ကချင်ပြည်နယ် တနိုင်းက မှော်တွင်းတွေကနေ ထွက်ခွာ ကြဖို့ ညွှန်ကြားချက် ပေးပြီးတဲ့နောက်မှာ ဒေသခံတွေ အပါအဝင် မှော်လုပ်သားတွေ နေရပ်ကနေ ထွက်ခွာနေကြတာ အခုဆိုရင် တနိုင်းမြို့အတွင်းမှာ စစ်ဘေးရှောင်(၇၀၀)ကျော်ရောက်ရှိနေပြီးလို့ ခရစ်ယာန်အသင်းတော်တာဝန်ရှိသူတွေက ပြောပါတယ်။
မေလ(၂၄)ရက်နေ့ကနေ(၂၉)ရက်နေ့အထိ ကျင်းပပြီးစီးသွားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံခေါ် ၂၁ ရာစု ပင်လုံညီလာခံရလာဒ်နဲ့ပက်သက်ပြီး SNLDခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဒီကနေ့ ရန်ကုန်မြို့ မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
ကချင်ပြည်နယ် မံစီမြို့နယ် မိုင်ခေါင်ရွာ RC ဒုက္ခသည်စခန်းက အသတ်ခံရတဲ့ ကချင်လူငယ်(၃)ဦးရဲ့ အလောင်းကို ဒီကနေ့မှာ မံစီဆေးရုံကိုသယ်ဆောင်လာပြီးတော့ လိုအပ်တဲ့ခွဲစိတ် စစ်ဆေးမှုတွေလုပ်နေသလို သေဆုံးမှုအတွက်အမှု ဖွင့်ထားပြီးလို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။
မေလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ၂၁ရာစုပင်လုံညီလာခံတက်ဖို့ တရုတ်မြန်မာနယ်စပ်အခြေစိုက် အဖွဲ့ ၇ဖွဲ့ နေပြည်တော်ကို ရောက်ရှိနေချိန်မှာပဲ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကတော့ ညီလာခံမတက်ရောက်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။
မေလ(၂၄)ရက်နေ့မှာ၂၁ရာစုပင်လုံညီလာခံ ကျင်းပတော့မှာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကို ဖိတ်ခေါ်သွားမယ်လို့ အစိုးရဘက်ကပြောဆိုနေပေမဲ့ တအာင်းပလောင် တပ်ဖွဲ့TNLA အဖွဲ့အနေနဲ့ ဖိတ်ကြားခြင်းမခံရသေးဘူးလို့ပြောပါတယ်။
ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပေးဖို့၊ တပြည်လုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA)ကိစ္စနဲ့နိုင်ငံတော်စီမံကိန်းတွေမှာဒေသခံတွေရဲ့ သဘော ထားဆန္ဒရယူဖို့ စတဲ့အချက် ၅ ချက်ကို ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း NBFက အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုတိုက်တွန်းလိုက်ပါတယ်။ ေ
UNFCခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်(၅)ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရခိုင်အမျိုးသားကောင်စီANCလားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့တို့ဟာ NCAလမ်းကြောင်းကိုလက်ခံကြောင်းဆုံးဖြတ်ခဲ့တယ်လို့ UNFC ခေါင်းဆောင်တွေက အတည်ပြုပြောဆိုခဲ့ပါတယ်။
မငြိမ်းချမ်းသေးတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းမှာ TNLAတအာင်းပလောင်တပ်ဖွဲ့နဲ့ မြန်မာ့ တပ်မတော် တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSAတို့အကြား ဒီကနေ့မှာလဲတိုက်ပွဲဖြစ်ပွါးနေပါတယ်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေထဲမှာ NCA လမ်းကြောင်းအတိုင်းသွားဖို့ ဆန္ဒရှိတဲ့ အဖွဲ့တွေနဲ့ NCA လမ်းကြောင်းကို လက်မခံတဲ့ အဖွဲ့တွေဆိုပြီး ကွဲပြားနေချိန်မှာပဲ UNFC အဖွဲ့ဝင်ဖြစ်တဲ့ KNPP ကတော့ NCAလမ်းကြောင်းအတိုင်း သွားမယ်လို့ အတိအလင်းဆုံးဖြတ်လိုက်တာပါ။
သင်္ကြန်ကာလအတွင်း ထိုင်းနိုင်ငံကနေ နေရပ်ပြန်သွားကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အခုသင်္ကြန်အပြီး ထိုင်းနိုင်ငံထဲ ပြန်အဝင်မှာအခက်တွေ့နေကြပါတယ်။
မာရသာဆိုင်ကလုံးမုန်တိုင်းအရှိန်ကြောင့် မွန်ပြည်နယ် ကရင်ပြည်နယ်နဲ့ တနင်္သာရီ တိုင်း ဒေသကြီးတွေ မှာ မိုးများ ရေကြီး မြေပြိုမှု စတဲ့ သဘာဝဘေး အန္တရာယ်တွေဖြစ်နိုင်ခြေ ရှိတယ်ဆိုတဲ့ ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီရဲ့ သတိပေးချက်ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးကနေ သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ဖို့ သက်ဆိုင်ရာ ဒေသတွေရဲ့ အစိုးရအဖွဲ့တွေကိုညွှန်ကြားထားပါတယ်။
အတာကြူးတဲ့ လတန်ခူးဒီကနေ့သင်္ကြန်အကျနေ့မှာ မြန်မာနိုင်ငံအရပ်ရပ်မှာ ရေသဘင်ပွဲဆင်နွှဲနေကြသလို တိုင်းရင်းသားဒေသ တွေမှာလဲ ရိုးရာဓလေ့ထုံးစံအရ သင်္ကြန်ပွဲကိုဆင်နွှဲနေကြပါတယ်။
လွန်ခဲ့တဲ့ ၁၃ နှစ်က လူကုန်ကူးခံရပြီး တရုတ်နိုင်ငံမှာ ရောင်းစားခံခဲ့ရတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတဦးကို တရုတ်-မြန်မာ နှစ်ဘက် ပူးပေါင်းပြီး ကယ်တင်လိုက်နိုင်ပါတယ်။
NCAလက်မှတ်ရေးထိုးပြီးသား တောင်ပိုင်းရှမ်းပြည် တပ်မတော်(RCSS/SSA)ရဲ့ ပင်လုံမြို့နယ်ကတပ်စခန်းတစ်ခုကို မြန်မာ့တပ်မတော်ကနေဝင်ရောက်ဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်အပေါ်ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-S) ကနေ အမြန်ဆုံးဖြေရှင်းပေးဖို့ RCSSဘက်ကတိုင်ကြားခဲ့ပါတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူစာချုပ် NCA အရ အစိုးရနဲ့ နိုင်ငံရေး ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူလိုက်ကြပါပြီ။
မွန်ပြည်နယ်အတွင်း မွန်အမျိုးသားထုကို တစည်းတလုံးတည်း ကိုယ်စားပြုနိုင်ဖို့ဆိုပြီး မွန်ပါတီသစ်တရပ်ဖွဲ့စည်းဖို့ မွန်ခေါင်းဆောင်အချို့က ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအလွန်မှာ ကြိုးပမ်းနေကြပါတယ်။
အစိုးရသက်တမ်း တနှစ်ပြည့်အထိမ်းအမှတ် ကြာသပတေးနေ့ညက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိန့်ခွန်းအပေါ် ဘဝင်မကျလှသူတွေထဲမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေလဲ ပါဝင်ပါတယ်။
ဒီမိုကရေစီနဲ့ဖက်ဒရယ်လမ်းစဉ်ဟာ ဗိုလ်ချုပ်အောင်ဆန်းကြောင့်မပျောက်ပျက်တာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ဖယ် လိုက်မယ်ဆိုရင် ဒီမိုကရေစီဝါဒနဲ့ဖက်ဒရယ်လမ်းစဉ်ဟာ ပျက်စီးသွားနိုင်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က မွန်ပြည်နယ်လွှတ်တော်တွင်းမှာ မနေ့ကပြောသွားပါတယ်။
ပြည်သူ့လွှတ်တော်ကနေအတည်ပြုလိုက်တဲ့ သံလွင်တံတား-ချောင်းဆုံအစား ဗိုလ်ချုပ်အောင်ဆန်း အမည်သတ်မှတ်ချက် အပေါ် မွန်ပြည်နယ်ဒေသခံတွေကနေ ဒီကနေ့မှာ ကန့်ကွက်ဆန္ဒဖေါ်ထုတ်ပွဲ တရပ်ကို မော်လမြိုင်မြို့မှာပြုလုပ် ခဲ့ ပါတယ်။
မွန်ပြည်နယ်ဒေသခံတွေကန့်ကွက်နေတဲ့ကြားက မော်လမြိုင်မြို့နဲ့ ချောင်းဆုံကို ဆက်သွယ်ထားတဲ့ သံလွင်တံတား (ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်အဖြစ် ပြည်သူ့လွှတ်တော်ကနေ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တဲ့ အပေါ်မှာ မွန်နိုင်ငံရေးပါတီ မွန်လူထုအဖွဲ့အစည်းတွေအကြားမှာ မကျေနပ်မှုတွေပိုမိုတိုးပွါးလာသလို တမျိုးသားလုံး အတိုင်းအတာနဲ့ဆန္ဒဖေါ်ထုတ်ကန့်ကွက်သွားဖို့ပြင်ဆင်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်