ဇွန်က ၆ ရက်နေ့ မှာနှစ် ၂၀ သက်တမ်းရှိတော့မယ့် နိုင်ငံတကာ အာကာသစခန်း ISS မှာ ကြီးကြပ်ရေးမှုး အသစ် ဂျာမာန်အာကာသယာဉ်မှုး Alexandar Gerst နဲ့ အာကာသယာဉ်မှုး အသစ်တွေကိုလက်ခံသွားဖို့ ရှိပါတယ်၊၊၊ VOA သတင်းထောက် George Putic ကသတင်း ပေးပို့ထားတာကို မမြသဇင်အောင်က တင်ပြပေးပါမယ်၊၊
ဝါရှင်တန်မြို့တော်မှာ ကျင်းပခဲ့တဲ့ Filmfest DC လို့ခေါ်တဲ့ ရုပ်ရှင်ပွဲတော်မှာ နိုင်ငံရေးကို အလေးထားအာရုံစိုက်တဲ့ နိုင်ငံတကာက ပရိတ်သတ်ကို အဓိကထားပြတဲ့ ရုပ်ရှင်ကားတွေ ဖျော်ဖြေရေးသက်သက်ထက် ပိုပြီး ပြသခဲ့တဲ့အကြောင်း VOA သတင်းထောက် Penelope Poulou ရဲ့ သတင်းလွှာကို မခွာညိုက ပြောပြပါလိမ့်မယ်။
အန်တီ Caterina ဟာ အီတလီနိုင်ငံ Florence မှာ ပုံမှန် တက္ကဆီမောင်းတဲ့သူတယောက်ပါ။ ကင်ဆာရောဂါ ဝေဒနာသည်တွေကို အခမဲ့ ကားမောင်းပို့ပြီး ကူညီနေသူလည်း ဖြစ်ပါတယ်။ Tuscany ဒေသရဲ့ သွေးစည်းညီညွတ်မှု သံတမန်အဖြစ် မကြာသေးခင်က ဂုဏ်ပြုခန့်အပ်လိုက်ပါတယ်။ Mariama Diallo ရဲ့ သတင်းလွှာကို မခွာညိုက ပြောပြပါလိမ့်မယ်။
မတ်လ ၂၁ ရက်နေ့က သမ္မတဦးထင်ကျော် ရာထူးကနုတ်ထွက်တာနဲ့ တချိန်တည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်ခဲ့တဲ့ ဦးဝင်းမြင့်ကို ဒီကနေ့ မွန်းလွဲပိုင်းမှာ ကျင်းပတဲ့ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ အစုအဖွဲ့ အစည်း အဝေးကနေ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။
ရခိုင်ပြဿနာနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရက ဦးစားပေးဆောင်ရွက်မယ့် အချက်တွေကို ဗြိတိန်နိုင်ငံ အာရှနဲ့ ပစိဖိတ်ရေးရာဝန်ကြီး Mark Field က ချခင်းပြလိုက်ပါတယ် ရခိုင်ပြည်နယ်အခြေအနေ အချက်အလက်ရှာဖွေရေး ကုလသမဂ္ဂ မစ်ရှင်အဖွဲ့ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး မနေ့က ဗြိတိန်ပါလီမန်မှာ ဝန်ကြီး Field က သူတို့ရဲ့ ဦးစားပေး အချက် လေးချက်ကို ရှင်းပြသွားတာပါ။
ကျန်းမာရေးနဲ့ညီညွတ်နဲ့ နေထိုင်နည်းကို ရွေးချယ်ပြီး ကင်ဆာရောဂါအန္တရာယ်ကို ကာကွယ်ဖို့ WHO က တိုက်တွန်းပါတယ်။
အင်ဒိုနီးရှားသမ္မတ Joko Widodo ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက Cox’s Bazar ဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းကို တနင်္ဂနွေ နေ့က သွားခဲ့ပြီး အကူအညီတွေပေးခဲ့သလို နောက်ထပ် ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာအကူအညီတွေ ထပ်ပေးဖို့လည်း ကတိပြုပြောသွားခဲ့ပါတယ်။
အမေရိကန်အစိုးရ အသုံးစရိတ်မူကြမ်းအတည်ပြုရေးဟာ လူဝင်မှုကြီးကြပ်ရေးကိစ္စနဲ့ပတ်သက်လို့ ဒီမိုကရက်နဲ့ ရီပတ်ဘလီကင် လွှတ်တော် အမတ်တွေကြား သဘောတူညီမှု မရရှိနိုင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ သောကြာနေ့ည သန်းကောင်ယံက အမေရိကန်အစိုးရ ယန္တရားတစိတ်တပိုင်း ပိတ်ပစ်ရတဲ့ အခြေအနေ ဆိုက်ရောက်ခဲ့ရပါတယ်။
ရခိုင်ပြည်နယ်က အမျိုးသမီးတွေနဲ့ကလေးတွေဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ အာဟာရ မပြည့်ဝမှုဒဏ်ကို အပြင်းအထန်ခံစားနေကြရ ကြောင်း ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ WFP က သတိပေးထားပါတယ်။
အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို မတရားအသင် အက်ဥပဒေပုဒ်မ ၁၇ (၁) အပြင် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု - ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၁ (ခ) (ဂ) နဲ့ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ တို့နဲ့ အမှုဖွင့် အရေးယူဖို့ရှိပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွက် လူသားချင်းစာနာမှုအကူအညီ လိုအပ်တဲ့အခြေအနေနဲ့ပတ်သက်ပြီး အစီရင် ခံစာတစောင် ထွက်လာပါတယ်။ ကုလသမဂ္ဂနဲ့ မိတ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ UNOCHA လို့ခေါ်တဲ့ လူသား ချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာအဖွဲ့က ပြုစုထားတဲ့ ဒီအစီရင် ခံစာပါ အချက်တွေနဲ့ပတ်သက်ပြီး ပြောပြပါ့မယ်။
တရုတ်နိုင်ငံကိုရောက်နေတဲ့ သမ္မတ Trump က တရုတ်သမ္မတ Xi နဲ့တွေ့တဲ့အခါ မြောက်ကိုရီးယားအရေး ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို အပြည့်အဝ လိုက်နာဖို့ တိုက်တွန်းဖို့နဲ့ နှစ်နိုင်ငံကြား ကုန်သွယ်ရေး မညီမျှမှုဖြစ်နေတာကိုလည်း အဓိကထား ဆွေးနွေးသွားဖို့ ရှိပါတယ်။
လက်ရှိကုလသမဂ္ဂအထွေထွေညီလာခံရဲ့အလှည့်ကျဥက္ကဋ္ဌ နဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံ လွှတ်တော်ရဲ့ လက်ရှိ နိုင်ငံခြားရေးရာ ကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဒေါက်တာ Dipu Moni တို့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဗုဒ္ဓဟူးနေ့က ဆွေးနွေး ခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ အသက်မပြည့်တဲ့ ကလေးငယ်တွေ လက်ထပ်ထိမ်မြားတာကို ဥပဒေနဲ့ တားမြစ်ထားတဲ့ကြားကပဲ ရိုးရာအစဉ်အလာကြောင့် တကြောင်း၊ ဆင်းရဲငတ်မွတ်မှုကြောင့်တကြောင်း ဒီပြဿနာဟာ ဆက်လက်ရှိနေတယ်လို့ အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။ Saman Khan ရဲ့ သတင်းဆောင်းပါးကို မခွာညို တင်ပြထားပါမယ်။
တရုတ်သမ္မတရှီကျင့်ပင်က ဗုဒ္ဓဟူးနေ့က ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ (၁၉) ကြိမ်မြောက် အာဏာရကွန်မြူနစ်ပါတီညီလာခံဖွင့်ပွဲမှာ ကမ္ဘာ့ ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံကြီးအနေနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ အလေးထား ပြောကြားခဲ့ပါတယ်။
လန်ဒန်မြို့မှာ စနေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီကစပြီး ဗြိတိန်နိုင်ငံသားနဲ့ မြန်မာ မွတ်ဆလင်တချို့ ပါဝင်တဲ့ လူအင်အား ၄၀၀ ဝန်းကျင်ရှိ အင်္ဂလန်ရောက် မြန်မာနိုင်ငံသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို သုံးနေရာမှာ ကျင်းပခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ကုသလသမဂ္ဂ ဌာနချုပ်မှာ သြဂုတ်လ ၉ ရက် ကနေ ၁၂ ရက်နေ့အထိ လေးရက်တာ ကျင်းပခဲ့တဲ့ အကြိမ် (၂၀ ) မြောက် ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ လူငယ်ညီလာခံကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ကိုဇွဲပြည့်ဖြိုး တက်ရောက်ခဲ့ပါတယ်။
First Global အဖွဲ့က ပထမဆုံး ကြီးမှူးကျင်းပတဲ့ နိုင်ငံတကာက ၁၈ နှစ်အောက် ကျောင်းသားလူငယ်တွေ ယှဉ်ပြိင်ကြမယ့် ကမ္ဘာလုံးဆိုင်ရာ စက်ရုပ်ပြိုင်ပွဲကို မြန်မာနိုင်ငံက ယှဉ်ပြိုင်ကြမယ့် မြန်မာလူငယ်အဖွဲ့လည်း အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီ မြို့တော်ကို ရောက်ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းတွေ တိုးပွားလာနေချိန်မှာ မြန်မာ့လူငယ်တန်း ဒီဇိုင်းပညာရှင်တွေကလည်း ပြည်တွင်းဖြစ် အထည်တွေနဲ့ မြန်မာဆန်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးတီထွင် ထုတ်လုပ်လာနေကြတဲ့အကြောင်း AFP သတင်းဆောင်းပါးကိုအခြေခံပြီး မခွာညို တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်