ကရင်ပြည်နယ်အတွင်းသံလွင်မြစ်ရေတိုးလာမှုနဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းတနင်္သာရီမြစ်ရေ တိုးလာမှု ကြောင့် ဒေသအတွင်းမှာရေကြီးမှုတွေဖြစ်ပွါးနေတာပါ။ ဒေသအတွင်းရေဘေးဒုက္ခသည်တွေတိုးပွါးလာနေသလို စိုက်ပျိုးလယ်မြေတွေပျက်စီးမှုတွေလဲရှိနေပါတယ်။
မြန်မာနိုင်ငံတဝှမ်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမှုဖြစ်ပွါးခဲ့လို့ သိန်းနဲ့ချီတဲ့ဒေသခံတွေ ရေဘေးသင့်ခဲ့သလို လယ်ယာစပါးစိုက်ခင်းအများအပြား ရေနစ်မြုပ်ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံတဝှမ်း ရေကြီး ရေလျှံမှုတွေဖြစ်နေရာမှာ ပဲခူးတိုင်းက အဆိုးဆုံးဖြစ်နေပြီး၊ ပဲခူးတိုင်းအတွင်း မှာ ရေဘေးကယ်ဆယ်ရေးစခန်း နှစ်ရာကျော် ဖွင့်လှစ်ထားရပါတယ်။ မွန်ပြည်နယ်မှာ ရေပြန်ကျသွားပြီဆိုပေမယ့် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသအချို့မှာ မြစ်ရေတိုးဆဲ အခြေအနေရှိနေတုန်းပါ။
ကချင်ပြည်နယ်ဖါးကန့်မြို့နယ် ကျောက်စိမ်းတူးဖေါ်ရေးလုပ်ကွက်က ကမ်းပါးမြေပြိုကျခဲ့တဲ့ဖြစ်စဉ်အတွင်း သေဆုံးသူ (၁၁)ဦးအလောင်းကို ဒီကနေ့မှာတွေ့ရှိရပြီး ကျန်တဲ့သူတွေကိုတွေ့ရှိဖို့ရှာဖွေနေဆဲလို့ အကူညီပေးရေးအဖွဲ့ ဝင် တွေက ပြောပါတယ်။
မြန်မာအစိုးရတပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖဲွဲ့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်းမှာတော့ ထောင်ထား တဲ့ မြေမြုပ်မိုင်းနင်းလို့ ဒေသခံ ရွာသားအမျိုးသမီးတဦး မနေ့က သေဆုံးခဲ့ပြီး ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ပြဿနာဖြစ်နေတဲ့ ကယားပြည်နယ်က ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ရေးလုပ်ငန်းကို ပြည်နယ်အစိုးရက တာဝန်မယူတော့ပဲ အရပ်ဖက်အဖွဲ့တွေကို လွဲှပြောင်းပြီး ဆက်လက်ဆောင်ရွက်မယ်လို့ သိရပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိရေးအစီအစဉ်ကို ကန့်ကွက်မှုတွေကြောင့် ယာယီရပ်ဆိုင်းထားပြိး ဒေသခံတွေရဲ့ သဘောထားဆန္ဒကောက်ယူပြီးမှ ဆက်လုပ်သင့်မလုပ်သင့် ဆုံးဖြတ်မယ်လို့ ကယားပြည်နယ်အစိုးရက ပြောခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုစိုက်ထူမဲ့ ကယားပြည်နယ်အစိုးရရဲ့အစီအစဉ်ကို ကရင်နီလူထုအဖွဲ့အစည်းတွေကနေ ဒီကနေ့ကန့်ကွက်ဆန္ဒဖေါ်ထုတ်ခဲ့ရာမှာ သက်ဆိုင်ရာရဲတပ်ဖွဲ့ကနေတားဆီးပိတ်ပင်ခံခဲ့ရတာပါ။
ကချင်ပြည်နယ်ဖါးကန့်မြို့အတွင်း ဒီကနေ့မှာ မိုးကြီးပြီး ဥရုချောင်းရေလျှံတက်လာလို့ ရပ်ကွက်(၄)ခုလောက် ရေကြီး ခဲ့တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းကရေကြီးမြေပြိုမှု အတွင်း သေ ဆုံးသူတွေအတွက် ပြည်နယ်အစိုးရကနေ ငွေကြေးထောက်ပံ့ပေးဖို့စီစဉ်နေဆဲလို့လဲဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့TNLA တအာင်း ပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်ကြား ဒီနေ့အစောပိုင်း တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တဦး သေဆုံးပြီး၊ လူ ၆ ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။
ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်KIAတို့ တိုက်ပွဲကြောင့် မြို့နယ်အသီး သီးမှာတိမ်းရှောင်လာတဲ့စစ်ရှောင်ဒုက္ခသည်တွေကို အစိုးရကနေ ထိရောက်စွာအကူညီပေးသွားဖို့လိုအပ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကနေ မနေ့ကကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
NCAအပစ်မရပ်နိုင်သေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ အားလုံး လာမယ့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းမှာ တက်ရောက်နိုင်အောင် ဖိတ်ကြား ဖို့ မနေ့ကကျင်းပတဲ့ UPDJC အတွင်းရေးမှူးများအစည်းအဝေးဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီဆုံးဖြတ် ချက် ကို UPDJCအစည်းအဝေးမှာဆက်လက်တင်ပြသွားမယ်လို့လဲ အဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။
ကချင်ပြည်နယ် နာမည်ကျော်ကျောက်စိမ်းထွက်ရာဖါးကန့်မြို့နယ်ဘက်မှာ မိုးရွာသွန်းရေကြီးမြေပြိုမှုကြောင့် ဒီကနေ့ အထိ ထိခိုက်သေဆုံးသူ(၁၄)ဦးရှိခဲ့ပြီး အိမ်ခြေ(၆၀)ကျော်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စား လှယ်တွေကပြောပါတယ်။ လက်ရှိ မြေပြိုမှုကြောင့်အတိဒုက္ခရောက်နေတဲ့သူတွေကို အစိုးရကနေ အကူညီ မပေးနိုင် သေးဘူးလို့လဲဆိုပါတယ်။
မွန်ပြည်နယ်မှာအနှစ်(၄၀)ကျော်အတွင်း မကြုံဘူးတဲ့အဆိုးဝါးဆုံး ရေကြီးရေလျံမှု ရေတိုက်စားမှုဒဏ်ကို ခံခဲ့ရတာပါ။ မနေ့ကဖြစ်ပွါးခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် မွန်ပြည်နယ်မော်လမြိုင်မြို့အပါအဝင် မြို့နယ်တော်တော်များများမှာ ယာယီ ရေဘေးကယ်ဆယ်ရေးစခမ်းတွေဖွင့်လှစ်ခဲ့ရသလို ပျက်စီးမှုတွေလဲရှိနေတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါ တယ်။
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ဘက်မှာ ရေကြီးမြေပြိုမှုကြောင့် လူ (၅) ဦး သေဆုံးပြီး အနီးပတ်ဝန်းကျင် အိမ်ခြေတွေက လူ (၇၀) နီးပါး ပြောင်းရွှေ့ ထားရ တယ် လို့ မိုးကုတ်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုင်းနဲ့ပြည်နယ်တော်တော်များများမှာ ရေကြီးရေလျှံမှု လမ်း ပန်းဆက်သွယ်ရေးပြတ်တောက်မှု မြေပြိုမှုတွေဖြစ်ပွါးခဲ့ပြီး ရေဘေးဒုက္ခသည်လူဦးရေ(၈၀၀၀)ကျော် ရှိနေသလို လူသေမှုတွေလဲဖြစ်ပွါးခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိ သူတွေကဆိုပါတယ်။
အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် မြန်မာစစ်တပ်က ကန့်သတ်မှုတွေနဲ့ တင်းကြပ်မှုတွေ လုပ် လာတာကြောင့် NCA စာချုပ် လက်မှတ်ထိုးဖို့အတွက် စဉ်းစားစရာဖြစ်နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ KNPP က ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့အကြားဖြစ်ပွါးနေတဲ့တိုက်ပွဲအတွင်း (၂)လနီးပါးပိတ်မိနေတဲ့တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာသားတချို့ဟာ တနိုင်းမြို့ဘာသာရေးအသင်းတော်ကို တိမ်းရှောင်ရောက်ရှိလာပါတယ်။
မြန်မာနဲ့အိန္ဒိယနိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးအဆင်ပြေချောမွေ့ဖို့ မကြာခင်က မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj နဲ့နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်