ကယားပြည်နယ် ဒီးမော့ဆိုမြို့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။
စစ်ကောင်စီတပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်မှာ ဒီကနေ့မှာလည်း ဒီးမော့ဆိုမြို့မှာ ပစ်ခတ်မှု ရှိနေတယ်လို့ ဒေသခံတွေကပြောသလို ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် ရှိတယ်လို့ ထင်တဲ့နေရာကို စစ်တပ်ဘက်က ရမ်းပစ်တာလို့ PDF ပြန်ကြားရေးဘက်က ပြောပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စစ်ကောင်စီတပ်တွေ အခြေပြုထားတဲ့ ရဲစခန်းကို KPDF ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဘက်ကနေ မနေ့ညပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။
မိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ဆို အစရှိတဲ့ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။ ဒီပစ်ခတ်မှုနဲ့အတူ ဒေသခံတွေလည်း ဘေးလွတ်ရာ စစ်ရှောင်နေကြရပါတယ်။
စစ်ကောင်စီ လုံခြုံရေးတပ်တွေကို အပြင်းအထန် ခုခံနေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာတော့ ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က မြို့တွင်းဝင်ရောက်သိမ်းယူထားပြီလို့ သိရပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်၊ မတူပီဘက်မှာ ခရီးသွားလာတဲ့သူတွေကို စစ်တပ်က စစ်ဆေးဖမ်းဆီးမှုတွေလုပ်နေသလို ဟားခါးမြို့မှာလဲ တက်ကြွလှုပ်ရှားသူ လူငယ်တွေ ဖမ်းဆီးခံရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်သုံးဖွဲ့ ပူးပေါင်းစစ်ကြောင်းတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ သိမ်းယူပြီးတဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်က တပ်စခန်းတခုကို မြန်မာစစ်တပ်ကနေ မြေပြင်ရော လေကြောင်းနဲ့ပါ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာမှာ မနေ့ညနေပိုင်းမှာ စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။
စစ်သင်တန်းတက်ရာက ပြန်လာတဲ့ လူငယ် ၇၀ ကျော်ကို စစ်ကောင်စီတပ်တွေက ကယားပြည်နယ် ဖရူဆိုမြို့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းအုပ်စုနဲ့ မပူးပေါင်း မဆောင်ရွက်ဘူးဆိုတဲ့ CDM အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားနေသူတွေကို စစ်ကောင်စီက အရေးယူနေသလို သူတို့ကို ထောက်ပံ့အားပေးနေသူတွေကိုလည်း ဖော်ထုတ် အရေးယူတာတွေ ရှိနေပါတယ်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း ဒေသခံတွေ ထိခိုက်မှုတွေလည်း ရှိနေပါတယ်။
NUG ကိုထောက်ခံကြောင်း ချီတက်ဆန္ဒပြကြသူတွေကို ဖြိုခွဲဖို့လာတယ်လို့ ယူဆရတဲ့ တပ်တွေနဲ့ KNU ရဲ့ သထုံခရိုင်တပ်ဖွဲ့တွေနဲ့ ဒီမနက်မှာ အပြန်အလှန်ပစ်ခတ်လို့ စစ်တပ်ဘက်က ၃ ယောက်သေဆုံးပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့ကနေ မိုင် ၂၀ အကွာလောက်မှာရှိတဲ့ အလောဘွမ်တပ်စခန်းကို ပြန်သိမ်းပိုက်နိုင်ဖို့ မြန်မာစစ်တပ်ဘက်က တိုက်လေယာဉ်တွေသုံးပြီး ထိုးစစ်ဆင်နေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်က နောင်မွန်ရဲစခန်း ဒီကနေ့မနက်ပိုင်းက တိုက်ခိုက်ခံရပြီး စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော် သေဆုံးတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရှေ့သီတင်းပတ်ကျရောက်မယ့် သင်္ကြန်ပွဲအတွက် ရခိုင်ပြည်နယ်မှာ ရိုးရာသင်္ကြန်ပွဲဆင်နွဲဖို့ ပြင်ဆင်မှု တွေ လုပ်နေပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြမှု အားကောင်းနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ဆန္ဒပြသူတွေနဲ့ သပိတ်ဖြိုခွင်းတဲ့ လုံခြုံရေး တပ်ဖွဲ့တွေအကြား နှစ်ဖက် ဖမ်းဆီးထားတဲ့ သုံ့ပန်း လဲလှယ်ခဲ့ကြပါတယ်။
ကလေးမြို့ဆန္ဒပြပွဲကို နှိမ်နင်းမယ့်လုံခြုံရေးတပ်ဖွဲ့တွေ မဝင်နိုင်အောင် ကားလမ်းပိတ်ဆို့ဟန့်တားခဲ့တဲ့အတွက် ကလေး-ဂန့်ဂေါကားလမ်းမကြီးနားကျေးရွာတွေကို စစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့သူတွေထဲ ၈ နှစ်အရွယ်ကလေးတဦးပါဝင်ပြီး ကလေးမြို့မှာလည်း ၁၉ နှစ်အရွယ်လူငယ်တဦး သေဆုံးခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ဝင်တွေအကြားစစ်ရေးတင်းမာဆဲ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့ နယ်မှာ စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀ ကျော် အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ရဲကား (၃) စီး တိုက်ခိုက်ခံရသလို ဗန်းမော်မြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ် လပ်ရေးတပ်ဖွဲ့တို့ အကြားတိုက်ပွဲဖြစ်ပွါးနေပါတယ်။
အုပ်ချုပ်မှုကိစ္စဆောင်ရွက်ဖို့ မော်တော်ယာဉ်နဲ့လာတဲ့မြန်မာစစ်တပ်အရာရှိ (၂) ဦးအပါဝင် (၄)ဦးကို ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ မြို့နယ်အတွင်း ဒေသခံရွာသားတွေက ဖမ်းဆီးလုပ်ကြံခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်