“ဒီအစီရင်ခံစာက စစ်တပ်နဲ့ပတ်သက်နေလို့ လုပ်လို့မရဘူးတဲ့။ အထက်ကလည်း လုပ်ခွင့်မပေးဘူးလို့ပြောတယ် ကျမတို့ကို။”
SSPP/SSA မြောက်ပိုင်း နဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ၆ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံနိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။
“ကျနော်တို့က အခုရှင်းရှင်းပြောရရင် အလွှတ်သဘောတွေ့ကြတာပဲလေ။ ကျနော်တို့ဘာမှသဘောတူတာတွေ ကျနော်တို့မလုပ်ပါဘူး။"
မြန်မာနိုင်ငံအစိုးရသစ်မှာ တာဝန်ယူရမယ့် ပြည်ထောင်စုဝန်ကြီး(၁၈)ဦးရဲ့အမည်စာရင်းကို ဒီကနေ့မှာထုတ်ပြန် လိုက်ပြီး ဒီအထဲမှာ မွန်အမျိုးသားပါတီက ဒုတိယ ဥက္ကဋ္ဌ နိုင်သက်လွင်ဟာလဲ ပြည်ထောင်စုဝန်ကြီး အဖြစ် စာရင်းမှာပါရှိနေသလို တိုင်းရင်းသားဝန်ကြီးဌာန ဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံရမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဘက်က နမ်းဖက်ကာနဲ့ မိုင်းယူလေးကျေးရွာတွေမှာ စစ်ဘေးတိမ်းရှောင် ဒုက္ခသည် ၈၀၀ နီးပါးဟာ စားသောက်နေထိုင်ရေး အခက်တွေ့နေပြီးတော့ အကူအညီတွေလိုအပ်နေကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်နယ်စပ်မှာရှိနေတဲ့ ရေဘေးသင့်ပြည်သူ(၁၀၀၀)ကျော်ဟာ နှစ်ဖက်တိုင်းနဲ့ပြည်နယ် အာဏာပိုင်တွေကနေ နယ်စပ်အရေး ညိနှိုင်းမှု မပြေလည်သေးတာကြောင့် နေထိုင်ရေးမှာ အခက်ကြုံနေကြရပါတယ်။
“ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ နဂိုသဘောတူပြီးသားရှိထားတဲ့ NCA ကနေဖော်ဆောင် သွားရင်တော့ ငြိမ်းချမ်းရေးကို တည်ဆောက်သွားနိုင်မှာပဲ။ ဒီလိုမဟုတ်ပဲနဲ့ လက်နက်ချ ရေးကိုပဲ ပြောနေမယ်ဆိုရင် NCA မှာပါတဲ့သဘောတူညီချက်တွေနဲ့ မကိုက်ညီဘူးလို့ ကျနော်ထင်တယ်။”
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရှမ်းပြည်နယ်တွင်း ထွက်ပြေးတိမ်းရှောင် နေရတဲ့ ဒုက္ခသည် ပြဿနာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ လွှတ်တော်သစ်မှာ တင်ပြနိုင်ဖို့ စီစဉ်နေကြပါတယ်။
ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ပြည်နယ်အဆင့်ကော်မတီ JMC ကို စနေနေ့က ဖွဲ့စည်း လိုက်ပါပြီ။ အစိုးရ စစ်ဘက်ခေါင်းဆောင်တွေနဲ့ NCA ကို လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးပြီး ပြည်နယ်အဆင့် JMC ကို ဖွဲ့ စည်းလိုက်တာပါ။
၈ လ နီးပါး တိုက်ပွဲရပ်တန့်နေတဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာတပ်မတော်တို့အကြား ရခိုင်ပြည်နယ် ကျောက် တော်မြို့နယ်ဘက်မှာ ဒီကနေ့ပါဆို (၃)ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။
"အယူခံဝင်နိုင်ပါတယ်။ ဒါပေမဲ့ အခုလိုဖိအားပေးဆန္ဒပြမူတွေကြောင့် ကွင်းလုံးကျွတ်လွှတ်ပေးဖို့ အစိုးရတရပ်ကို တောင်းဆိုတာမျိုးကို လိုက်လျှောလို့ မရသလို ဘယ်နိုင်ငံမှာမှ ဒါမျိုး လုပ်ပေးမှာမဟုတ်ပါဘူး"
ဒီကနေ့မှာ ကျရောက်တဲ့ ခရစ်စမတ်နေ့မှာ ပြည်တွင်းစစ်ကြောင့် စစ်ဘေး တိမ်းရှောင်နေရတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ပြေး ဒုက္ခသည်တွေ အတွက် ကချင်ငြိမ်းချမ်းရေး ကွန်ယက်ကနေ ဦးဆောင်ပြီးတော့ ခရစ် စမတ် ထမင်းတနပ် အလှူလှုပ်ရှားမှု ပြုလုပ်နေတာပါ။
နှစ်ဖက်တပ်ဖွဲ့တွေ အကြားဖြစ်ပွါးနေတဲ့ တိုက်ပွဲ အရှိန် လျော့ချဖို့ အတွက် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ် အဖွဲ့တွေကနေကြိုးပမ်းနေချိန်မှာဘဲ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါးလာနေတာပါ။
SSPP/SSA ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မီတီတွေ ရန်ကုန်မြို့မှာ (၂)ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ရေး အရှိန်လျှော့ချရေး တပ်ပိုင်းဆိုင်ရာနေရာချထားရေးအပါအဝင် အချက် (၆) ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
လက်ရှိ အစိုးရနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင် ကျင်းပနိုင်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံး ပါဝင်နိုင်ရေး တိုင်းရင်းသား မဟာမိတ် အဖွဲ့နဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေ ဆွေးနွေးခဲ့ကြပါတယ်။
နှစ်လတာနီးပါး စစ်ရေးပဋိပက္ခဖြစ်ပွါးနေတဲ့ မြန်မာ့ တပ်မတော်နဲ့ မြောက်ပိုင်း ရှမ်းပြည် တပ်မတော်တို့ အကြား ပစ်ခတ် တိုက်ခိုက်မှု လျှော့ချနိုင်ဖို့ မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ ရန်ကုန်မြို့မှာ အကြိုတွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။
ရွေးကောက်ပွဲ အလွန်ကာလတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် အခုလိုထိုးစစ်တွေ ပိုမိုလုပ်ဆောင်နေတာဟာ လုံခြုံရေးကိုအကြောင်းပြပြီး အာဏာ လွှဲပြောင်းပေးဖို့ကြန့်ကြာအောင် လုပ်ဆောင်နေတယ်လို့လဲ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေကရှုမြင်နေကြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းဘက်မှာ မြန်မာ့ တပ်မတော် နဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSAတို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွါး လာနေပြီး ဒီတိုက်ခိုက်မှုမှာမြန်မာ့ တပ်မတော်ကနေ လေကြောင်းအကူသုံးပြီး ပစ်ခတ်ခဲ့တယ်လိုကမြောက်ပိုင်း ရှမ်းပြည် တပ်မတော်ဘက်က စွပ်စွဲပြောဆိုခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲလွန်ကာလ မဲရေတွက်မှု၊ အနိုင် အရှုံးစောင့်ကြည့်နေဆဲနဲ့ အနိုင်ရကိုယ်စားလှယ်တွေအကြောင်း စုစည်းတင်ပြပေးထားပါတယ်။
နိုဝင်ဘာ (၈) ရက် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကထုတ်ဝေတဲ့ မဲလက်မှတ်မှာ နိုင်ငံရေးပါတီတွေရဲ့အမှတ်တံဆိပ် အရောင်လွဲမှားနေတဲ့အတွက် နိုင်ငံရေးပါတီတွေက ကန့်ကွက်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်