အကြမ်းဖက်ဖမ်းဆီးနှိမ်နင်းမှုတွေကြားက နိုင်ငံတဝန်းက သပိတ်များ အားကောင်း၊ အသေးစားဗုံးပေါက်ကွဲမှုများ၊ တိုင်းရင်းသားဒေသမှာ ပိုပြင်းထန်လာတဲ့ စစ်ရေးအခြေအနေတွေ ဒီလိုပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တာတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ကမ္ဘာတဝှမ်း အစာရေစာ ရှားပါးမှုပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရသူတွေ ၅ နှစ်အတွင်း စံချိန်တင်မြင့်တက်လာနေပြီး အရေးပေါ်အကူအညီတွေ အပူတပြင်းလိုအပ်နေပါတယ်။
ရန်ကုန်မြို့၊ မန္တလေးမြို့တို့အပြင် နိုင်ငံအနှံ့မှာ လူထုသပိတ်တွေ၊ ဆန္ဒပြပွဲတွေ နေ့စဉ်မပြတ် ဆက်လက်ပြုလုပ်နေကြပါတယ်။ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးပဋိပက္ခ အရှိန်မြင့်လာလို့ ဒေသခံတွေ ပိုမိုထိခိုက်ရပါတယ်။ ဒီလိုပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တာတွေကို နန်းလောင်ဝ် စုစည်း တင်ပြထားပါတယ်။
အင်္ကျီပြာတော်လှန်ရေးနဲ့ပြောက်ကျားသပိတ်တွေကိုတော့ ပြီးခဲ့တဲ့သီတင်းပတ်စစ်ကောင်စီအကြမ်းဖက်နှိမ်နင်းမှုတွေကြားမှာပြုလုပ်နိုင်ခဲ့ကြတာပါ။ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကိုလည်း တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာထားပါတယ်။ ဒီလိုပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တာတွေကို နန်းလောင်ဝ်နဲ့ကိုဝင်းခန့်မောင်တင်ပြထားပါတယ်။
တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ကုသရေး ပစ္စည်းတွေ ကမ္ဘာ့နိုင်ငံတွေအကြား မျှမျှတတ ဖြန့်ဝေပေးမယ်ဆိုရင် လာမယ့်လပိုင်းအတွင်း ကပ်ရောဂါကို ထိန်းချုပ်နိုင်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဧပြီလ ၁၉ ရက်နေ့မှာပြောပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။
စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့် သေဆုံးမှုများပြားသလို ဝရမ်းထုတ် ဖမ်းဆီးမှုတွေလည်း တိုးလုပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းရုံးထုတ်၊ ထပ်တိုးတရားစွဲ၊ ဒီလိုပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တာတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျရွေးချယ်ထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတာကို လက်မခံတဲ့ ဆန္ဒပြပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်နေတာကြောင့် နိုင်ငံတကာရဲ့စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီး ၂ လကျော်ကြာခဲ့ပြီး စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲမှုတွေ ဆက်လက် လုပ်ဆောင်နေပေမဲ့ လူထုအများစုကတော့ စစ်အာဏာရှင်ကို ဆက်ပြီး ဆန့်ကျင်သွားမယ်လို့ ပြောနေကြဆဲပါ။ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တာတွေကို နန်းလောင်ဝ် စုစည်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကောင်စီက နိုင်ငံတဝှမ်း ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းနေတာကြောင့် မြို့ကြီးအတော်များများမှာ အခြေအနေတွေ မတည်မငြိမ်ဖြစ်နေသလို တိုင်းရင်းသားဒေသတချို့မှာလည်း စစ်ရေးအခြေအနေ တင်းမာနေပါတယ်။ ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ ပြေးနေကြရတာပါ။ နန်းလောင်ဝ် တင်ပြထားပါတယ်။
မြန်မာအများအပြားရှိတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နယ်စပ်မြို့ ၂ခုမှာ ကိုဗစ်ရောဂါ တကြော့ပြန်ဖြစ်ပွားနေပြီး မြန်မာတချို့လည်း ကူစက်ခံရကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်က ဒီကနေ့ သတင်းထုတ်ပြန် ထားပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီး တလခွဲကျော်လာတဲ့အထိ နိုင်ငံအနှံ့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြမှုတွေ ပုံစံအမျိုးမျိုးဆက်လက်ရှိနေပါတယ်။ ရဲနဲ့ စစ်တပ်ဘက်ကလည်း ပိုပြီးပြင်းပြင်းထန်ထန် နှိမ်နင်းမှုတွေကြောင့် ပြည်သူတွေ နေ့စဉ် သေကြေထိခိုက်ရပါတယ်။ တပတ်အတွင်းသတင်းများ စုစည်းမှုကို နန်းလောင်ဝ် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကနေ မြန်မာအရပ်သားအစိုးရကိုဖြုတ်ချတဲ့အပေါ် အပြင်းအထန်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ၊ မဲမခွဲဘဲ လူ့အခွင့်အရေးကောင်စီကနေ တညီတည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် မတ်လအစ ရက်ပိုင်းတွေအတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတလွှားဆန္ဒပြမှုတွေ၊ ရဲနဲ့ စစ်တပ်ရဲ့ အင်အားသုံးနှိမ်နင်းမှု၊ နိုင်ငံတကာရဲ့ ဖိအား၊ ဒါတွေအပါအဝင် တပတ်အတွင်း သတင်းများစုစည်းမှုကို နန်းလောင်ဝ် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းနေတာ၊ ဖမ်းဆီးအရေးယူနေတာတွေ ရပ်ဖို့ နိုင်ငံတကာက ဝိုင်းဝန်းတိုက်တွန်းနေ အာဏာသိမ်းမှုမှာ အဓိကတာဝန်ရှိတဲ့စစ်ဗိုလ်ချုပ်တွေကိုလည်း နိုင်ငံတကာက အရေးယူဒဏ်ခတ်တာတွေ တိုးလုပ်လာနေပါတယ်။ နိုင်ငံတကာတုံ့ပြန်ချက်တွေကို နန်းလောင်ဝ် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အရပ်သားအစိုးရအဖွဲ့ကို ဖယ်ရှားပြီး စစ်တပ်က အာဏာရယူလိုက်တဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုတွေ မတူညီတာတွေရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးအရ ကွဲပြားမှုတွေနဲ့ရော ကမ္ဘာ့ကပ်ရောဂါဒဏ်နဲ့ပါ အလူးအလဲ ရင်ဆိုင်နေရချိန်မှာပဲ သမ္မတ Joe Biden နိုင်ငံခေါင်းဆောင် ဖြစ်လာပါတယ်။ အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမ္မတ Biden ဟာ အမေရိကန်ပြည်ထောင်စုကြီးကို လာမယ့် ၄ နှစ်တာ ဦးဆောင်တော့မှာပါ။
ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲဟာ အမေရိကန်ပြည်ထောင်စုသာမက ကမ္ဘာကြီးအတွက်ပါ စာမျက်နှာသစ်ဖွင့်လိုက်တဲ့ လက္ခဏာ ဆောင်ပါတယ်။ အမေရိကန်မဟာမိတ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ရော ရန်ဘက်နိုင်ငံတွေနဲ့ပါ ဆက်ဆံရေးသစ်တွေ စပြီးအသက်ဝင်နေပါပြီ။ ဥရောပဘက်မှာတော့ အကောင်းမြင်မေ ျှာ်လင့်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ကျရင် ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်းဒန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်တဦးအဖြစ်စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။
အမေရိကန်သမိုင်းတလေ ျှာက် သမ္မတသစ်တဦးကို အာဏာလွှဲပြောင်းပေးတာဟာ အမေရိကန်ဒီမိုကရေစီစနစ်ရဲ့ သူမတူတဲ့ အရည်အသွေးတခုဖြစ်ပါတယ်။ တခါတလေမှာတော့ နိုင်ငံရေးပါတီတခုကနေ အခြားပါတီတခုကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးတာပါ။
အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မတိုင်ခင်မှာပဲ ဝါရှင်တန်ဒီစီကတာဝန်ရှိသူတွေနဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတေ လုံခြုံရေးအရ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်