သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံညှိနှိုင်း


NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသောအဖွဲ့များတွေ့ဆုံ (ဓါတ်ပုံ- NMG : Network Media Group)
NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသောအဖွဲ့များတွေ့ဆုံ (ဓါတ်ပုံ- NMG : Network Media Group)

မြန်မာ့အစိုးရနဲ့ NCA ခေါ် တနိုင်လုံးအတိုင်းအတာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး ရေးကိစ္စနဲ့ပက်သက်ပြီး အမြင်ကွဲပြားနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကနေ ရှေ့ဆက် ဘယ်လိုပုံစံနဲ့ ပူးပေါင်းဆောင်ရွက်သွားနိုင်မလဲ ဆိုတဲ့အချက်တွေကို မနေ့က ထိုင်းနိုင်ငံမှာအလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ ထားပါတယ်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသောအဖွဲ့များတွေ့ဆုံ (ဓါတ်ပုံ- NMG : Network Media Group)
NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသောအဖွဲ့များတွေ့ဆုံ (ဓါတ်ပုံ- NMG : Network Media Group)

မြန်မာအစိုးရနဲ့NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်လက်မှတ် မရေးထိုးနိုင်သေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ NCA လက်မှတ်ရေးထိုးပြီးကတည်းက တွေ့ဆုံမှုမရှိခဲ့ရာကနေ ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့တွေ့ဆုံမှုမှာ ဆုံးဖြတ်ချက်တွေ မချနိုင်ခဲ့ဘူးလို့UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က အခုလိုပြောပါတယ်။

“ကျနော်တို့က အခုရှင်းရှင်းပြောရရင် အလွှတ်သဘောတွေ့ကြတာပဲလေ။ ကျနော်တို့ဘာမှသဘောတူတာတွေ ကျနော်တို့မလုပ်ပါဘူး။ ရှေ့ဆက် ကျနော်တို့ အတူတကွ ဘယ်လိုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့ ခေါင်းစဉ်က ဒါ အဓိက ပေါ့နော်။ ကျနော်တို့ ရှေ့ဆက်သွားမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်စလုံးပေါ့နော် ကျနော်တို့ အမြန်ဆုံးတွေ့ဆုံနိုင်ကြရင်ဆွေးနွေးနိုင်ကြရင် ဆိုပြီးတော့ အမြင်သဘောထားတွေ ဖလှယ်ကြတာပဲ ရှိပါတယ်။ နှစ်ဖက်စလုံးအချိန်ပေးနိုင်တဲ့အချိန်ကျမှ သဘောထားချမှာ။”

NCA လက်မှတ်ရေးထိုးရေးကိစ္စနဲ့ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာ အမြင်ကွဲလွှဲမှုတွေရှိ နေခဲ့ပါတယ်။

UNFC (ခေါ်) ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ကတော့ လက်နက် ကိုင်အဖွဲ့တွေအားလုံးစုံပါဝင်မှလက်မှတ်ရေးထိုးဖို့ အမြင်ရှိနေကြပါတယ်။ လက်ရှိမှာ ၂၀၁၅ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့အစိုးရ တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး လုပ် ငန်းစဉ်တွေပိုမိုဖြစ်ထွန်းလာမယ်လို့လဲ တိုင်းရင်းသားခေါင်ဆောင်တွေကမျှော်လင့်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ လူထုနဲ့ နိုင်ငံတကာကို အခြေခံပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နိုင်မယ်လို့ NCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့က ရခိုင်လွတ်မြောက်ရေးပါတီ ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်ကနေ အခုလိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က လူထုအခြေခံပြီးတော့ နိုင်ငံတကာကိုလည်း အခြေခံမယ်လို့ထင်တယ်။ International pressure နောက်ပြီးတော့ People Pressure အဲဒီ ၂ ချက်ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြနိုင်ရင်တော့ အပြောင်းအလဲက ပိုပြီးမြန်မြန်ဆန်ဆန်ဖြစ်မယ်လို့မြင်တယ်။”

ဒါပေမဲ့လက်ရှိအခြေအနေမှာတော့ မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်အင်အားတိုးချဲ့ချထား နေသလို ထိုးစစ်ဆင်မှုတွေလုပ်ဆောင်နေတဲ့အခြေအနေတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ကချင် လွတ်လပ်ရေးအဖွဲ့KIO တအာင်းပလောင်တပ်ဖွဲ့TNLA ရခိုင်ပြည်နယ်ဘက်မှာ ရခိုင့်တပ်မတော်တို့နဲ့ တိုက်ပွဲတွေဖြစ်ပွား နေဆဲဖြစ်ပါတယ်။

ဒီကနေ့မှာကျရောက်တဲ့ (၇၁)နှစ်မြောက်တပ်မတော်နေ့မှာလဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကနေ ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစေချင်ရင် ထိုက်တန်တဲ့စည်းကမ်းရှိမှု၊ ဥပဒေလေးစားလိုက်နာ မှုရှိရဖို့လိုအပ်သလို လက်နက်ကိုင်သောင်းကျန်းမှုများမရှိအောင်လည်း ကြိုးစားမှသာတည်မြဲမယ်လို့ပြောဆိုခဲ့ ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုသောင်းကျန်းသူလို့သုံးနှုံးတာဟာ တပ်မတော် အနေနဲ့သဘောထားမမှန်ကြောင်း နဲ့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့လက်မခံဘူးလို့ ဦးခိုင်စိုးနိုင်အောင်ကအခုလိုပြောပါတယ်။

“လက်နက်ကိုင်သောင်းကျန်းသူလို့ တပ်မတော်က ပြောထားတာရှိတယ်။ တပ်မတော်ကတော့ သဘောထား မမှန်တယ်ဆိုတာအမှန်ပဲ။ ဒါကို ကျနော်တို့လက်မခံဘူး။”

ဒါ့အပြင် NCAသဘောတူညီချက်မှာပါတဲ့ တပ်အင်အားနေရာချထားရေးအစီအစဉ်မှာလဲ တပ်မတော်ရဲ့အမြင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ဘက်ကအမြင်တွေကလဲ မတူကွဲပြားမှုတွေရှိနေသေးသလို နောင်တက်လာမဲ့ အစိုးရ သစ်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ဆောင်ရေးမှာ တပ်မတော်ကိုဘယ်လိုကိုင်တွယ်နိုင်မလဲဆိုတဲ့အပေါ် စောင့်ကြည့်နေရဦးမယ်လို့လဲ တိုင်းရင်းသားခေါင်းဆောင်တွေကပြောပါတယ်။

XS
SM
MD
LG