ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးကင်းစခန်းတခုကို ဟားခါးမြို့ ဒေသခံပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေက မေလ ၃ ရက် တနင်္လာနေ့ ညပိုင်းက ဒုတိယမြောက်နေ့အဖြစ် တိုက်ခိုက်ခဲ့ပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ် ဝင်ရောက် တပ်စွဲမထားရေးပါဝင်တဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီနေ့ ထပ်ဆွေးနွေးခဲ့ကြပေမဲ့ တစုံတရာ ရလဒ်မရခဲ့ပါဘူး။
ချင်းပြည်နယ် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား မနေ့ပစ်ခတ် တိုက်ခိုက်မှု အပြီး ညနေပိုင်း နှစ်ဘက်အဖွဲ့ဆွေးနွေးညှိနှိုင်းချက်ပြေလည်သွားတဲ့အတွက် ဖမ်းဆီးထားတဲ့ လူငယ်တချို့ပြန်လွှတ်ပေးခဲ့ပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ဖွဲ့စည်းထားတဲ့ မင်းတပ်မြို့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်အင်အားတိုးထားတဲ့ စစ်ကောင်စီတပ်တွေအကြား ဒီကနေ့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးနေတာပါ။
စစ်အာဏာသိမ်းမှုကို အခိုင်အမာဆန့်ကျင်ခဲ့တဲ့ ပဲခူးမြို့ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေပါသုံး နှိမ်နင်းခဲ့ပြီးနောက် ဆန္ဒပြသပိတ်မှာ ပါဝင်သူတွေ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေပါတယ်။
တမူးမြို့ ပါဟဲတံတားအနီးမှာ အင်္ဂါနေ့မနက် နွားနို့ပို့တဲ့ဂေါ်ရခါးလင်မယား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံတဦးက အတည်ပြုပါတယ်။
အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ထိဆက်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့က မြို့တွေမှာ ဆန္ဒပြသူတွေအပေါ် တပ်တွေက ပစ်ခတ်ဖြိုခွဲ ဖမ်းဆီးမှုတွေ လုပ်နေတာကြောင့် အများအပြား အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေးနေကြပါတယ်။
တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSA အခြေပြုရာ ထိုင်းမြန်မာနယ်စပ်ဘက်ကို မြန်မာစစ်တပ်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပုံရတာကြောင့် လူဦးရေ အဲဒီဒေသဘက်က စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေသူတွေ စိုးရိမ်ပူပန်နေကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကန့်ကွက်ဆန္ဒပြခဲ့ကြသူတချို့ အိန္ဒိယနိုင်ငံဘက်ကို တိမ်းရှောင်လာကြရင် အကူအညီမပေးဖို့ မဏိပူရအစိုးရက တာဝန်ရှိသူတွေကို ထုတ်ပြန်ထားတဲ့ ညွှန်ကြားတဲ့ ညွှန်ကြားချက်ကို ပယ်ဖျက်ကြောင်း မတ်လ ၂၉ နေ့စွဲနဲ့ ထုတ်ပြန် လိုက်ပါတယ်။
ဒီနေ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြပွဲတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖဲ့ွတွေ ဖြိုခွင်း ဖမ်းဆီခံရတဲ့ထဲမှာ ရှမ်းပြည်နယ် မူဆယ်နဲ့ ချင်းပြည်နယ် ဟားခါးမြို့တွေလည်း ပါဝင်ပါတယ်။ မူဆယ်မြို့မှာ ဆန္ဒပြလူငယ် ၁၀ ယောက်ထက်မနည်း ဒီနေ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သပိတ်ခေါင်းဆောင်တယောက်က ပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲဘက်မှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်တို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့တယ်လို့ နှစ်ဘက်တပ် ပြောခွင့်ရသူတွေက အတည်ပြုပြောပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နေပြည်တော်မှာ ဒီကနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ မီဒီယာကိစ္စ၊ အကြမ်းဖက်ဆန္ဒဖော်ထုတ်မှုကိစ္စတွေအပါအဝင် နိုင်ငံတော်အဆင့်လာဘ်ပေးလာဘ်ယူမှု ကိစ္စတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီရဲ့ရှင်းလင်းချက်အပေါ်မီဒီယာတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကဘယ်လိုအမြင်ရှိနေပါသလဲ။
ကရင်ပြည်နယ် ဖာပွန်မြို့နယ် လယ်မူပလောဒေသဘက်မှာ မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ(၅)တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံရွာသား ထောင်ဂဏန်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။
တိုင်းရင်းသားဒေသတွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြမှုတွေ ဆက်လက်ရှိနေပါတယ်။ လုံခြုံရေးအဖွဲ့တွေနဲ့ ထိပ်တိုက်မတိုးအောင် ဆန္ဒဖော်ခဲ့ရာမှာ တချို့မြို့နယ်တွေမှာ သပိတ်ဖြိုခွင်းခံနေရသလို ထိခိုက်ဒဏ်ရာရတာနဲ့ ဖမ်းဆီးခံရတာတွေလည်းရှိတယ်လို့ သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်
ဒီရက်ပိုင်းတွေအတွင်းတိုက်ပွဲကြောင့် မြစ်ဆုံစစ်ရှောင်စခန်းကို တိမ်းရှောင်ရောက်ရှိနေတဲ့ အင်ဂျားယန်ဒေသခံရွာသားတွေဟာ မြစ်ကြီးနားမြို့ စစ်ရှောင်စခန်းကို ပြောင်းရွှေ့ရောက်ရှိပြီးလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတာကို နှိမ်နင်းဖမ်းဆီးနေတဲ့လုပ်ရပ်ကြောင့် ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံဘက်ကို လူဦးရေ ၅၀၀ နီးပါး ထွက်ပြေးခိုလှုံနေကြတယ်လို့ မီဇိုရမ်ပြည်နယ် ကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြမှု ပြင်းထန်လာနေတဲ့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ မြောက်ဥက္ကလာပ မြို့နယ်တွေကို ဒီနေ့မနက်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့သလို လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တွေကိုလည်း မနေ့ညက ကြေညာခဲ့ပါတယ်။
တနင်္သာရီတိုင်း ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်က မြို့နယ်တချို့မှာ ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြရာမှာ သပိတ်ဖြိုခွင်းခံရပြီး ဖမ်းဆီးခံရမှု၊ ဒဏ်ရာရရှိမှုတွေလည်း ရှိနေပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ပွဲ ဒီကနေ့ ဖြိုခွင်းခံရမှုမှာ ထိခိုက်မှုတွေ ရှိနေသလို အဖမ်းဆီးခံရမှုတွေလည်း ရှိနေတယ်လို့ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ပွဲ ဒီကနေ့ ဖြိုခွင်းခံရမှုမှာ ထိခိုက်မှုတွေ ရှိနေသလို ဆန္ဒပြကာလကနေ ဒီကနေ့အထိ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၈၀ လောက် CDM သပိတ်ထဲ ပူးပေါင်းပါဝင်လာတယ်လို့ သပိတ်ကော်မီတီတွေကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်