ရခိုင်ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ၂၀၁၉ ခုနှစ် မေလအထိ ၆ လတာအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှု ၁၉၅ မှု တွေ့ရှိရတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး AASYC က ထုတ်ပြန်ပါတယ်။
ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်တွင်းက ကစ္ဆပနဒီတံတားအနီးမှာ မြန်မာတပ်မတော် ယာဉ်တန်း ဗုံးခွဲ တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် အနီးအနားမှာရှိတဲ့ ရွာသားတွေကို မြန်မာစစ်တပ်က ဖမ်းဆီး စစ်ဆေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်နဲ့ စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင် AA တပ်ဖွဲ့ထိပ်သီးခေါင်းဆောင် ငါး ဦးကို ရခိုင်ပြည်နယ် စစ်တွေ ခရိုင်တရားရုံးမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတယ်လို့ အမှုလိုက်ရှေ့နေတွေက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်နေတဲ့ ဒေသက ကျေးရွာတချို့မှာ မီးလောင်မှုတွေ ဖြစ်ပွားနေပါတယ်။ ဒေသခံတချို့ကတော့ စစ်သားတွေက မီးရှို့တာလို့ ပြောကြပေမဲ့လည်း တပ်မတော် တာဝန်ရှိသူတွေကတော့ တိုက်ပွဲတွေအတွင်း လက်နက်ကျည်ဆံတွေ ထိမှန်ရာက မီးလောင်မှုဖြစ်တာလို့ ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်အကြား အကူအညီပေးရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ ယာဉ်တန်းဟာ မနေ့ညပိုင်းကပဲ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲတွေ ဒီကနေ့အထိ ဆက်လက် ဖြစ်ပွားနေရာမှာ နှစ် ဘက် အကျအဆုံးတွေ ရှိနေသလို၊ အရပ်သားတွေ ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ဆယ်နွယ်သူတွေအဖြစ် မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးမှုတွေ ရှိနေကြောင်း ဒေသခံ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ အဖွဲ့ဝင် နှစ်ဦးကို ဖမ်းမိပြီး စစ်ဆေးနေတယ်လို့ တပ်မတော်က တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ AA အဖွဲ့ကတော့ သူတို့ အဖွဲ့ဝင်တွေ အဖမ်းခံရတာ မရှိဘူးလို့ ငြင်းသလို အခု ဖမ်းဆီးခံထားရသူ တဦးရဲ့ ဖခင်ကလည်း သူ့သားဖြစ်သူဟာ AA အဖွဲ့ဝင် မဟုတ်ဘူးလို့ ဗွီအိုအေကို ပြောပါတယ်။
မြောက်ဦး၊ စစ်တွေနဲ့မောင်တောခရိုင်တွေမှာ MPTနဲ့Telenor အင်တာနက်ဒေတာဝန်ဆောင်မှုတွေကို ယာယီရပ်ဆိုင်းဖို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း ဖုန်းခေါ်ဆိုမှုနဲ့SMSစာတိုဝန်ဆောင်မှုတွေကတော့ ဆက်လက်ရရှိနေမှာဖြစ်ကြောင်း ဒေသခံတွေကို လက်ကိုင်ဖုန်းတွေကတဆင့် မနေ့ကပဲ စာပေးပို့အကြောင်းကြားခဲ့တာပါ။
စစ်ရေးပဋိပက္ခဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်အတွင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်နေသူတွေအဖြစ် နောက်ထပ် ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ ဒီကနေ့မှာလည်း မြောက်ဦးမြို့နယ် ပေါက်တောပြင် ကျေးရွာသား အများအပြားကို စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံ အကူအညီပေးရေး အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
မွန်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတချို့မှာ မွန်ပြည်နယ် အစိုးရအနေနဲ့ တင်ဒါ မခေါ်ပဲ နီးစပ်ရာ လုပ်ပိုင်ခွင့် ချပေးခဲ့တယ်ဆိုပြီး မွန်ပြည်နယ် အရပ်ဖက်အဖွဲ့တွေကနေ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားလိုက်ပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာပဲ လုံခြုံရေး စိုးရိမ်မှုကြောင့် ဒေသခံ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်နေကြတာပါ။
ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေသလို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရသူ အရေအတွက်လည်း တိုးလာနေပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားအပြီး မသင်္ကာဘွယ်လူ ၂၅ ဦးကို ဖမ်းဆီးထားပြီး ကျောက်တော်ရဲစခန်းမှာ စစ်ဆေးဖို့အပ်နှံထားကြောင်း မြန်မာစစ်တပ်က ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံတွေနဲ့ မြန်မာစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေရှိနေတဲ့ ရခိုင်မြောက်ပိုင်းမှာ အခုနှစ်ဆန်းပိုင်း တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က ၁၂၀၀ ကျော်ကျဆုံးခဲ့တယ်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်လိုက်ပြီး မြန်မာ တပ်မတော်ဘက်ကတော့ ဒါဟာ ဝါဒဖြန့်ချီမှု သက်သက် ဖြစ်တယ်လို့ဆိုပြီး ငြင်းဆိုပါတယ်။
တပ်မတော်က ဝိုင်းထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်ဒုက္ခသည်တွေ ခိုလှုံနေရာ ပေါက်တောပြင် ဘုန်းကြီးကျောင်းမှာ အာဏာပိုင်တွေက ဒီကနေ့ ဝင်ရောက် စစ်ဆေးခဲ့ပြီးနောက် အခြေအနေတွေ ပုံမှန်ပြန်ဖြစ်နေပြီလို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ရှောင်တွေနေထိုင်တဲ့ ပေါက်တောပြင်ကျောင်းဝင်းထဲ ယူနီဖေါင်းနဲ့ ဝင်ရောက် စစ်ဆေးခွင့် မပြုတဲ့အတွက် စစ်တပ်ကနေ ကျောင်းဝင်းကို မနက်ကနေ ညနေပိုင်းအထိ ဝိုင်းပတ် ပိတ်ဆို့ထားကြောင်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဆရာတော် သဘာဝနဒီအရှင်ပညာဇောတ က အခုလို မိန့်ကြားပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ၅၀ နီးပါး နုတ်ထွက်စာ တင်လိုက်ကြပါတယ်။ မကြာသေးခင်တုန်းက ကျောက်တော်မြို့နယ်မှာ အုပ်ချုပ်ရေးမှူး တချို့ကို မြန်မာစစ်တပ်က ဖမ်းဆီး စစ်ဆေးမှုတွေ ကြုံခဲ့ရပြီးနောက်မှာပဲ စိုးရိမ်မှုတွေလည်း ပိုမိုကြီးထွားလာခဲ့တာပါ။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲတွေကြောင့် အရပ်သား ခြောက် ဦးထက် မနည်း သေဆုံးပြီး ကိုး ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်