အစ္စရေးရေတပ်က လယ်ဘနွန်မြောက်ပိုင်းမှာ ဟက်ဇ်ဘိုလာ (Hezbollah) အကြီးတန်း စစ်ရေးတာဝန်ရှိသူ တဦးကို ဖမ်းမိခဲ့တယ်လို့ အစ္စရေး စစ်တပ်က စနေနေ့မှာ ပြောပါတယ်။
စစ်ပွဲတွေ ဖြစ်ပွားနေတာဟာ သတင်းသမားတွေကို သတ်ဖြတ်သူတွေ တာဝန်ခံ တာဝန်ယူမှုှရှိအောင် လုပ်ဖို့ ခက်ခဲစေ ကြောင်းနဲ့ အထူးသဖြင့် မြန်မာ၊ ယူကရိန်းနဲ့ အစ္စရေး မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေက သတင်းထောက်တွေကို အကြီးအကျယ် ထိခိုက်မှု ရှိစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ အီရန်ခေါင်းဆောင်ကြီးက ကတိပြုထားချိန်မှာပဲ စနေနေ့က အစ္စရေး အလယ်ပိုင်းဒေသ အတိုက်ခိုက်ခံခဲ့ရပြီး Tira မြို့ကလေးမှာတော့ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
မြောက်ကိုရီးယား တပ်သားတွေကို ဘယ်မှာ လေ့ကျင့်ပေးနေတယ်ဆိုတာကို ယူကရိန်းက သိထားတာဖြစ်ပြီး သူတို့ကို ယူကရိန်းက ဝင်တိုက်နိုင်ပေမယ့် ရုရှားပိုင်နက်အတွင်းပိုင်းက ပစ်မှတ်တွေအတွက် မဟာမိတ်တွေက ယူကရိန်းကို သူတို့ရဲ့ တာဝေးပစ်လက်နက်တွေသုံးခွင့် ပေးမထားတာကြောင့် ယူကရိန်းက မတိုက်ခိုက်နိုင်ကြောင်းလည်း ပြောပါတယ်။
ရုရှားကို တပ်သား ၈,၀၀၀ လောက်စေလွှတ်ထားတဲ့ မြောက်ကိုရီးယားက သူတို့ဟာ ယူကရိန်းစစ်ပွဲအောင်နိုင်ချိန်အထိ ရုရှားကို အထောက်အကူပေးမှာဖြစ်ကြောင်း မော်စကိုကိုရောက်နေတဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son Hui က ပြောပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး ပုံစံသစ် ဖြစ်လာတာအတွက် ချီးကျူးပြောဆိုခဲ့ကြတာပါ။
ရွေးကောက်ပွဲကျင်းပဖို့ နီးလာချိန်မှာပဲ သမ္မတလောင်းတွေဖြစ်တဲ့ ဒုသမ္မတ Kamala Harris နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ဟာ သောကြာနေ့မှာ အရေးပါတဲ့ မွတ်စလင်အမေရိကန် မဲတွေရဖို့ အပြိုင် မဲဆွယ်နေကြပါတယ်။ အထူးသဖြင့် မီရှီဂန်ပြည်နယ်က အာရပ်နဲ့ မွတ်စလင်အမေရိကန်တွေရဲ့ ထောက်ခံမှုရဖို့ ကြိုးစားခဲ့တာပါ။
စပိန်နိုင်ငံ အရှေ့ပိုင်းဒေသ Valencia ဗလန်းစီယာ တောင်ပိုင်းမြို့ရွာ အများအပြားမှာ လွန်ခဲ့တဲ့ ၃ ရက်က မကြုံစဖူး ရုတ်တရက် ရေလွှမ်းသွားတဲ့အတွက် သောကြာနေ့အထိဆိုရင် သေဆုံးသူ အနည်းဆုံး ၂၀၅ ယောက်နဲ့ ပျောက်ဆုံးသူ အများအပြား ရှိနေပါတယ်။
အာတိတ်ဒေသမှာ ရုရှားနဲ့ တရုတ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာတာကို အမေရိကန်က စောင့်ကြည့်နေတာဖြစ်ပြီး ဒီ ၂ နိုင်ငံရဲ့ လတ်တလော ဒေသတွင်း စစ်ရေးပူးပေါင်းလှုပ်ရှားမှုတွေမှာ စိုးရိမ်ရတဲ့ လက္ခဏာတွေ တွေ့လာရတယ်လို့ အာတိတ်ဒေသဆိုင်ရာ အမေရိကန် သံမှူး Michael Sfraga က ပြောပါတယ်။
တရုတ်နိုင်ငံ ယူနန်အစိုးရက မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်ပြီးနောက်ပိုင်း ကချင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက နယ်စပ်မြို့တွေမှာ လူသုံးကုန်နဲ့ စားသောက်ကုန်တွေ ရှားပါး၊ ပြတ်လပ်နေကြောင်း ဒေသခံတချို့ကပြောပါတယ်။ တရုတ်ဘက်က စားသောက်ကုန်ကို တနိုင်တပိုင် သယ်ခွင့်ပေးထားကြောင်း ဒေသခံကပြောပါတယ်။
နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲအတွက် အမေရိကန်ပြည်နယ်တော်တော်များများ ကြိုတင်မဲတွေ ပေးနေကြတဲ့အချိန်မှာပဲ ကြိုတင်မဲပုံးတချို့ ဖျက်ဆီးခံနေပါတယ်။ အရှေ့ပိုင်း ပြည်နယ်တချို့မှာ ရေဘေးဒဏ်ကြောင့် မဲဆန္ဒရှင်တွေ မဲပေးဖို့ အခက်အခဲနေချိန်မှာ ကြိုတင်မဲပုံးတွေ ဖျက်ဆီးခံနေရတာဖြစ်ပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ရေး၊ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်ရေးနဲ့၊ အာကာသလုံခြုံရေးဆိုင်ရာ အပါအဝင် ပူးပေါင်းဆောင်ရွက်ရေးတွေကို EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell နဲ့ ဂျပန်နိုင်ငံခြားဝန်ကြီး Takeshi Iwaya တို့ Tokyo မြို့တော်မှာ လက်မှတ်ထိုး သဘောတူခဲ့ကြပါတယ်
မြန်မာနိုင်ငံအတွင်း အရပ်သားတွေအပေါ် ရက်စက်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဆိုးဆိုးဝါးဝါး တိုးလာနေပြီး ကျုးလွန်သူတွေထဲမှာ စစ်တပ်အပြင် စစ်တပ်ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေ ပါဝင်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM အကြီးအကဲက ပြောကြားလိုက်ပါတယ်။
ကြာသပတေးနေ့က Metula မြို့ဘက်ကို ပစ်ခတ်လိုက်တဲ့ Rocket ဒုံးကျည်ကြောင့် ထိုင်း ၄ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တဲ့အပေါ် အင်မတန်ဝမ်းနည်းတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က X လူမှုကွန်ရက်မှာ ဒီနေ့ ရေးသားခဲ့ပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲကျင်းပနေတဲ့ အချိန်ဟာ မဲဆန္ဒရှင်ဖြစ်တဲ့ အမေရိကန် လယ်သမားတွေ စီးပွားရေးအခက်အခဲတွေ ကြုံနေရတဲ့ အချိန် ဖြစ်ပြီး အစိုးရရဲ့ မူဝါဒတွေနဲ့ ဆက်နွယ်ပြီး သူတို့ အခေါ် လေဆန်ကို ဆန်တက်နေရတဲ့ ကာလ ဖြစ်နေပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား တိုက်ပွဲပြင်းထန်နေဆဲ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ပိုတိုးလာနေပါတယ်။ အထူးသဖြင့် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက် သေဆုံးမှုတွေ များလာနေတာပါ။
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ် အစပ်မှာရှိတဲ့ ဗန်းမောက်ကျေးရွာနားကနေ စစ်ဘေးလွတ်အောင် ထွက်ပြေးကြတဲ့ ပြည်သူတွေအပေါ် စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက်သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ရုရှားစစ်ကြောင့် ယူကရိန်းနိုင်ငံသား သန်း ၆ ကျော် ဥရောပပြည်ပထွက်ပြေးကြရတာမှာ ၆ သောင်းကျော်က ကလေးနှင့်အမျိုးသမီးတွေဖြစ်ပြီး ဟန်ဂေရီနိုင်ငံမှာ ခိုလှုံနေကြရပါတယ်။ VOA အရှေ့ဥရောပဗျူရိုတာဝန်ခံ Myroslava Gongadze၏ သတင်းကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်ကို ဒီနေ့မနက်က စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တဦး သေဆုံးပြီး တချို့ ဒဏ်ရာရခဲ့ပါတယ်။ ကချင်ပြည်နယ် အထူးဒေသ ၁၊ ချီဖွေမြို့နယ် ဖီမော်ရှိ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၁ ကိုလည်း KIA က သိမ်းယူလိုက်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
အမေရိကန်ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုချိန်မှာ နိုင်ငံ့အနောက်တောင်ပိုင်းက အပြိုင်အဆိုင်မဲဆွယ်နေရတဲ့ အရီဇိုးနားနဲ့ နီဗားဒါးပြည်နယ်တွေက ကြာသပတေးနေ့ မဲအခြေအနေကို ကြည့်ပြီး သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ ဒုသမ္မတ Harris နဲ့ သမ္မတဟောင်း Trump တို့ဟာ အမျိုးသမီးတွေအရေး အပြန်အလှန်ပြောဆို မဲဆွယ် နေပါတယ်။
တရားမဝင်ကုန်ပစ္စည်းရောင်းချမှုကို တားဆီးဖို့ပျက်ကွက်တယ်ဆိုတဲ့သံသယနဲ့ တရုတ်အွန်လိုင်း အရောင်းကုမ္ပဏီ Temu ကို စုံစမ်းစစ်ဆေးနေတယ်လို့ အီးယူ-ဥရောပသမဂ္ဂက ကြာသပတေးနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်