ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ရှိတဲ့ မြန်မာစစ်တပ်ရဲ့တပ်ရင်းဌာနချုပ်စခန်း ကို TNLA တအောင်းပလောင် လွတ်မြောက်ရေးတပ်ဖွဲ့ကနေ မနေ့ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
“တမိနစ်ကို လက်နက်ကြီးကျည်က ၁၀၀ ကျော်လောက်ကျတယ် ပြောပါတယ်။ ပြီးတော့ ရဟတ်ယာဉ်လား၊ တိုက်လေယာဉ်လား ဒီနေ့သုံးတယ်ပြောတယ်။ လာပြီးတော့ ဗုံးကြဲတယ်၊ စက်သေနတ်ကြီးနဲ့ပစ်တယ်။ ပြီးတော့ ကြည်းတပ်ကထိုးတယ်။”
ကယားပြည်နယ်က အပစ်အခတ်ရပ်စဲရေးအဖွဲ့တခုဖြစ်တဲ့ KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက လက်နက်ကိုင်ပြီးတော့ နယ်လှည့်စည်းရုံးရေး ဆင်းတဲ့အခြေအနေကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေဖြစ်ခဲ့ပြီးတော့ ဒီကိစ္စကို KNPP နဲ့ ကယားပြည်နယ်အစိုးရတို့ တွေ့ဆုံဖြေရှင်းနေကြပါတယ်
အင်္ဂလိပ်ကိုလိုနီလက်ထက်ကတည်းက ဆောက်လုပ်ထားတဲ့ သက်တမ်းရင့် မွန်ပြည်နယ်က မော်လမြိုင် အကျဉ်းထောင်ကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ချေးငွေစီမံချက်အရ အာရှ လမ်းမဖောက်လုပ်ရေးစီမံကိန်းမှာ ကရင်ပြည်နယ်က မြို့နယ် (၂) မြို့နယ်အတွင်း ကျေးရွာ (၁၇) ရွာက ဒေသခံတွေရဲ့ လူနေအိမ်၊ လယ်ယာခြံမြေတွေ ထိခိုက်မှုရှိခဲ့တဲ့အပေါ် စိုးရိမ်မှုတွေရှိနေတယ်လို့ KHRG ခေါ် ကရင်လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိ မြန်မာစစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအတွင်း RCSS/SSA ကနေ ပါဝင်ပတ်သက်မှုမျိုးမရှိသလို ဒီစစ်ပွဲမှာ တရုတ်နိုင်ငံက ပါဝင်ပတ်သက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် သက်သေသာဓက ခိုင်လုံစွာနဲ့ချပြဖို့ လိုတယ်တယ်လို့လည်း တောင်ပိုင်း ရှမ်းပြည် တပ်မတော်ဘက်က ပြောပါတယ်။
မွန်တမျိုးသားလုံး စည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်ရေးမှာ ပါဝင်ရေးရည်ရွယ်ပြီး ပြည်တွင်းပြည်ပ မွန်အဖွဲ့အစည်းပေါင်းစုံရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲကြီးတရပ် ပြည်တွင်းမှာ မကြာခင် တရားဝင် ကျင်းပပါလိမ့်မယ်။
တနင်္သာရီတိုင်း၊ ကော့သောင်းအကျဉ်းထောင်မှာ အကျဉ်းသားချင်း အချင်းများမှုကို အကြမ်းဖက်ထိန်းသိမ်းရာကနေ တစ်ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရခဲ့မှုအပေါ် ထောင်ဖောက်ပြေးဖို့ ကြိုးစားတယ်လို့ အစိုးရပိုင်သတင်းစာက ဖော်ပြခဲ့တဲ့အတွက် ထပ်မံ ဆန္ဒပြမှု ပေါ်ပေါက်ခဲ့ပါတယ်။
"မြန်မာနိုင်ငံသားတွေ ပြန်ပို့ဖို့ကိစ္စကိုလည်းညှိနှိုင်း ဆွေးနွေးမယ်။ ဆွေးနွေးမယ်ဆိုတာက မြန်မာနိုင်ငံသား မှန်သလား၊ မမှန်သလား ဆိုတာကို လဝကနဲ့ ပြည်ထဲရေးကနေပြီးတော့ သူတို့ စိစစ်မယ်။”
"အခုက တရားမဝင်တာရော၊ တရားဝင်တာရော မသိဘူး။ သူတို့က ဖမ်းတာပေါ့။ ဖမ်းပြီးတဲ့အခါကျတော့ စခန်းရောက်မှ သူတို့က ရှင်းကြတာ။ မနေ့က ကျနော်တို့ ဘယ်မှာလဲဆိုတော့ နေ့ပိုင်းမှာ ဖမ်းသွားတဲ့သူတွေကျတော့ ပါမစ်လည်းရှိတယ်။ အားလုံးမှန်တယ်။ ဒါပေမဲ့ လုပ်တဲ့ ဆိုင်လိပ်စာ မတူတဲ့အတွက် ဖမ်းခံရတယ်။ မနေ့ကတော့ ချင်းလူမျိုး ၁၀၀ ပေါ့။"
"သူတို့ ထန်ဖရ ဂွင်မှာပဲ နေရာယူထားတုန်းပဲပေါ့။ တပ်ခွဲ နှစ်ခွဲတော့ ကျနော်တို့ ဒီ ထန်ဖရ ဂွင်နဲ့ ကျနော်တို့ တပ်စခန်းရှိရာ နေရာကို လာပြီးတော့ ကြည့်ဖို့ အခြေအနေ ရှိတယ်ပေါ့။ ကျနော်တို့လည်း အဲဒီဂွင်မှာပဲ။ ကျနော်တို့ လူတွေ တပ်တွေ ဖြန့်ထားတာ ရှိတယ်။ တကယ်လို့ သတင်းမပေးဘဲ ဝင်လာရင် တိုက်ပွဲဖြစ်ဖို့ အခြေအနေ ရှိတယ်"
“ရေကြီးလာတော့ အမှိုက်ဒိုက်သရောတွေ ပုံလာတယ်။ တံတားအောက်ခြေမှာ ဖေါင်အိမ် ၃၀ လောက် ချည်ထားတယ်။ ရေကြီးလာတဲ့အခါ အမှိုက်ဒိုက်တွေက တံတားကို အရှိန်နဲ့ ရိုက်လာတယ်။ ဖေါင်အိမ်က ကြိုးတွေကလည်း ဆွဲထားတယ်ဆိုတော့ တံတားပြိုလဲသွား တာပေါ့"
“ညနေပိုင်း ၃ နာရီအချိန်ပိုင်းလောက်မှာ ကျနော်တို့ ဆုတ်ပေးလိုက်ပါပြီ။ အင်အားချင်း မမျှတော့ဘူး။ သူတို့ကတော့ အဲဒီ နောင်မကျေးရွာအုပ်စုထဲဝင်သွားပြီ။"
မြန်မာအစိုးရတပ်နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည် တည်ထောင်ရေးကောင်စီ တပ်ဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့အတွက် ရာချီတဲ့ ဒေသခံတွေ တရုတ်ပြည်ဘက်ကို စစ်ပြေးဒုက္ခသည်တွေအဖြစ် တိမ်းရှောင်နေကြရပါတယ်။
"ဒုက္ခသည်တွေ လာနေတုန်းပဲဗျ။ ၅ ရက်နေ့တုန်းက စစ်ကြောင်းက လူထုကို ပေါ်တာဆွဲပြီးတော့ သွားလှုပ်ရှားတယ်ပေါ့ဗျာ။ အဲ့ဒီမှာ မိုင်းနင်းမိတော့ အစိုးရဘက်က လူလည်းသေတယ်။ လူထုလည်း တစ်ယောက်သေတယ်။ အဲ့တာကြောင့် ပြန်ဖို့နေနေသာသာ အခု တန့်ယန်းမြို့ကို ထပ်ရောက်လာတယ်ပေါ့"
ထိုင်း-မြန်မာနယ်စပ် ကော့သောင်းခရိုင်မှာ ဘယ်သူဘယ်ဝါမသိရတဲ့ လက်နက်ကိုင်အဖွဲ့တခုရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြန်မာ စစ်သားတချို့ သေဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ်တွင်း စစ်ရေးအရှိန်လျှော့ဖို့ သဘောတူထားပေမဲ့ မြန်မာစစ်တပ်ဘက်က တိုက်ခိုက်နေဆဲပဲလို့ ကေအိုင်အိုအဖွဲ့က ပြောပါတယ်။
KIO နဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့အကြောင်း ဇန်နဝါရီလ ၁၉ ရက်နေ့စွဲနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက KIO ဥက္ကဋ္ဌထံ စာပေးပို့ခဲ့ပါတယ်။
ကချင်ပဋိပက္ခအရေး အမေရိကန်က ကူညီဖြေရှင်းပေးဖို့ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲလ်နဲ့ တွေ့ဆုံစဉ်မှာ မွန်နိုင်ငံရေးပါတီတွေက တောင်းဆိုခဲ့ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း နဲ့ အထူးစီးပွါးရေးဇုံစီမံကိန်းအောင်မြင်ဖို့ နှစ်နိုင်ငံ အစိုးရတို့ပူးပေါင်း လုပ်ဆောင်သွားဖို့ နှစ်နိုင်ငံအကြီးအကဲတွေ ပြောဆိုခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်