ကရင်တိုင်းရင်းသား နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ၃ ဦးကို ရာထူးကနေ နုတ်ထွက်ဖို့ မြန်မာစစ်တပ်ကနေ ဖိအားပေးခဲ့ပြီးနောက် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ အပါဝင် အရာရှိ ၉၀ ကျော် မနေ့ကပဲ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံ နုတ်ထွက်စာ တင်ခဲ့တဲ့အတွက် ညှိနှိုင်းဖို့ ဒီကနေ့ပဲ ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အပစ်ရပ် လက်နက်ကိုင်အဖွဲ့ KNU ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ အခြေအနေကို ပြောပြပေးပါမယ်။
ကယားပြည်နယ် လွိုင်ကော်မြို့ကို ရောက်နေတဲ့ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့တွေ့ဆုံဖို့ စီစဉ်ထားပေမဲ့ တွေ့မယ့်နေမယ့်နေရာ ရွေးချယ်ရာမှာ သဘောတူညီမှု မရခဲ့တာကြောင့် ပျက်ပြားသွားတယ်လို့ နှစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။
AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ပေးဖို့ ရခိုင်ပြည်နယ်အစိုးကတဆင့် ပြည်ထောင်စုအစိုးကို တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းရာမှာ ကန့်ကွက်သူ မရှိခဲ့ဘူးလို့ ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် မောင်သန်းစိန်က ပြောပါတယ်။
ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ကျန်တိုင်းရင်းသား ဒေသတွေမှာလည်း လုံခြုံရေးအခြေအနေတွေ စိတ်မချရသေးတာ အပါအဝင် လွတ်လပ်မျှတမှု ရရှိမယ့် အခြေအနေတွေ မရှိသေးတာကြောင့် ကျင်းပနိုင်မှာ မဟုတ်ကြောင်း မြန်မာအစိုးရ ပြောခွင့်ရ ဦးဇော်ဌေးက ပြောဆိုလိုက်တာပါ။
တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား စစ်ရေးတင်းမာမှုတွေကြောင့် မြောက်ဦးမြို့နယ်ကို တိမ်းရှောင်လာကြတဲ့ ဒေသ ခံတွေ ယာယီခိုလှုံနေတဲ့ စစ်ရှောင်စခန်းတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆေးဖို့ စီစဉ်နေတယ်လို့ အကူအညီပေးရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတခုဖြစ်တဲ့ MUP မွန်ညီညွတ်ရေး ပါတီတို့ ဒီကနေ့တွေ့ဆုံမယ့် အစီအစဉ်ဟာ နေရာရွေးချယ်ရာမှာ သဘောထားကွဲလွဲမှုကြောင့် ပျက်ပြားသွားတဲ့အကြောင်း ပြောပြပါမယ်။
စစ်ရေးတင်းမာမှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးခံခဲ့ရတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးဟာ၊ တပ်မတော်သား ၃ ဦးနဲ့အတူ ဒီနေ့ပဲ ပြန်လည်လွတ်မြောက်လာတဲ့အကြောင်း ပြောပြပေးပါမယ်။
ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ လျော့ပါးလာတာကြောင့် စစ်ရှောင်ရွာသားတွေ နေရပ်ပြန်ရေး ပထမဦးစားပေးအနေနဲ့ ဝိုင်းမော်မြို့နယ် တဘက်ယန်ကျေးရွာမှာ ပြန်လည်နေရာချထားရေးလုပ်ငန်း စတင်နေပြီးလို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်း (KBC) ဥက္ကဋ္ဌ ဒေါက်တာခလန် ဆန်ဆွမ်က အခုလိုပြောပါတယ်။
အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၂ (ခ)တို့နဲ့ တရားစွဲဆိုခံထားရတဲ့ ချင်းပြည်နယ်ပလက်ဝမြို့ မြို့မရပ်ကွက်က ကိုစိုးကျော်လင်း အသက် ၁၇ နှစ်နှင့် ကိုထွန်းလင်းဇော် အသက် ၂၉ နှစ်တို့ဟာ မိသားစုနဲ့ တွေ့ခွင့်မရသေးသလို ကိုစိုးကျော်လင်းဟာလည်း ကျန်းမာရေးအခြေအနေဆိုးရွားနေတယ်လို့ မိခင်ဖြစ်သူ ဒေါ်ဒေါင်းမလေးက ပြောပါတယ်။
ကိုဆိုကြောင်းနဲ့ ကျန်ရှိ သူတွေကိုလဲပြန်လွှတ်ပေးဖို့ ခူမီးချင်းလူမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC ကနေတောင်းဆိုတဲ့အကြောင်း ပြောပြချင်ပါတယ်။
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာရှိတဲ့ စစ်စခန်းတခုကို ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KNU လက်အောက်ခံတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း တပ်မတော်က ပြောဆိုလိုက်တဲ့အကြောင်း တင်ပြပါမယ်။
ဒေသခံ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာစစ်တပ်အကြား စစ်ရေးတင်းမာမှုတွေ ကြုံခဲ့ရပြီးနောက် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည် ၄,၀၀၀ လောက် ရိက္ခာပြတ်လတ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် ကျောက်တော်နဲ့ ပလက်ဝကြား အဓိက ကူးသန်းသွားလာရာ ကုလားတန်မြစ်ကြောင်းကို ပိတ်ထားတာ တစ်နှစ်လောက် ရှိလာနေပြီဖြစ်လို့ ဒေသခံတွေ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်ခံနေရတာကြောင့် အသွားအလာတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံခဲ့ပြီးနောက် တိုက်ပွဲတွေ ရပ်ဆိုင်းနေတာ ၁ လလောက် ရှိလာချိန်မှာပဲ နှစ် ဘက် ကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် တွေ့ဆုံကြတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ ၂ နှစ်ကြာ စစ်ပွဲအတွင်း အိမ်ခြေအများအပြား မီးလောင်ခဲ့သလို အိုးအိမ်မဲ့ ဖြစ်သွားသူတွေကလည်း ၂,၀၀၀ ကျော်ရှိနေတယ်လို့ ဒေသခံအကူအညီပေးရေးအဖွဲ့ တခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ခန့်မှန်းထားပါတယ်။
နမ္မတူမြို့နယ်မှာ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS နဲ့ တအာင်းပလောင်တပ်ဖွဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၂ ဘက် အဖွဲ့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ ပိုင်နက်နယ်မြေအငြင်းပွားရာက တိုက်ပွဲဖြစ်ခဲ့တာလို့လည်း TNLA အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်ကပြောပါတယ်။
ကျောက်တော်မြို့နယ် တင်းမရွာသစ်နဲ့ တင်းမကြီးရွာက ရွာသားတွေကို မတ်လထဲမှာတုန်းက ဖမ်းဆီးမှု အပါအဝင် အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၂၀ ကို ဖြေရှင်းပေးဖို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားခဲ့တာပါ။
မြန်မာနိုင်ငံအဝန်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေရာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ ချင်းပြည်နယ်က ပလက်ဝမြို့မှာလည်း ပိုးတွေ့လူနာတွေ ထပ်မံတွေ့ရှိနေရတာကြောင့် မြို့ခံတွေနဲ့ ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။
စစ်ရေးတင်းမာမှုတွေ ၂ နှစ်နီးပါး ကြုံခဲ့ရပြီးနောက် မကြာသေးခင်ကစလို့ တိုက်ပွဲတွေငြိမ်သက်နေတဲ့ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ အဆုံးသတ်ရေး ကြားဝင်ကြိုးပမ်းသူတွေ ရှိနေတဲ့အကြောင်း တပ်မတော်က ပြောဆိုလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်