ဧပြီလ ၂၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်း AA အကြမ်းဖက်အဖွဲ့ကနေ အဖျက်အမှောင့်လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့ ဖေါ်ပြထားပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်းခရီးစဉ်အတွင်း ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ COVID-19 သံသယရှိသူတွေနဲ့တွေ့ဆုံအပြီး လှူဒါန်းထားတဲ့ Test Kit စက်နဲ့ ဆေးစစ်ကြည့်ရာမှာ ခရီးစဉ်ပါ အဖွဲ့ဝင်နှစ်ဦးမှာ ရောဂါလက္ခဏာရှိကြောင်း တွေ့ရတာပါ။
ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆိပ်ကျေးရွာအတွင်း မြန်မာစစ်တပ်က ဝင်ရောက်စစ်ဆေးခဲ့ပြီး ရွာသား ၃၈ ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းရာကနေ ဒီအထဲက ၃၃ ဦးကို ပြန်လည် လွှတ်ပေးခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
မကြာသေးခင်က ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးပြီး လူသေဆုံးမှု ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၃၉ ဦးကို တပ်မတော်ကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကြောင်း တင်ဆက်ပေးမှာပါ။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း NCA အပစ်ရပ်အဖွဲ့ ဖြစ်တဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/ SSA အဖွဲ့ရဲ့ COVID-19 ရောဂါကာကွယ်တားဆီးနေတဲ့ ကျန်းမာရေးအဖွဲ့ဝင်တွေကို နယ်မြေခံတပ်မတော်ကနေ တားဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ RCSS ပြောခွင့်ရဗိုလ်မှူးကြီးစိုင်းအုမ်းခေးကပြောပါတယ်။
ရောဂါကူးစက်ခံထားရသူ ၃ ဦးရှိတဲ့ ချင်းပြည်နယ် တီးတိန်မြို့မှာ COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်နိုင်ရေး အရေးပေါ်အစီမံတွေ ဆောင်ရွက်ပေးဖို့ တီးတိန်နှင့် တွန်းဇံမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေကနေ COVID-19 ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌထံ တောင်းဆိုထားတဲ့အကြောင်း တင်ပြပေးမှာပါ။
ကမ္ဘာအနှံ့ COVID-19 ဗိုင်းရပ်ရောဂါကူးစက်မှု ကာကွယ်တဲ့အနေနဲ့ သွားလာမှု ကန့်သတ်နေတဲ့တချိန်ထဲမှာဘဲ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါးပေါက်ဖြစ်တဲ့ ရခိုင်ပြည်နယ်မောင်တောခရိုင်ဘက်မှာလည်း ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတဲ့သူတွေကို လက်မခံတော့တဲ့အကြောင်း တင်ဆက်ပေးပါမယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဒီမနက်ချင်းပြည်နယ် ပလက်ဝမြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးပဋိပက္ခအကြား ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ဖါးပျော်ရွာမှာ အိမ်ခြေ မီးလောင်ခဲ့တဲ့အကြောင်း တင်ဆက်ပေးသွားမှာပါ။
စစ်ရေး ပဋိပက္ခပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စစ်ရှောင်စခန်းအတွက် ရိက္ခာသယ်ယူရေး အဖွဲ့ဝင်တွေ မြန်မာစစ်တပ်က ထိန်းသိမ်းထားတာနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ရှောင်စခန်းတွေ သွားလာမှု ကန့်သတ်ပိတ်ပင်ထားတဲ့အကြောင်း တင်ဆက်ပေးမှာပါ။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒုက္ခသည်စခန်းက မူဆလင်အယောက် ၈၀ ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် လှဖိုးခေါင် စခန်းမှာ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာပြီး လက်ရှိ COVID-19 ရောဂါပိုးရှိ၊ မရှိ သီးခြားခွဲပြီး ဆေးစစ်မှု ခံနေရတဲ့ အကြောင်းသတင်းပေးပို့သွားမှာပါ။
ရခိုင်ပြည်နယ်အတွင်း တနှစ်ကျော်တိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံစစ်ရှောင်ဦးရေ ၁၅၀,၀၀၀ ကျော် တိုးများလာတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
မြန်မာအစိုးရကနေ တရားမဝင်နဲ့ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို KIO အနေနဲ့ သူ့ဌာနမှုချုပ်မှာ လက်ခံမထားဖို့ဆိုပြီး မတ်လ ၂၃ ရက်နေ့က မြစ်ကြီးနားအခြေစိုက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကနေ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တွေကနေတဆင့် KIO ကို ဖိအားပေးပြောဆိုလာတာပါ။
တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသအတွင်း လူဦးရေသိန်းချီရှိနေတဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေလုပ်ဆောင်ဖို့ဟာ စစ်ရေးပဋိပက္ခတွေရှိနေရင် လုပ်ဆောင်ဖို့ခက်ခဲတဲ့ အခြေအနေမှာ ရှိနေတာပါ။
ရခိုင်ပြည်မြောက်ပိုင်း မင်းပြားမြို့နယ်အတွင်း တပ်မတော်လေကျင့်ရေးကျောင်း တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိသလို မောင်တောမှာ နယ်ခြားစောင့်ရဲယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ရင်းမှူး တဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်က ကုလားတန်စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ အိန္ဒိယနိုင်ငံသား ရှစ်ဦးအပါအဝင် စီမံကိန်းဝန်ထမ်း ၁၅ ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က မနေ့ညပိုင်းတုန်းက ဖမ်းဆီးသွားပြီး ဒီနေ့မနက်ပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်းဆေးပြည်သူ့စစ်စခန်းတွေကို TNLA တအာင်းပလောင် တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တပ်မတော်ဘက်ကလည်း ပန်ဆေးပြည်သူ့စစ်ဘက်ကနေ စစ်ကူပေး ပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။
စစ်မီးမငြိမ်းသေးတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ၁၀ တန်းကျောင်းသား ၄,၀၀၀ လောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ ပျက်ကွက်သွားကြပြီလို့ ပညာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂါၤနေ့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ခရီးစဉ်အတွင်း ဒေသခံလူထုနဲ့ တွေ့ဆုံချိန်မှာ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအကြောင်း အလေးပေးပြောဆိုသွားတယ်လို့ ပြည်နယ် NLD တာဝန်ရှိသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကန်မြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ အပစ်ရပ် NCA လက်မှတ်ထိုး တောင်ပိုင်း ရှမ်းပြည် တပ်မတော် RCSS/SSA တို့ အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း တိမ်းရှောင်လာတဲ့စစ်ရှောင်ရွာသားတွေဟာ လက်ရှိစား သောက်ရေးအခက်ခဲနဲ့ စတင်ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ မြန်မာ့တပ်မတော်တို့ကြား ရှမ်းပြည်တောင်ပိုင်း၊ မိုင်း ကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စုဘက်မှာ မနေ့ကနဲ့ ဒီနေ့ တိုက်ပွဲဖြစ်နေဆဲပါပဲ။
နောက်ထပ်ကြည့်ရှုရန်