ရှမ်းပြည်နယ်အတွင်းမှာ NCA အပစ်ရပ်လက်မှတ်ထိုး တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွါး နေဆဲဖြစ်ပြီး ဒေသခံရွာသားထောင်ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မြစ်ဆုံဒေသ အထက်ပိုင်းမှာ ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ ရေကာတာ စီမံကိန်းတွေကို ရပ်ဆိုင်းဖို့ ဒေသခံလူထုက ဒီကနေ့ပဲ သမ္မတထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့တောင်းဆို လိုက်ကြပါတယ်။
ကရင်နယ်ခြားစောင့်တပ် BGF နဲ့ မြန်မာ့တပ်မတော်ပူးပေါင်းတပ်ဖွဲ့တို့ကနေ မဲသဝေါဒေသက ခွဲထွက် DKBA တပ်စခန်း တွေကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ တိုက်ပွဲတွေတော့ ဆက်လက်ဖြစ်ပွါးနေပါတယ်။
စစ်ဘေးဒဏ်ကြောင့် ၁၇ လကျော် ကြာ နေရပ်စွန့်ခွာ တိမ်းရှောင်နေခဲ့ရတဲ့ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ပြင်စိုကျေးရွာမှ ဒေသခံ ၃၀၀ ကျော်တို့အတွက် နေရပ်ရင်းကိုပြန်နိုင်ဖို့ ချင်းပြည်နယ်အစိုးရအဖွဲ့ကနေစီစဉ်နေပြီး ဖြစ် ပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲသဝေါဒေသမှာ ခွဲထွက် DKBA (ဒီကေဘီအေ) ဘက်ကနေ အခြေပြုထားတဲ့ တပ်စခန်းတွေကို မြန်မာ့တပ်မတော်နဲ့ နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်တို့ကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးနေစဲလို့ နှစ်ဖက်တပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။
ကရင်ပြည်နယ်မဲသဝေါဒေသမှာ ကရင်နယ်ခြားစောင့်တပ်ရင်းနဲ့ မြန်မာ့ တပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့နဲ့ ခွဲထွက်ဒီကေဘီအေတပ်တို့ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပြီး၊ ထိခိုက်သေကြေမှုတွေလည်း ရှိနေပါတယ်။
ကရင်ပြည်နယ်၊ မဲသဝေါဒေသအတွင်းမှာဒုဗိုလ်မှူးကြီးစောဆန်းအောင်ဦးစီးDKBAအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ် နဲ့အစိုးရတပ်မတော်ပူးပေါင်းတပ်တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးနေသလို ထောင်နဲ့ချီတဲ့ဒေသခံကျေးရွာသားတွေလဲ မြိုင်ကြီးငူဒေသဘက်ကို စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တိမ်းရှောင်နေရပါတယ်။
နယ်မြေအငြင်းပွါးမှုပြဿနာနဲ့ပြီးခဲ့တဲ့ရက်ကစစ်ရေးပဋိပက္ခဖြစ်ပွါးခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ KNU ခေါင်းဆောင်တို့ကနေ ဒီကနေ့တွေ့ဆုံဆွေးနွေးခဲ့ရာမှာ နယ်မြေပိုင်းခြားရေးအတွက် ဗဟိုအဆင့်ကနေ ဆောင်ရွက်သွားဖို့သဘောတူညီချက်ရရှိခဲ့ပါတယ်။
၂၈နှစ်နီးပါးစစ်ရေးပဋိပက္ခငြိမ်သက်နေတဲ့ မွန်ပြည်သစ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ဟာ အငြင်းပွါးဖွယ်ရာ နယ်မြေပိုင်ဆိုင်မှုပြဿနာကြောင့် ဒီကနေ့ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။
"အနာဂတ်ကိုတည်ဆောက်ကြဖို့ဆိုရင် အခရာကျတဲ့ လူမှုအသိုင်းအဝိုင်း ၂ ခု အကြား ၁၀စုနှစ်တွေနဲ့ချီ မယုံကြတဲ့အဖြစ်တွေကို အတိတ်မှာထားခဲ့ပြီး နှစ်ဘက်စလုံးက တန်ဖိုးထားတဲ့ တရားမျှတမှုနဲ့ တန်းတူရေးကို ပိုက်ထွေးနိုင်ကြဖို့ နည်းလမ်းတွေရှာဖွေကြရပါလိမ့်မယ်။"
ပြီးခဲ့တဲ့၂၀၁၅ရွေးကောက်ပွဲမှာ အောင်နိုင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရှမ်းပြည်နယ်အမျိုးသား ဒီမိုရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ အလုပ်အမှုဆောင်(၅)ဦးကို လက်ရှိတာဝန်ကနေ ဖယ်ရှားလိုက်ပြီး တောင်ကြီးခရိုင်ဥက္ကဌ ဦးတင်မောင်တိုးကို အန်အယ်လ်ဒီ ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။
“ရောဂါဖြစ်နေတာက ကျနော်တို့ဒီ လဟယ်မြို့နယ်နဲ့ နန်းယွမ်းမြို့နယ်ထဲမှာပေါ့နော်။ ဆိုတော့ အခုလောလောဆယ် ဒီမြို့နယ် ၂ မြို့နယ်က စုစုပေါင်းသေဆုံးလူဦးရေက ၈၂ ယောက်ရှိပြီပေါ့နော်။ "
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွါးနေတဲ့ ပြင်းထန်ဝက်သက်ကူးစက်ရောဂါကို အစိုးရ ကျန်းမာရေးဌာနရောဂါတိုက်ဖျက်ရေးအဖွဲ့တွေကနေ ကွင်းဆင်း ကုသပေးနေပေမယ့် ရောဂါ အခြေအနေ ကိုမထိန်းချုပ်နိုင်သေးဘူးလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှာကျူးကျော်နေထိုင်တဲ့ အိမ်ခြေတွေကို အမြန်ဆုံးပြောင်း ရွှေ့ဖယ်ရှားဖို့ချင်းပြည်နယ် အစိုးရကနေ ဒုတိယအကြိမ်ထပ်မံသတိပေးခဲ့ပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှာကျူးကျော်နေထိုင်တဲ့ အိမ်ခြေ(၃၆၀)ကျော်ကို ချင်းပြည်နယ် အစိုးရကနေ ပြောင်းရွှေ့ဖယ်ရှားခိုင်းခဲ့ပြီးဖြစ်ပါတယ်။
မွန်ပြည်နယ်အတွင်း နှစ်ပေါင်းများစွာဖြစ်ခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ IDP ဒုက္ခသည် တွေအတွက် နိုင်ငံတကာအထောက်အပံ့တွေ နည်းလာသလို၊ သူတို့တွေ နေရပ်ပြန်ရေး ဟာလည်း မရေမရာ မသေချာတဲ့ အခြေအနေမှာ ရှိနေပါတယ်။
အသက်ရှူလမ်းကြောင်းထဲဗိုင်းရပ်ပိုးဝင်ရောက်မှုကူးစက်ရောဂါကြောင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်နဲ့ နန်းယွမ်းမြို့နယ်အတွင်းက ကလေးငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း(၃၆) ဦးခန့် သေဆုံးမှုဖြစ်ပွါးခဲ့တယ် လို့ ဒေသခံ အာဏာပိုင်တွေကပြောပါတယ်။
သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ချင်းပြည်နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်းအဆက်မပြတ်ရွာသွန်းနေတဲ့မိုးကြောင့် လမ်းပန်း ဆက်သွယ်ရေးပြတ်တောက် ပြီး၊ မြေပြိုတာကြောင့် လူအသေအပျောက်လည်း ရှိနေပါတယ်။
စစ်တပ်နေရာတိုးချဲ့ရေးနဲ့တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလုပ်ဆောင်ဖို့ ကျောက်ဖြူမြို့နယ်အတွင်းမှာ သိမ်းဆည်း ထားပြီး အသုံးမလိုတော့တဲ့ လယ်ယာမြေဧက(၁၂၀၀)ကျော်ကို ပထမဆုံးအကြိမ်ဒေသခံလယ်ပိုင်ရှင်တွေကိုပြန်လည် ပေးအပ်ခဲ့ ပါတယ်။
နမိုးနီးယားခေါ် အသက်ရှူလမ်းကြောင်းထဲ ဗိုင်းရပ်ပိုးဝင်ရောက်မှု ကူးစက်ရောဂါကြောင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ဒေသခံကလေးငယ်အများစု အပါအဝင် (၂၀) ဦးသေဆုံးခဲ့ပြီး (၁၆၀) ဦးကျော် ရောဂါကူးစက်ခံနေရတယ်လို့ နာဂဦးစီး အဖွဲ့ခေါင်းဆောင်တွေ ကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်