သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင် ဖားပွန်တိုက်ပွဲကြောင့် ဒေသခံ ထောင်ဂဏန်းတိမ်းရှောင်နေရ


ထိုင် မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုမှာ တွေ့ရတဲ့ ကရင်ဒုက္ခသည်တချို့။ (ဖေဖောါဝါရီ ၀၅၊ ၂၀၁၀)
ထိုင် မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုမှာ တွေ့ရတဲ့ ကရင်ဒုက္ခသည်တချို့။ (ဖေဖောါဝါရီ ၀၅၊ ၂၀၁၀)

[Zawgyi/Unicode]

ကရင်ပြည်နယ် ဖာပွန်မြို့နယ် လယ်မူပလောဒေသဘက်မှာ မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ(၅)တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံရွာသား ထောင်ဂဏန်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

စစ်ရေးတင်းမာနေဆဲ ဖာပွန်မြို့နယ် လယ်မူပလောဒေသမှာ မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ(၅)တပ်ဖွဲ့တို့အကြားတိုက်ပွဲ ရက်ဆက်ဖြစ်နေပြီး စစ်ရှောင်တွေလည်း တိုးလာနေတယ်လို့ ယခင်အစိုးရက ဖွဲ့စည်းထားတဲ့ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးပူးတွဲကော်မီတီ JMC-S အဖွဲ့ဝင် နော်မေလာထူးကပြောပါတယ်။

“လယ်မူပလောဘက်က နေ့တိုင်းလိုလိုဖြစ်တယ်တဲ့ တိုက်ပွဲက။ ရွာသားတွေကျတော့ သူတို့ တော်တော်ထွက်ပြေးကြတယ်။ တိမ်းရှောင်မှုတွေကလည်း များတယ်။ ခန့်မှန်းခြေကျတော့ လူပေါင်းထောင်နဲ့ ရှိပြီလေ။ သူတို့ စားနပ်ရိက္ခာမရှိဘူး။ သနားဖို့ ကောင်းတယ်လေ။”

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၄) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ KNU တပ်မဟာ ၅ တပ်ဖွဲ့တို့ တိုက်ပွဲစဉ်အတွင်း တောင်ယာခင်းတွေမီးလောင်ခဲ့သလို လက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်မူပလောကျေးရွာ ဒေသခံ ၄၇၀ ဦး၊ ဟီဂိုးလိုကျေးရွာသား ၂၈၀ ဦးအပါအဝင် နီးစပ်ရာရွာသားစုစုပေါင်း ၁,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဖားပွန်ဒေသခံတွေက ဆိုပါတယ်။

ဒါအပြင်မနေ့ကလည်း ဖာပွန်မြို့အတွင်း မိုင်းတလုံးပေါက်ကွဲခဲ့တယ်လို့ နော်မေလာထူးကဆက်ပြောပါတယ်။

“ဖာပွန်ဘက်မှာ မနေ့ကမှလေ။ ဆေးရုံဘက်မှာ သံတံတားမှာပေါ့နော်။ အဲဒီ မိုင်းတလုံးကွဲတာလေ အမိုးတို့ လန့်လိုက်တာတခါတည်း။ ဖာပွန်သံတံတားထိပ်မှာလေ။ ဆိုင်ကယ်တစီးပဲ ထိတယ်။ ဘယ်ဘက်မှ မထိဘူး။”

ယွန်းစလင်းချောင်း တံတားထိပ်ပိုင်းမှာ မိုင်းပေါက်ကွဲတာဖြစ်ဲပီး ဘယ်အဖွဲ့လက်ချက်ဆိုတာ မသိရသေးဘူးလို့ ဖားပွန်မြို့ခံတွေက ဆိုပါတယ်။

ဖာပွန်ခရိုင်ခေါ် KNU ကနေသတ်မှတ်ခေါ်ဝေါ်တဲ့ မူတြော်ခရိုင် လူသော၊ ဒွယ်လိုး၊ ဘူးသို၊ မြို့နယ် ၃ ခုအတွင်း မြန်မာစစ်တပ်ရဲ့ ရိက္ခာ ထောက်ပို့လမ်းကြောင်းတွေကို KNLA တပ်ဖွဲ့တို့ကနေ ကားဖြတ်ပိတ်ဆို့တိုက်ခိုက်မှုတွေကလည်း အစဉ်ဖြစ်ပွါးနေတယ်လို့ KNU တပ်မဟာ(၅)တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

“တိုက်ပွဲတော့ဟုတ်တယ်ဖြစ်တယ်။ သူတို့ စခန်းကို အဓိကပိတ်တာပေါ့ KNU ဘက်က။ ဒီအတောအတွင်းကတော့ အစိုးရတပ်ဘက်က အဓိကရိက္ခာပို့ဖို့က အဓိကလုပ်နေတာကိုး။ ရိက္ခာဖြတ်တောက်တဲ့အနေနဲ့ လမ်းသွားလမ်းလာ လမ်းပိတ်ထားတယ်ပေါ့။"

ဒီလိုထောက်ပို့လမ်းကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်လာမှုတွေကြောင့် မြန်မာစစ်တပ်အတွက်ရိက္ခာတွေကို ထိုင်းနိုင်ငံ ထိုင်းစစ်တပ်ကနေတဆင့် တင်သွင်းလာရတယ်လို့လည်း ဒီရက်ပိုင်းအတွင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေပါတယ်။

KNU ခေါ် ကရင်အမျိုးသားအစည်းအရုံးဟာ မြန်မာအစိုးရမြန်မာစစ်တပ်နဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားပေမဲ့ ဖာပွန်ခရိုင် တပ်မဟာ (၅) သထုံခရိုင်တပ်မဟာ(၁)တပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG