအလာတွေရှိနေပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ သမ္မတသစ်တဦးဖြစ်တဲ့ ရွေးချယ်ခံ သမ္မတ Donald Trump ဦးဆောင်တဲ့ အစိုးရနဲ့ မြန်မာနိုင်ငံတို့ကြား ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရရှိဖို့ မျှော်လင့်ကြောင်း မြန်မာ သမ္မတရုံး က ပြောကြားလိုက်ပါတယ်။
မောင်တောမြို့နယ်အတွင်းက လုံခြုံရေးရဲစခန်း၃ခု မီးရှို့ခံရပြီး ဒီလို လုံခြုံရေးပြဿနာတွေ ရှိနေတာကြောင့် သတင်းသမားတွေ သွားရောက် သတင်းယူခွင့်ပြုရေး တာဝန်ရှိသူတွေ သတိထားစဉ်းစားနေတယ်လို့လည်း သမ္မတရုံးပြောခွင့်ရသူက ပြောပါတယ်။
ရခိုင်ပြည်နယ် ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရုံး ညှိနှိုင်းရေးမှုးနဲ့ သံတမန်အဖွဲ့ဟာ ဒီကနေ့ မနက်မှာ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ ဆုံပြီး ရခိုင်ပြည်နယ်အတွင်းလေ့လာတွေရှိချက်တွေ သတင်းထုတ်ပြန်ဖို့နဲ့ ဆက်လက်ဆောင်ရွက်မယ့်အရေးတွေကို ဆွေးနွေးခဲ့ပါတယ်။
ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် အပါအဝင် နိုင်ငံတကာသံတမန်အဖွဲ့တွေဟာ ရခိုင်ပြည်နယ် မောင်တော နဲ့ ဘူးသီးတောင်ဒေသ က အခြေအနေတွေကို လေ့လာစုံစမ်းဖို့အတွက် ဒီကနေ့ ရခိုင်ပြည်နယ် မှာ ရောက်ရှိနေပါတယ်။
ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး နယ်မြေရှင်းလင်းစဉ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံတမန်တွေ ပဋိပက္ခဖြစ်ပွားရာ ဒေသတွင်းကို ဒီသီတင်းပတ်ထဲ သွားရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားဒေသမှာ တပ်စွဲထားတဲ့ ဝတပ်တွေရုပ်သိမ်းဖို့အတွက် နောက်ဆုံး သတ်မှတ်ချိန် ကျော်လွန်သွားပေမဲ့ စစ်ရေးပြင်ဆင်တာတွေမရှိပဲ အခြေအနေ ငြိမ်သက်နေဆဲပါ။ မိုင်းလားဒေသက နောက်ဆုံးအခြေအနေကို ကိုမိုးဇော်ကတင်ပြထားပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားဒေသမှာ ဝ၊ မိုင်းလားနဲ့ အစိုးရတပ်တွေ စစ်ရေးပြင်ဆင်တာတွေရှိတာကြောင့် အနီးပတ်ဝန်းကျင်က ဒေသခံပြည်သူတွေဟာ အထိတ်တလန့်ရှိနေကြပါတယ်။
ရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်းက ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေမှာ ရိက္ခာပြတ်လပ် တာတွေ ဖြစ်ပေါ်လာနေ တာနဲ့ပစ်ခတ်တာတွေ ဆက်လက်ဖြစ်ပေါ်နေ တာကြောင့် ကျေးလက်က တိုင်းရင်းသားတွေဟာ မြို့ပေါ်ကို ပြောင်းရွှေ့လာကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ တိုက်ခိုက်မှုတွေအကြား ပိတ်မိနေတဲ့ ကျောင်းဆရာ၊ ဆရာမ ၂၀၀ လောက်ကို တပ်မတော် ရဟတ်ယာဉ်နဲ့ ပြန်လည်ခေါ်ယူပြီး နေရပ်ပြန်ပို့ပေးနေပါတယ်။
မောင်တောမြို့အနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံတိုင်းရင်းသား အတော်များ များဟာ လုံခြုံရေး အတွက် စိုးရိမ်ထိတ်လန့်တာတွေဖြစ်နေပြီး အိုးအိမ်စွန့်ခွာပြောင်းရွှေ့တာတွေလည်း ရှိနေပါ တယ်။
“ကျနော်တို့ တိုင်းရင်းသားတွေအတွက်ကတော့ လုံခြုံမှုက တအား နည်းနေသေးတယ်။ လုံခြုံရေးမရှိဘူး။ မြောက်ပိုင်းကျေးရွာတချို့မှာဆိုရင် လူတွေက လက်နက်နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ ပြည်သူတွေမှာ က ဘာမှမရှိဘူး။"
နောက်ထပ်ကြည့်ရှုရန်