အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲကို ကပြောင်းကပြန် ဖြစ်သွားအောင် ကြံစည် ကြိုးပမ်းကြတဲ့ ပြည်ပစွက်ဖက်တဲ့ လှုပ်ရှားမှုတွေ၊ လုပ်ကြံသတင်းတွေ၊ ထိုးနှက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မဲပေးကြမယ့် မဲဆန္ဒရှင်တွေကို FBI က ကြိုတင် သတိပေးထားပါတယ်။
အင်းလေးဒေသမှာ ရေဘေးသင့်ခဲ့တဲ့ နေရာတွေထဲက တချို့ရွာတွေမှာ လေပြင်းဒဏ်ကို ပြီးခဲ့တဲ့ရက်ပိုင်းထဲ ထပ်ပြီးကြုံခဲ့ရပါတယ်။ လေပြင်းတိုက်ခိုက်လို့ နေအိမ်အလုံး ၃၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ပြီး၊ အိမ်ခြေ ၃ လုံးကတော့ လုံးဝပြိုကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရီပါဗလစ်ကန်ပါတီ ဒုသမ္မတလောင်း အထက်လွှတ်တော်အမတ် JD Vance ဟာ မချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာသူဖြစ်ပြီးတော့ စက်မှုလုပ်ငန်းတွေ ပျက်စီးနေတဲ့ အနောက်အလယ်ပိုင်းက အိုဟိုင်းယိုးပြည်နယ် Middletown မြို့လေးမှာ ကြီးပြင်းခဲ့သူပါ။ သူ့အကြောင်း Carolyn Presutti သတင်းပေးပို့ ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါမယ်။
အမေရိကန်မဲဆန္ဒရှင် သန်းပေါင်းများစွာဟာ နိုဝင်ဘာလ ၅ ရက် အင်္ဂါနေ့မှာ တပြည်လုံးအတိုင်းအတာနဲ့ မဲပေးခဲ့ကြပြီး ဒုသမ္မတ ကာမာလာဟဲရစ်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ကြား သမ္မတအဖြစ် ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာ ဆုံးဖြတ်နေကြပါတယ်။
အမေရိကန်မှာ ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲအပေါ် မြန်မာနိုင်ငံက အကဲခတ်တွေလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ ကမ္ဘာ့နိုင်ငံရေးနဲ့စီးပွားရေး အင်အားအကြီးဆုံး အမေရိကန်ရဲ့အစိုးရအပြောင်းအလဲတွေဟာ ကမ္ဘာတလွှား ရိုက်ခတ်လာနိုင်သလို မြန်မာ့အရေးမှာလည်း သက်ရောက်နိုင်တာကြောင့် စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဇီးပေါက်ရွာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်းနဲ့ နေအိမ် အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ အမေရိကန် သမ္မတရွေးကောက်ပွဲကို ပြည်နယ်အသီးသီးက သန်းနဲ့ချီတဲ့ မဲဆန္ဒရှင်တွေ မဲရုံတွေကို သွားနေကြပါပြီ။ မနေ့ကအထိ AP သတင်းဌာနက ကောက်ယူထားတဲ့ စာရင်းအရ ကြိုတင်မဲပေးသူ ၈၂ သန်းလောက် ရှိခဲ့ပြီး ဒါဟာဆိုရင် နောက်ဆုံး သမ္မတရွေးကောက်ပွဲထက် အနည်းငယ် ပိုများပါတယ်။
ဒီကနေ့ အင်္ဂါနေ့မှာကျင်းပတဲ့ အမေရိကန်ရွေးကောက်ပွဲမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် လွှတ်တော် နှစ်ရပ်လုံးကို အများစုနဲ့ထိန်းချုပ်နိုင်ရေးဟာ အရေးပါတဲ့ကိစ္စဖြစ်ပါတယ်။ သမ္မတအသစ်ရဲ့ အစီစဉ်တွေကို ထောက်ခံ အားပေးမလား၊ ဒါမှမဟုတ်ကန့်ကွက်မလား ဆိုတာကတော့ လွှတ်တော်နှစ်ရပ်ရဲ့ လက်ထဲမှာ ရှိပါတယ်
"မနေ့က ကန်ဖန်ကိုနောက်ဆုံးထိုးစစ်ဆင်တာ။ ဖီမော်၊ ဂေါ်လန်ဘက်က ပြည်သူ့စစ်၊ BGF တွေကတော့ ကန်ဖန်ဘက်မှာ ထွက်ပြေးပြီး စုရုံးနေတယ်လို့ သတင်းရပါတယ်။ ။ ကျနော်တို့ တပ်ပေါင်းစုတွေ ထိုးစစ်ဆင်လာတဲ့အခါမှာတော့ တချို့ ထွက်ပြေးကြတယ်။ တချို့ကတော့ KIA တပ်ပေါင်းစုဆီမှာ ပူးပေါင်းသွားတယ်တဲ့။" (ဗိုလ်မှူးကြီးနော်ဘူ/KIA)
မြန်မာအပါအဝင် ဖွံ့ဖြိုးမှုအနည်းဆုံး LDC လို့ ကုလသမဂ္ဂကသတ်မှတ်ထားတဲ့ ၄၅ နိုင်ငံမှာ ကာဗွန်ဈေးကွက် ခေါ် ဖန်လုံအိမ်ဓါတ်ငွေ့ လျှော့ချတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ပူးတွဲလုပ်ဆောင်ဖို့ ကုလ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (UNCTAD) က မနေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
သမ္မတရွေးကောက်ပွဲ ကျင်းပတဲ့နေ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ လုံခြုံရေး အထူးတင်းကြပ်ထားပါတယ်။ ရွေးကောက်ပွဲ အကြောင်းပြ အကြမ်းဖက်မှုမျိုးတွေ ပေါ်ပေါက်မှာကို လက်ခံမှာ မဟုတ်တဲ့အကြောင်း မြို့တော်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ကြေညာကြတာပါ။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ နာရီပိုင်းအလိုမှာပဲ အမေရိကန်ပြည်သူတွေအကြား ရွေးကောက်ပွဲကို အကြောင်းပြုပြီး သွေးကွဲအောင်၊ ပဋိပက္ခဖြစ်အောင် သွေးထိုးပေးတဲ့ ပြည်ပက လှုံဆော်တဲ့ လုပ်ရပ်တွေကို သတိထားဖို့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်လာနေတာနဲ့အမျှ အဓိက ဝင်ငွေရတဲ့ လုပ်ငန်းတခုဖြစ်တဲ့ မြေရှားသတ္ထု တူးဖော်မှုတွေမှာလည်း ထိခိုက်လာနေပါတယ်။
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ဒီကနေ့ အင်္ဂါနေ့မှာ ရောက်သွားပါတယ်။ ဒီခရီးစဉ်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံကို တရားဝင်လူသိရှင်ကြားသွားရောက်တဲ့ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။
နိုင်ငံသားခံယူထားတဲ့ နိုင်ငံခြားက ရွှေ့ပြောင်းလာသူတွေဟာ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ မဲထည့်ဝင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေထဲ ၁၀ ပုံ ၁ ပုံ ပါဝင်ပါတယ်။ သူတို့အနေနဲ့ ရွေးကောက်ပွဲမှာ သက်ရောက်မှုရှိစေနိုင်မလား။ ပုံပြရုပ်သံမှာ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump ပြန်အနိုင်ရဖို့ အလားအလာ ရှိမရှိ ဥရောပနိုင်ငံတွေက ပြည်သူတွေ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပါတယ်။ NATO မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့နဲ့ မဟာမိတ်တွေ ရှေ့ရေး ရင်တမမစောင့်ကြည့်ရမယ့် ရွေးကောက်ပွဲလို့လည်း ခန့်မှန်းကြတာပါ။ မမြသဇင်အောင်ပြောပြပါမယ်။
၁၇၈၈ ကနေ ၁၇၈၉ ခုနှစ်အတွင်းကျင်းပခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး သမ္မတရွေးကောက်ပွဲမှာ ပြည်နယ် ၁၀ ခုပဲ ပါဝင်ခဲ့ပြီး အနိုင်ရမယ့်သူကိုလည်း ကြိုသိနေပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီရွေးကောက်ပွဲက အခုမျက်မှောက်ခေတ်သစ်အထိ ရေရှည်တည်တံ့တဲ့ ဒီမိုကရေစီ ထုံးတမ်းစဉ်လာတခုကို အစပြုဖန်တီးပေးခဲ့တာပါ။
ဆီးရီးယားနိုင်ငံ Damascus မြို့တော်မှာရှိတဲ့ ဟက်ဇ်ဘိုလာ ဆီးရီးယားဌာနခွဲ ရဲ့ ထောက်လှမ်းရေးဌာနချုပ်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဆီးရီးယားမှာ အခုလို တိုက်ခိုက်တာတွေကို အစ္စရေး အာဏာပိုင်တွေက အရင်က ထုတ်ဖော် ပြောလေ့ သိပ်မရှိပါဘူး။
ကနေဒါနိုင်ငံမှာရှိတဲ့ ဟိန္ဒူ ဘုရားကျောင်းတခုကို Sikh ဘာသာရေး လှုပ်ရှားသူတွေက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပြီး အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တနင်္လာနေ့က ရှုတ်ချလိုက်ပါတယ်။
ရုရှားကို လက်နက်တွေ ကူညီ ထောက်ပံ့ပေးနေတဲ့ အတွက် မြောက်ကိုရီးယားနိုင်ငံကို တောင်ကိုရီးယားနဲ့ EU ဥရောပသမဂ္ဂ တို့က ပူးတွဲ ရှုတ်ချလိုက်ကြပြီး ယူကရိန်းကို တိုက်နေတဲ့ ရုရှားကို စေလွှတ်ခဲ့တဲ့ တပ်ဖွဲ့တွေကိုလည်း ပြန်ရုတ်သိမ်းဖို့ တောင်းဆိုလိုက် ပါတယ်။
နောက်ထပ်ကြည့်ရှုရန်