စီမံကိန်းလုပ်ငန်းတွေ ဆောင်ရွက်မှု နှောင့်နှေးခဲ့တဲ့အတွက် ချင်းပြည်နယ် စည်ပင်သာယာဝန်ကြီး Salai Isaac Khen ဟာ တာဝန်ယူ၊ တာဝန်ခံမှုအဖြစ် မိမိသဘောအလျှောက် ရာထူးက နုတ်ထွက်သွားပါတယ်။
NCAအပစ်ရပ်စာချုပ်လက်မှတ်မထိုးနိုင်သေးတဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်SSPP/SSAရဲ့ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ်ကတပ်စခမ်းတခုကို တပ်မတော်ကနေဝင်ရောက်လာတို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ် ပွါးခဲ့တယ်လို့ SSPP တာဝန်ရှိသူတွေကပြောပါတယ်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး ပျောက်ဆုံးနေတဲ့ တနိုင်းမြို့နယ် အောက်လော့ဒ်ကျေးရွာက ဒုက္ခသည် နှစ်ထောင်နီးပါးထဲ ၅၀၀ လောက်ဟာ တနိုင်းနဲ့ မြစ်ကြီးနားမြို့တွေကို ရောက်ရှိလာပါတယ်။
တပ်မတော်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်KIA တို့တိုက်ပွဲအကြားပိတ်မိနေတဲ့ ကချင်ပြည်နယ်ကားမိုင်းမြို့နယ် လိုင်နောင်ခူးခေါ် မန်လွယ်ကျေးရွာသားတွေကိုကယ်ထုတ်နိုင်ဖို့ ကြိူးပမ်းနေရာမှာ တပ်မတော်ကနေ ရွာသား တွေကိုခေါ်သွားခွင့်မပြုဘူးလို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။
ကချင်ပြည်နယ်က တိုက်ပွဲတွေကြား ထောင်နဲ့ချီတဲ့ ဒေသခံတွေ ပိတ်မိနေတဲ့အပေါ် ပြည်တွင်းပြည်ပက စိုးရိမ်မှုတွေ နဲ့ ကန့်ကွက်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက်၊ အခုနောက်ဆုံး ဒုက္ခသည်တွေ ဘေးလွတ်ရာ ပြောင်းရွှေ့တဲ့ အစီအစဉ် တွေ စတင်နေပါပြီ။
ဧပြီလကနေ ဒီကနေ့အထိ တပ်မတော်နဲ့ KIAကချင်လွတ်လပ်ရေး တပ်မတော် တို့တိုက်ပွဲအတွင်း ကချင်ပြည်နယ် က ထောင်နဲ့ချီတဲ့ကျေးရွာသားတွေဟာ စစ်ဘေးတိမ်းရှောင်နေရသလို ရွာသားတချို့ဟာလဲ ဖမ်းဆီးထိန်းသိမ်း မှု တွေခံနေရတာပါ။
မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်KIAတို့အကြားဖြစ်ပွါးနေတဲ့တိုက်ပွဲတွေကြောင့် တောထဲမှာ ပိတ် မိနေတဲ့ ကချင်စစ် ဘေးရှောင်ဒေသခံတွေကို အမြန်ဆုံးကယ်ထုတ်ပေးနိုင်ဖို့ ဆန္ဒဖေါ်ထုတ်မှုတရပ်ကို ဒီမနက် ကချင် ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကို လူသူနေထိုင်တဲ့ အရပ်တွေနဲ့ ဝေးရာမှာပဲ ပြုလုပ်ကြဖို့လိုတယ်လို့ စစ်ပွဲဒေသ ဒုက္ခသည်အရေး လုပ်ဆောင်နေသူတွေက တိုက်တွန်းလိုက်ပါတယ်။ စစ်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဆိုးရွားတဲ့ရာသီဥတု အခြေအနေကြား အိုးအိမ်စွန့်ခွာ ပြေးနေကြရပြီး၊ ဒီကနေ့ပဲ မိုးကောင်းမြို့နယ်ထဲက ရွာသူရွာသား (၁,၀၀၀)ကျော်ဟာ စစ်ဘေးလွတ်ရာ နမ္မတီးလမ်းခွ နှစ်ခြင်းဘုရားကျောင်းကို ရောက်ရှိနေပါတယ်။
စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်က ဒေသခံရွာသား (၁၆)ဦးကို လက်နက်ကိုင်တွေ ဖမ်းဆီးသွားတာသီတင်းတပတ်နီးပါးရှိလာတဲ့အထိ သတင်းမကြားရတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။ ကိုးကန့် တပ်ဖွဲ့ MNDAA တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတာလို့ သံသယရှိနေကြတဲ့ အတွက်လည်း ဒေသခံ လွှတ်တော် ကိုယ်စားလှယ် တွေက ကန့်ကွက်နေကြပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ NMSP ရဲ့ လူထုတွေ့ဆုံပွဲ ကျင်းပဖို့စီစဉ်နေမှုကို တပ်မတော်မှ လူဦးရေ ကန့်သတ်လာတာကြောင့် လူထုတွေ့ဆုံပွဲ ကျင်းပဖို့ ရပ်ဆိုင်းနေပြီး အစိုးရဘက်ကို တင်ပြထားတယ်လို့မွန်ပြည်သစ်ပါတီက သူတွေက ပြောပါတယ်။
(၂၈)နှစ်နီးပါးပဋိပက္ခရပ်တန့်နေတဲ့ မွန်ပြည်သစ်ပါတီနဲ့ KNUကရင်အမျိုးသားအစည်းအရုံးတို့အကြား အောက်ခြေ ပိုင်းမှာ စစ်ရေးပဋိပက္ခတွေဖြစ်ပွါးလာနေတာပါ။ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးအစပ် ရေးချောင်းဖျားအစွန် မာန်အောင်ကျေးရွာအရှေ့ဘက်ဒေသမှာ သစ်ထုတ်လုပ်နေတဲ့ KNU တပ်ရင်း(၁၆)တပ်ဖွဲ့ဝင်တွေနဲ့ မွန်ပြည်သစ် ပါတီ ဗဟိုလုံခြုံရေးတပ်ဖွဲ့တို့အကြား စနေနေ့မှာ ပစ်ခတ်မှုအနဲငယ်ဖြစ်ပွါးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီဘက်က ပြောပါတယ်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)ရဲ့အဖွဲ့ဝင်နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊တို့ဟာ ဒီကနေ့မှာ မြန်မာအစိုးရနဲ့NCAအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ပြီး ဖြစ်ပေမယ့် ရခိုင်အမျိုးသားကောင်စီANC ကတော့ လက်မှတ် မရေးထိုးနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။
မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ကို မတရားအသင်းက ပယ်ဖျက်လိုက်သလို၊ ဒီအဖွဲ့တွေဟာ အကြမ်းဖက်အဖွဲ့အစည်းစာရင်းမှာလည်း မပါဝင်ဘူးလို့ မြန်မာအစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
UNFCခေါ်ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ(NMSP)၊ဟာ မြန်မာအစိုးရနဲ့ လာမဲ့ဖေဖေါ်ဝါရီ(၁၃)ရက်နေ့မှာ NCAအပစ်ရပ်သဘောတူစာချုပ်လက်မှတ်ရေးထိုးသွားမယ်လို့ ပါတီ ထိပ်တန်းခေါင်းဆောင်တွေကပြောပါတယ်။ NCAလက်မှတ်ထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းကို တက်လှမ်း နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။
ကချင်ပြည်နယ်ဘက်မှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ကဖမ်းဆီးထားတဲ့ လီဆူတိုင်းရင်းသား(၂၈)ယောက် ကိုပြန်လွှတ်ပေးဖို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတွေ ကနေတောင်းဆိုနေပေမဲ့ ဒီကနေ့အထိတော့ ပြန်လည် လွတ်မြောက်လာတာမရှိသေးပါဘူး။
ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့KIOကချင်လွတ်လပ်ရေးအဖွဲ့တို့အကြားဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေကြောင့် တနိုင်းမြို့နယ်ပယင်းမှော်ဒေသမှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေနဲ့ မှော်တွင်းလုပ်သားတွေကယ်ထုတ်နိုင်ဖို့အတွက် ကချင်ဒေသခံတွေကနေ ဒီကနေ့မြစ်ကြီးနားမြို့မှာစီတန်းလှည့်လည်ဆန္ဒထုတ်ဖေါ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ဒေသတွေမှာ KIOခေါ်ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ အကြား တကျော့ပြန်တိုက်တွေဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။
မြန်မာအစိုးရနဲ့မကြာမီNCAလက်မှတ်ရေးထိုးဖို့ထုတ်ပြန်ထားတဲ့မွန်ပြည်သစ်ပါတီပါတီရဲ့ ထိန်းသိမ်းခံထားရတဲ့တပ်ဖွဲ့ဝင်(၅)ဦးကို ဒီကနေ့မှာ ကျိုက်မရောအကျဉ်းထောင်ကနေလွှတ်ပေးလိုက်ပြီးဖြစ်ပါတယ်။ အစိုးရကဖမ်းဆီးထားတဲ့ မွန်ပြည်သစ်တပ်ဖွဲ့ဝင်(၅)ဦးကို နိုင်ငံတော်သမ္မတရုံးရဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ(၄၀၁)ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ပါမောက္ခ Yanghee Lee ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာထုတ်ပြန်မယ့်ခရီးစဉ်တွေအဖြစ် Bangladeshကိုသွားရောက်ခဲ့ပြီးတဲ့နောက် ဇန်နဝါရီလ ၂၄ ရက်ကနေ ဒီကနေ့ ၃၀ ရက်နေ့အထိ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး February လ ၁ ရက်နေ့ကျရင် တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်မှာ သတင်းစာရှင်းလင်းပွဲကျင်းပဖို့ရှိပါတယ်။
ကချင်ပြည်နယ် မံစီမြို့နယ်၊ မိုင်ခေါင်စစ်ရှောင်ဒုက္ခသည်စခန်းက၊ ကချင်တိုင်းရင်းသား ၃ ဦးကို မန်စီအခြေစိုက် ခမရ ၃၁၉ တပ်ရင်းက တပ်မတော်သားတွေ သတ်ဖြတ်လိုက်တဲ့ ကိစ္စအတွက် တပ်ရင်းမှုးတဦးအပါအဝင် တပ်မတော်သား (၆)ဦးကို သောကြာနေ့ ညနေပိုင်းမှာ တပ်မတော် စစ်ခုံရုံးကနေ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီနဲ့ တပ်မတော်မှ ရာသက်ပန်ထုတ်ပယ်တဲ့ အပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်