အစ္စရေးက အီရန်ကို တိုက်ခိုက်မယ့်အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်မှတ်တမ်းတွေကို ခွင့်ပြုချက်မရှိဘဲ ပေါက်ကြားခဲ့တဲ့အပေါ် အမေရိကန်က စုံစမ်းစစ်ဆေးနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတသစ်အဖြစ် Prabowo Subianto ဒီကနေ့ပဲ ကျမ်းသစ္စာကျိန်ဆို လိုက်ပါတယ်။ ရိုးရာဝတ်စုံ ဝတ်စားထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Subianto လွှတ်တော်ရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပြီး ကမ္ဘာမှာ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ ၈ ယောက်မြောက်သမ္မတ ဖြစ်လာခဲ့တာပါ။
မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာတွေကို စောင့်ကြည့်သွားမယ့် အဖွဲ့တဖွဲ့ကို အမေရိကန်က ဦးဆောင်ဖွဲ့စည်းလိုက်တဲ့အပေါ် ဥပဒေမဲ့ တရားဝင်မှုမရှိတဲ့ လုပ်ရပ်အဖြစ် မြောက်ကိုရီးယား ထိပ်တန်းသံတမန်က ဒီကနေ့ပဲ ဝေဖန်လိုက်ပါတယ်။
လက်ဘနွန်နိုင်ငံမြို့တော်မှာ ဟက်ဇ်ဘူလာအဖွဲ့ရဲ့ ကွပ်ကဲရေးဌာနလို့ဆိုတဲ့ နေရာတခုကို အစ္စရေးက ဒီကနေ့ ပစ်မှတ်ထား တိုက်ခိုက်နေသလို၊ ဂါဇာဒေသမှာတော့ လေကြောင်းတိုက်ခိုက်မှု တကြိမ်တည်းမှာတင် လူ ၇၃ ယောက် သေဆုံးကြောင်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံ အနောက်ပိုင်းဒေသတွေမှာ ဒီကနေ့ ယူကရိန်းက ပစ်လွှတ်လိုက်တဲ့ ဒရုန်း ၁၀၀ ကျော်ကို လေကြောင်းရန် ကာကွယ်ရေးက ကြားဖြတ်ပစ်ချခဲ့ကြောင်း ရုရှားတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံမှာ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ထိမှန်ရာက လူ ၁၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာပါ။
အရှေ့ အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေချိန်၊ ယူကရိန်းအရေးနဲ့ ပတ်သက်လို့လည်း ဖိအားတွေ တိုးလာနေချိန်မှာ ကမ္ဘာ့လုံခြုံရေးရာ ကိစ္စတွေကို ဆွေးနွေးဖို့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G7 ကာကွယ်ရေးဝန်ကြီးတွေ ဒီကနေ့ အီတလီနိုင်ငံမှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
အစ္စရေးနိုင်ငံမြောက်ပိုင်း ကေးစရီးယား -Caesarea မြို့မှာရှိတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ အပန်းဖြေ နေအိမ်ရှိရာကို ဒရုန်းတစင်း ဒီနေ့ပျံသန်းလာခဲ့ပေမဲ့ အဲဒီအချိန် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ကတော်တို့ အိမ်မှာရှိမနေဘူးလို့ ပြောခွင့်ရကပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ မန္တလေးမြို့က ကောင်စစ်ရေးရာဌာ မနေ့ အောက်တိုဘာ ၁၈ ရက် သောကြာနေ့ ညနေပိုင်းက တိုက်ခိုက်ခံခဲ့ရပါတယ်။ ကျုံးတောင်ဘက်မှာရှိတဲ့ တရုတ်ကောင်စစ်ရုံးဝန်းထဲမှာ မနေ့က ညနေစောင်းပိုင်းမှာ ပေါက်ကွဲသံ ကြားခဲ့ရပြီး ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရုရှားနဲ့ စစ်သုံ့ပန်း လဲလှယ်ရေးအစီအစဉ်အရ ယူကရိန်းစစ်သား ၉၅ ယောက် အိမ်ပြန်ရောက်လာကြပြီလို့ သမ္မတ Volodymyr Zelenskyy က ပြောကြားခဲ့ပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ နှစ်ဘက်အကျဥ်းသား ၉၅ ယောက်စီ အပြန်အလှန် သောကြာနေ့ ညပိုင်းက လဲလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။
အင်အားပြင်း ဟာရီကိန်းမုန်တိုင်း ၂ ခု ဆက်တိုက် ဝင်ရောက်ခဲ့တဲ့ အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်အတွက် ကပ်ဘေးအန္တရာယ် အရေးပေါ်ရန်ပုံတွေ ထပ်မံအတည်ပြုဖို့လည်း ကွန်ဂရက်လွှတ်တော်ကို သမ္မတက တိုက်တွန်းထားပါတယ်။
တရုတ်စစ်တပ်ရဲ့ လေယာဉ်တင်သင်္ဘော Liaoning ဦးဆောင်တဲ့ ရေတပ်သင်္ဘောအုပ်စုဟာ Bashi ရေလက်ကြားနားကို ဝင်ရောက်လာတယ်လို့ တိုင်ဝမ်ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
သီတင်းပတ် အောက်တိုဘာလ ၆ ရက်နေ့က နေရာ ၄ ခုကို စီးနင်းရှာဖွေမှုတွေအတွင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး တနေရာတည်းမှာတင် ၁၂၉ ယောက် ဖမ်းဆီးမိခဲ့ပြီး စုစုပေါင်း ၁၉၈ ယောက်ကို ဖမ်းဆီးလိုက်ကြောင်း သီရိလင်္ကာ ရဲတပ်ဖွဲ့ပြောခွင့်ရကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။
ဂါဇာဒေသမြောက်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေ စစ်ဆင်ရေး တိုးချဲ့လာနေပြီး ဂါဇာမြို့မြောက်ဖက်အစပ်ကို ရောက်လာတဲ့ တင့်ကားတွေနဲ့ Sheikh Radwan အရပ်က နေရာတချို့ကို ပစ်ခတ်နေတာကြောင့် မိသားစုတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်ပြီး၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလုပ်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံခေါင်းဆောင်တွေ ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းက ရွာ ၂၃ ရွာမှာ နေထိုင်တဲ့ ဒေသခံတွေ ဘေးလွတ်ရာကို သွားကြဖို့ အစ္စရေးစစ်တပ်က ဒီနေ့ ကြေညာထားပါတယ်။ ရွာအများစုက ဒေသခံတွေကတော့ အစထဲက ဘေးလွတ်ရာ ပြောင်းကုန်ကြလို့ လူမရှိသလောက် ဖြစ်ကုန်ပါပြီ။
တရုတ်နိုင်ငံမှာ တိုးတက်နှုန်းနှေးကွေးနေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့အတွက် အစိုးရက အထူးငွေစုလက်မှတ်တွေ ထုတ်ရောင်းတော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း ပမာဏအများဆုံး ငွေကြေးကျားကန်ပေးမယ့် အစီအစဉ်အရ အစိုးရဘဏ်တွေ၊ ဒေသန္တရအစိုးရတွေ၊ အိမ်ခြံမြေဈေးကွက်တွေကို ထောက်ပံ့မှာ ဖြစ်ပါတယ်။
ရုရှားအကျဉ်းထောင်ထဲမှာ ကွယ်လွန်သွားတဲ့ ရုရှားနိုင်ငံရေးအတိုက်အခံ Alexei Navalny ဟာ သူထောင်ထဲမှာ သေဆုံးမယ်လို့ ယုံကြည်ထားတာကို မကြာခင် ထုတ်ဝေမယ့် ကိုယ်တွေ့ဘဝမှတ်တမ်း စာအုပ်ထဲမှာ ရေးသားထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော် သမ္မတအိမ်ဖြူတော်ဝန်းရဲ့ တောင်ဘက်ခြမ်း မြက်ခင်းပြင်နဲ့ ပန်းဥယျာဉ်ကို အခု စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ အများပြည်သူ ဝင်ကြည်နိုင်အောင် ဖွင့်ပေးထားပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပမ်းစားတဲ့ ချင်းမိုင်မြို့မှာ ရုတ်တရက်ရေကြီးမှုအတွင်း ဆင် ၂ ကောင် ရေနစ်သေဆုံး သွားတယ်လို့ ဆင်စခန်းတာဝန်ရှိသူတွေ ဒီနေ့ပြောပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှာ မွတ်ဆလင်ဗလီတခုကို ဒီကနေ့အစောပိုင်း အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၉ ယောက် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်