တနိုင်ငံလုံးအတိုင်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြမှုတွေ နေ့စဉ်ရှိနေချိန်မှာပဲ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းမှာလည်း ဆန္ဒပြမှုတွေ ရှိနေသလို တချို့မြို့နယ်မှာ လုံခြုံရေးရဲတပ်ဖွဲ့ကနေ သပိတ်ဖြိုခွင်းမှု၊ ဖမ်းဆီးမှုတွေ ရှိနေတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ စစ်အဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြမှုတွေ နေ့စဉ်ရှိနေချိန်မှာပဲ CDM လုပ်တဲ့ ဝန်ထမ်းတချို့ ခြိမ်းခြောက်မှုတွေကြုံနေရပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ လွှတ်တော်အကြီးအကဲတွေကို ဒီရက်တွေမှာ ထောင်ထဲအကျဉ်းချ အမှုဖွင့်တာရှိနေသလို တချို့ကိုတော့ပြန်လည်လွှတ်ပေးနေတာပါ။
ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ပွဲ ဆက်လက်ပြုလုပ်နေတာပါ။ မြစ်ကြီးနားမှာတော့ မော်တော်ဆိုင်ကယ်စီးနင်းဆန္ဒပြကြပြီး လူတယောက်အဖမ်းဆီးခံခဲ့ရသလို မနေ့က အဖမ်းဆီးခံခဲ့ရသူတချို့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
မြန်မာပြည်တောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နဲ့မြို့မှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြနေတဲ့သပိတ်ကို ပစ်ခတ်ဖြိုခွဲခဲ့ရာမှာ ဆန္ဒပြသူ (၆) ဦးဒဏ်ရာရပြီး (၇) ဦးခန့် အဖမ်းခံခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် ဒီမနက်ပိုင်းမှာ မူဆယ်မြို့အတွင်း တာမိုးညဲပြည်သူ့စစ်ပိုင်ဟိုတယ်နဲ့ ကောင်းမူးတုံရပ်ကွက်မှာ ရှိတဲ့ မြန်မာစစ်တပ်စခန်း တခုကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ကနေ နှစ်နေရာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မူဆယ်ဒေသခံဦးစိုင်းတစ်ကပြောပါတယ်။
မြန်မာတပ်မတော်ကနေ နိုင်ငံတော်အာဏာထိန်းသိမ်းခဲ့တာနဲ့ ပတ်သက်လို့ ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကချင်ပြည်နယ် ပူတာအိုမြို့နယ်က အဖမ်းဆီးခံလူငယ် ၅ ဦးကို ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်ထားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းတွေအကြား စစ်ရေးတင်းမာမှုကြောင့် နေရပ်ကနေ တိမ်းရှာင်နေရတဲ့ စစ်ရှောင်တွေဟာ လက်ရှိ တပ်မတော်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ပြီး နောက်ပိုင်း အကူညီပေးဆောင်မှုကင်းမဲ့လာတာကြောင့် စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရတာပါ။
စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ရှမ်းပြည်နယ်မှာ ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးနေပါတယ်။ အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက် ပေါ်ပေါက်နေချိန်မှာပဲ ဖမ်းဆီးမှုတွေလည်း ရှိနေတာပါ။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို မြန်မာနိုင်ငံနေရာတော်တော်များများမှာ ဆန့်ကျင်ဆန္ဒပြနေကြတဲ့အထဲ တိုင်းရင်းသား ဒေသတွေဖြစ်ကြတဲ့ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာလည်း ဒီကနေ့ လူပေါင်းထောင်သောင်းချီ ပါဝင်ခဲ့ကြပါတယ်။
တပ်မတော်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း တိုင်းရင်းသားနိုင်ငံရေး ပါတီတွေဖြစ်တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမို ကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့က ဒီနေ့ပဲ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
တပ်မတော်ကနေ အာဏာသိမ်းခဲ့တဲ့နေ့က ဖမ်းဆီးခံခဲ့ရတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်အကြီးအကဲတွေ တော်တော်များများကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်နေသေးတဲ့သူတွေလည်း ရှိနေပါတယ်။
မြန်မာစစ်တပ်နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံတပ်တွေကြား စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ တပ်မတော်ရိက္ခာတင်ယာဉ် တိုက်ခိုက်ခံခဲ့ရပါတယ်။
တပ်မတော်က အာဏာသိမ်းပြီးနောက် ထိန်းသိမ်းထားတဲ့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးရာမှာ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က အစိုးရအဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ဒေသခံထောင်နဲ့ချီ ပါဝင်ခဲ့ကြတဲ့ ဒီကနေ့ ဆန္ဒပြလှုပ်ရှားမှုအတွင်း စစ်ရေးပဋိပက္ခတွေ ရပ်စဲပြီး NCA အပစ်ရပ်သဘောတူညီချက်ကို လိုက်နာအကောင်အထည်ဖော်ကြဖို့ လက်နက်ကိုင်အဖွဲ့တွေကို တောင်းဆိုလိုက်ကြတဲ့အကြောင်း တင်ပြပါမယ်။
စစ်ရေးတင်းမာနေတဲ့ ဖာပွန်မြို့နယ်က မဲဝိုင်ကျေးရွာမှာ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း KNU နဲ့ ဒေသခံတွေက ပြောဆိုလိုက်ကြတာပါ။ တနင်္ဂနွေနေ့ညက မီးလောင်မှုအတွင်း နေအိမ်တချို့ ပျက်စီးသွားခဲ့ကြောင်းလည်း ဖာပွန်မြို့နယ် ကရင်လူငယ်အဖွဲ့က စောကျော်လင်းဦးက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ဒီနှစ်ကျင်းပမယ့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို တပ်မတော်က နေရာပြောင်းရွှေ့ကျင်းပဖို့ ညွှန်ကြားလိုက်တဲ့အကြောင်း ပြောပြပေးမှာပါ။
ဒေသခံအရပ်သားတချို့ သေဆုံးတဲ့အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ခိုက်မှုတွေကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာ သုံးသပ်သူတွေရဲ့ အမြင်ကို တင်ပြပါမယ်။
မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ တပ်မဟာ ၃ တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာ တိုက်ပွဲရက်ဆက် ဖြစ်ပွါးနေတာ ဖြစ်ပါတယ်။
BGF အရာရှိတွေ နုတ်ထွက်စာ တင်ထားတာကို ပြန်ရုပ်သိမ်းမယ့်အကြောင်း အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်း ဗိုလ်မှူးကြီးစောချစ်သူကလည်း သတင်းမီဒီယာတချို့ကို ပြောဆိုထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်