တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်မတော်က ထုတ်ပြန်ခဲ့တဲ့ ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးဆိုင်ရာ ထုတ်ပြန်ချက်ကို လိုက်နာဖို့ ဒီကနေ့ ကျင်းပ တဲ့ နေပြည်တော် သတင်းစာ ရှင်းလင်း ပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌက ထပ်မံသတိပေးလိုက်ပါတယ်။
ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO က ဦးဆောင်ကျင်းပတဲ့ ကချင်လူမျိုးများရဲ့ အမျိုးသား ညီလာခံကနေ ကချင်ပြည်နယ်ကို သီးခြားလွတ်လပ်တဲ့နိုင်ငံတော် တည်ထောင်ဖို့ဆိုပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။
မြစ်ဆုံဆည်စီမံကိန်း ပြန်စမယ် မစဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုအစိုးရနဲ့ တတိုင်းပြည်လုံးက ချမှတ်ရမှာဖြစ်တယ်လို့ ကချင်ဒေသမှာ သြဇာရှိတဲ့ ဘာသာရေးခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။
တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်ထားချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့နယ်အတွင်းမှာ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့က အတင်းအကျပ် လူသစ်စုဆောင်း တာကြောင့် ဒေသခံရွာသား ၄၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရသလို လူ ၁၅ယောက်ကိုလည်း ဖမ်းဆီးသွားကြောင်း ကွမ်းလုံမြို့နယ် အုပ်ချုပ်ရေးမှုးက ပြောပါတယ်။
ရှမ်းပြည်နယ် နမ္မတူမြို့နယ်အတွင်းမှာ TNLA တအန်း (ပလောင်) တပ်နဲ့ RCSS/SSA တောင်ပိုင်း ရှမ်းတပ်ဖွဲ့တွေအကြား ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ထပ်မံဖြစ်ပွားတာကြောင့် ကျေးရွာ ၅ ရွာက ပြည်သူ ၅၀၀ နီးပါးလောက် စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
ကချင်ပြည်နယ် နန်ဆန်ယန်ကျေးရွာက စစ်ရှောင်ပြည်သူတချို့ဟာ ဒီရက်ပိုင်းတွေအတွင်း နေရပ်ပြန်လာ ခဲ့ကြသလို တပ်မတော်ဘက်က စစ်ရှောင်တွေပြန်လာနိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ကချင်၊ တအန်း (ပလောင်)၊ ကိုးကန့်နဲ့ ရခိုင်တပ်ဖွဲ့တွေ စုစည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က လက်တွေ့ ကျတဲ့ အပစ်အခတ်ရပ်စဲရေးကို စတင်ပြီး အဓိက တိုက်ပွဲဖြစ်နေတဲ့ သူတို့ ၄ ဖွဲ့နဲ့ တပ်မတော်အပါအဝင် အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့ လိုလားကြောင်း ကမ်းလှမ်းလိုက် ပါတယ်။
ရှမ်းပြည်နယ် သီပေါမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအကြား တိုက်ပွဲမှာ တပ်မတော်က RCSS ဘက်က ကူညီခဲ့တယ်လို့ SSPPရဲ့ ဒုဥက္ကဌက ပြောဆိုပါတယ်။
ကချင်နဲ့ ရှမ်းပြည်နယ်က စစ်ဌာနချုပ် ၅ ခုမှာ စစ်ရေးလှုပ်ရှားတာတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆောင်ရွက်မယ်လို့ တပ်မတော်က ကြေညာထားတဲ့အပေါ် ကချင်ပြည်နယ်က စစ်ရှောင်ပြည်သူအများစုက ကြိုဆိုလိုက်ပြီး တချို့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှည်ကြာနေတဲ့အပေါ်သံသယနဲ့စောင့်ကြည့်နေပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ၄ လကြာ တိုက်ပွဲတွေ ရပ်ဆိုင်းထားပြီး၊ ဆွေးနွေးဖို့ မြန်မာစစ်တပ်က ကြေညာလိုက်တဲ့အပေါ် လတ်တလော တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ TNLA တအန်း (ပလောင်) အဖွဲ့က ကြိုဆိုလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ မြန်မာ့ကျောက်မျက် ရတနာ ဥပဒေကြမ်းဟာ ကျောက်စိမ်း ထွက်ရှိတဲ့ ဖားကန့်ဒေသမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အပြင်မြန်မာပြည်မှာ ကျောက်စိမ်း ဈေးကွက်ကြီးဖြစ်ဖို့ ရည်ရွယ်တာဖြစ်ပြီး အမျိုးသားလွှတ်တေ်ာ သံယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်က ပြောပါတယ်။
ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ ကချင်လူငယ် ဆန္ဒပြခေါင်းဆောင် ၃ ဦးကို ဒီကနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ငွေဒဏ်ချမှတ်လိုက်ပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ ဟာ တရုတ်နိုင်ငံမှာတွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေးအတွက် သဘောတူညီချက် ရရှိသွားပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဘူးသီးတောင်နဲ့ ရသေ့တောင်အသွားကားလမ်းမှာ မနေ့ညပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် လူ ၂ ယောက်သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ဟာ တရုတ်နိုင်ငံမှာတွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ပါဝင်ရေးအတွက် ဆွေးနွေးခဲ့ပေမယ့် အခုထိ ညှိနှိုင်းနေဆဲရှိပါသေးတယ်။
ဒုတိယကမ္ဘာစစ်ကာလက အသုံးပြုခဲ့တဲ့ ဂျပန်စစ်တပ်ရဲ့ မြေအောက်စစ်ဆေးရုံ တစ်ခုကို စစ်ကိုင်းတိုင်းဒေသကြီးမှာ တွေ့ရှိထားပြီး ဒေသတွင်း ခရီးသွားလုပ်ငန်းမှာ ပြည်တွင်းပြည်ပခရီးသည်တွေကို ဆွဲဆောင်နိုင်ရေးအတွက် တူးဖော်ဖို့ ပြင်ဆင်နေပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးခေါ်ယူရေးဟာ ကြန့်ကြာမှုတွေ ရှိနေပြီး ဒီလို ရေရှည်ကြန့်ကြာနေမယ်ဆိုရင် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာ နားလည်မှုတွေ လွဲမှားနိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။
၂၀၁၈ မှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒီနှစ်ထဲမှာ ထပ်မံကျင်းပဖို့ အလားအလာနည်းပါးကြောင်း UPDJC တာဝန်ရှိသူတွေက ပြောပေမယ့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ချုပ်ကတော့ ၂၀၁၈ မကုန်ခင် ဒါမှမဟုတ် နောက်နှစ် နှစ်ဆန်းပိုင်းမှာ ဖြစ်အောင်လုပ်မယ်လို့ ပြောပါတယ်။
ဒီရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံဘက်က သွားရောက်တဲ့ ကုန်တင်ကားတွေကို တရုတ်နိုင်ငံဘက်က စစ်ဆေးရေးတင်းကျပ်နေတာကြောင့် မူဆယ်မြို့မှာ ယာဉ်ကြောပိတ်ဆို့တာတွေဖြစ်ပေါ်နေပြီး နယ်စပ်ကုန်သွယ်ရေးကိုပါ ထိခိုက်လာနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်