မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းတွေ တိုးပွားလာနေချိန်မှာ မြန်မာ့လူငယ်တန်း ဒီဇိုင်းပညာရှင်တွေကလည်း ပြည်တွင်းဖြစ် အထည်တွေနဲ့ မြန်မာဆန်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးတီထွင် ထုတ်လုပ်လာနေကြပါတယ်။
အစ္စလာမ်ဘာသာအပေါ် စိုးရိမ်စိတ်လွန်ပြီး အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ မြန်မာနိုင်ငံမှာ မွတ်စလင်တွေရဲ့ Ramadan ဥပုသ်လပြီးဆုံးတော့မှာ ဖြစ်ပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်မန်ဒန် ဦးပုဒ်လရာသီ ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် Eid ပွဲတော်တွေကျင်းပဖို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ ပြင်ဆင်နေပါတယ်။ ဒီအကြောင်း AP၊ Reuter နဲ့ AFP သတင်းတွေမှာဖေါ်ပြတဲ့ ဆောင်းပါးတချို့ကိုစုစည်းပြီး မခွာညိုက တင်ပြထားပါတယ်။
၂၀၁၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ထုတ် အထင်ကရ Time Magazine မှာ နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်၁၀ ဦးတို့ရဲ့ အမည်တွေကို ဖော်ပြထားရာမှာ မြန်မာနိုင်ငံက မဝေဝေနုလည်း ပါဝင်ပါတယ်။
သမ္မတ Trump ရဲ့ ဝန်ကြီးအဖွဲ့ဝင်တွေ ခန့်ထားရေး လုပ်ငန်းစဉ်တွေ မအောင်မြင်အောင် ဒီမိုကရက်ဘက်က ကြိုးပမ်း နှောက်ယှက်နေတဲ့ကြားမှာပဲ နိုင်ငံခြားရေးဝန်ကြီးအဖြစ်သမ္မတTrump ရွေးချယ်ထားသူကိုရီပတ်ဘလစ်ကန် အများစုလွှမ်းမိုးထားတဲ့ အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို မခွာညိုက တင်ပြထားပါတယ်။
မြောက်အန္တလန်တိတ်စာချုပ်အဖွဲ့ NATO ဟာ အလုပ်မဖြစ်ဘူးလို့ အမေရိကန်သမ္မတ Donald Trump သိပ်မကြာခင်တုန်းက ပြောဆိုခဲ့ပြီးတဲ့နောက် ဒီအပေါ်မှာ ဥရောပခေါင်းဆောင်တွေ အတော်ကြီး အံ့အားသင့်ခဲ့ကြပါတယ်။ ဗွီအိုအေ သတင်းထောက် Henry Ridgwell ပေးပို့တဲ့သတင်းကို မခွာညို က တင်ပြထားပါတယ်။
အခုလာမယ့် သောကြာနေ့၊ ဇန်နဝါရီလ ၂၀ ရက်နေ့ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ (၄၅) ဦးမြောက် ရွေးကောက်ခံသမ္မတဟာ တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုပြီး သမ္မတတာဝန်ကို စတင်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းရေး လုပ်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ် ဘက်ကို မြန်မာနိုင်ငံက မူဆလင်တွေ အလုံးအရင်းနဲ့ လှိမ့်ဝင်နေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာ အစိုးရကို ဒုတိယအကြိမ် ပြောခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေသူတွေ ကိစ္စ အပါအဝင် နှစ်နိုင်ငံအကြား ကိစ္စရပ်အသီးသီးကို ဆွေးနွေးဖို့ အထူးသံတမန်တဦး လွှတ်ဖို့ ရှိတယ် လို့လည်း မြန်မာဘက်က ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ဆက်ဆံရေးကတော့ ၂၀၁၆ ခုနှစ်အတွင်း သိသိသာသာကြီး ဆိုးရွားလာခဲ့ပါတယ်။ နျူးကလီးယားလက်နက်ပိုင် နှစ်နိုင်ငံကြား တင်းမာမှု အရှိန်တက်လာနေတာကို နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်နေကြတဲ့အကြောင်း Ayesha Tanzeem သတင်းပေးပို့ထားတာကို မခွာညိုက တင်ပြထားပါတယ်။
တနင်္လာနေ့က ထုတ်ပြန်တဲ့ AI အဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တာမှာ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကို ဖြေရှင်းရာမှာ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ပစ်မှတ်ထားပြီး စနစ်တကျနဲ့ လူသားမဆန်တဲ့ပြစ်မှုတွေ ကျူးလွန်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ကုလသမဂ္ဂအဖွဲ့ကြီးက လူသားချင်းစာနာမှုအတွက် စံချိန်တင်တဲ့ တောင်းဆိုမှုအဖြစ် - မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံက လူပေါင်း ၉၃ သန်းကို အရေးပေါ်ကယ်တင်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၂.၂ ဘီလီယံ (မီလီယံအားဖြင့် သန်းပေါင်း ၂၂,၂၀၀) လှူဒါန်းကြဖို့ နိုင်ငံတကာ အလှူရှင်တွေ ထံမှာ မေတ္တာရပ်ခံလိုက်ပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ် အောင်ဆန်းစုကြည်ဟာ ကွန်ဂရက်စ်ပါတီ အတိုက်အခံခေါင်းဆောင် ဆိုနီယာဂန္ဒီကို သူမရဲ့ နေအိမ်မှာ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။
မကြာခင်ရာထူးသက်တမ်းကုန်ဆုံးတော့မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းရဲ့နေရာကို ဆက်ခံဖို့ ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ် လောင်း (၉) ဦးအနက် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း Antonio Guterres က မဲအများဆုံးနဲ့ အသာရနေပါတယ်။
“သူတို့တွေဟာ အပြစ်မဲ့တဲ့လူတွေကို ထိခိုက်ဖို့ ကြိုးစားနေကြတဲ့ အပြင် ကျနော်တို့အားလုံးကို အကြောက်တရားရစေချင်ကြပါတယ်။ နေ့စဉ်နေထိုင်မှုဘဝအပြင် ကျနော်တို့ရဲ့ စံတန်ဖိုးတွေကိုပါ ဖျက်ဆီးချင်ကြတယ်။"
အမေရိကန်ရဲ့ မဲပေးစနစ် လုံခြုံရေး ပိုမိုကောင်းမွန်အောင်လုပ်ဖို့ FBI က နောက်တကြိမ် သတိပေးလိုက်ပါတယ်။ ဒီတကြိမ် ဆိုက်ဘာ တိုက်ခိုက်မှုကိုလည်း အမေရိကန် အရာရှိတွေကတော့ ရုရှားကို သံသယရှိနေပါတယ်။ Steve Baragona ရဲ့ သတင်းဆောင်းပါးကို မခွာညိုက တင်ပြပေးပါမယ်။
ဗီယက်နမ်စစ်ပွဲကာလ လာအိုနိုင်ငံကို အမေရိကန်တပ်တွေကြဲချခဲ့တဲ့ ဗုံးတန်ချိန် ၂သန်း ၂သိန်းထဲက သုံးပုံတပုံလောက် မပေါက်ကွဲသေးပဲကျန်နေပြီး ဗုံးဒဏ်ကြောင့်ထိခိုက်ခဲ့ရတဲ့ လာအိုနိုင်ငံသားတစ်သောင်းခွဲအတွက် အထောက်အပံ့တွေ လိုအပ်နေဆဲဖြစ်ကြောင်း Daniel de Carteret သတင်းပေးပို့ထားတာကို မခွာညိုက တင်ပြထားပါတယ်။
“ရာစုနှစ်နဲ့ချီပြီးတော့ နိုင်ငံမှာ စီးပွားရေးအပြောင်းအလဲတွေဖြစ်တိုင်း အလုပ်ကိုတန်ဖိုးထားတဲ့အလုပ်သမားတွေဟာ အလုပ်သမားသမဂ္ဂတွေ စည်းရုံးပြီး အဖွဲ့ဝင်တွေ လစာတိုးပေးရေး၊ စားဝတ်နေရေး အဆင်ပြေဖို့အတွက် သူတို့အတွက်သာမက သူတို့ရဲ့ ရောင်းရင်းတွေအတွက်ပါ တောင်းဆိုခဲ့ကြပါတယ်။"
ဗုဒ္ဓဟူးနေ့ လှုပ်ခဲ့တဲ့ ငလျင်နောက်ပိုင်း ရှေးဟောင်းလက်ရာတွေရှိရာ ပုဂံဒေသက စေတီပုထိုးတော်တွေရဲ့ ပျက်စီးမှုနဲ့ ရှင်းလင်းထိန်းသိမ်းရေး အပိုင်းတွေကို လူအများက စိတ်ဝင်စားသလို ရှေးဟောင်းလက်ရာတွေ ပျက်စီးပျောက်ကွယ်သွားမယ့် အရေးကိုလည်း စိုးရိမ်နေကြပါတယ်။
ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ အများအပြား ကြုံခဲ့ရပြီးတဲ့နောက် ဒီနှစ်နွေရာသီမှာ လုံခြုံရေးသတိပေးချက် တိုးမြင့်ထားပါတယ်။ ရာသီပွဲတော်အားလုံးကို လုံးဝဖျက်ပစ် ဒါမှမဟုတ်လည်း အရင်လောက် ခမ်းခမ်းနားနား မလုပ်ကြပါဘူး။ Lisa Bryant သတင်းလွှာကို မခွာညိုက တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ပြည်နယ်အသီးသီးမှာ နေထိုင်နေကြတဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများနဲ့ စုဖွဲ့ထားတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှု အင်အားစုအဖွဲ့က မြန်မာနိုင်ငံအတွင်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တနိုင်ငံလုံးအပစ်ရပ်ရေးအတွက် ဦးတည်ကြိုးပမ်းနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြောင်းပြသဖို့ စနေနေ့တိုင်းမှာ အွန်လိုင်းအစည်းအဝေးတရပ်ကျင်းပလျှက်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်