အမေရိကန်လွှတ်တော်အဆောက်အအုံထဲ လူတွေအတင်းချိုးဖောက်ဝင်ရောက်ပြီး တရားဥပေးမဲ့ အကြမ်းဖက်ပြီး ဖျက်လိုဖျက်ဆီးလုပ်ခဲ့တဲ့ လုပ်ရပ်ပေါ်ပေါက်စေခဲ့တဲ့အတွက်ဆိုပြီး သမ္မတTrump ကိုရာထူးကဖယ်ရှားပေးဖို့ ပါတီနှစ်ရပ်စလုံးကတောင်းဆိုမှုတွေတိုးလာနေပါတယ်။
လူဦးရေသန်းပေါင်း ၆၅၀ ကျော်ရှိတဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အနေနဲ့ သူတို့အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ အမေရိကန်ရွေးကောက်ခံသမ္မတ Joe Biden က ပါဝင်ဆောင်ရွက်လာမယ်ဆိုရင် တရုတ်နိုင်ငံကို ဘေးဖယ်ပြီး အမေရိကန်နဲ့ ရေရှည်သဘောတူညီမှုရဖို့ လုပ်ကိုင်မယ့်ပုံရှိတယ်လို့ ဒေသတွင်း လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။
ကမ္ဘာမှာ ဆီအုန်းတွေအဓိကထုတ်လုပ်နေတဲ့ အာရှတိုက်ထဲက ဆီအုန်း လုပ်ငန်းခွင်မှာလုပ်ကိုင်နေကြတဲ့ ကလေးတွေရဲ့အလုပ်ချိန်ရှည်လွန်းသလို အဆိပ်ရှိတဲ့ ပိုးမွှားတိရိစ္တာန်တွေ အကိုက်ခံရမယ့် ဘေး နဲ့လည်းနေ့စဉ်ရင်ဆိုင်နေကြရပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲရဲ့အဓိကအခန်းကဏ္ဍမှာရှိတဲ့ ဒေသန္တရရွေးကောက် ပွဲအရာရှိတွေဟာ မဲပေးခွင့် ရှိသူတွေ ကျိန်းသေမဲပေးနိုင်အောင်လုပ်ကိုင်ရသလို မဲရလဒ်တွေကိုလည်း ထုတ်ပြန်ကြရပါတယ်။
မကြာသေးခင်က ကျင်းပခဲ့တဲ့ အမေရိကန် ဒုသမ္မတ Mike Pence နဲ့ အထက်လွှတ်တော်အမတ် Kamala Harris တို့ရဲ့ စကားစစ်ထိုးပွဲမှာ မတူညီတဲ့ နိုငံခြားရေး မှုဝါဒတွေကို တွေ့မြင်ခဲ့ရပါတယ်။ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara ရဲ့ သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
သမ္မတအိမ်ဖြူတော်ဘေးက ပန်းခြံထဲမှာ သမ္မတ ဟောင်း Andrew Jackson ရဲ့ ရုပ်တုကို တနင်္လာနေ့က ဖြိုချဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို ဝါရှင်တန်ရဲတပ်ဖွဲ့က အင်အားသုံးဖယ်ရှားခဲ့ပါတယ်။ Lafayette ရင်ပြင်မှာဆန္ဒပြနေကြတဲ့လူအုပ်ကြီးက Jackson ရုပ်တုကို ကြိုးတွေနဲ့ တုပ်ပြီး ဖြိုချဖို့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။
ပလတ်စတစ်အမှိုက် ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာ ရေထုဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်ရေးအတွက် အသုံးပြုရတဲ့ တခါသုံး နှာခေါင်းစည်း အမှိုက်အန္တရာယ်ကိုပါ စတင် ရင်ဆိုင်နေရတဲ့အတွက် သဘာဝပတ်ဝန်းကျင်ရေး လှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။
IS အကြမ်းဖက်သမားတွေရဲ့ မိသားစု ထောင်နဲ့ချီ ထိန်းသိမ်းထားတဲ့ ဆီးရီးယား al-Hol ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့နိုင်ခြေရှိတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ ရောဂါပိုးကူးစက်ပြန့်နှံ့မှုကာကွယ်တားဆီးရေးဆောင်ရွက်ချက်တွေကို ဘာသာရေးအကြောင်းပြချက်နဲ့ မလိုက်နာကြဘူးလို့တာဝန်ရှိသူတွေက ပြောပါတယ်။
ပင်လယ်ပြင်ကို စက်လှေတွေနဲ့ဖြတ်ပြီး ထိုင်း၊ မလေးရှား နိုင်ငံတွေကိုသွားဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်ခဲ့ရတဲ့ အေတြ့အကြုံတြေကို ရိုက်တာသတင်းဌာနက မေးမြန်းထားတဲ့အကြောင်းကို နန်းလောင်ဝ် ပြောပြပေးမှာပါ။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသွားအလာကန့်သတ်မှုတွေကို နိုင်ငံတွေမှာ အလျင်အမြန်ဖြေလျော့ပေးလိုက်မယ်ဆိုရင် ပိုးကူးစက်မှုပြန်ပြီး မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လာမယ့် ၄ လတာကာလအတွင်း အမေရိကန်မှာ လူပေါင်း ၈၁၀၀၀ လောက် အသက်ဆုံးရှုံးုနိင်ခြေရှိတယ်လို့ လေ့လာချက်တခုအရ တွေ့ထားပါတယ်။ ဒါ့အပြင် ဒီကပ်ရောဂါ အန္တရာယ်ဟာ ဇွန်လအထိ လျော့သွားဖွယ်မရှိဘူးလို့လည်း ဝါရှင်တန်တက္ကသိုလ်ရဲ့ သုတေသနပြု လေ့လာချက်မှာ ဖော်ပြထားတဲ့အကြောင်းပြောပြပါမယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကြီးအကျယ်ရင်ဆိုင်နေရတဲ့ စပိန်နိုင်ငံ Leganes ဒေသက အရေးပေါ်လူနာဌာနမှာ COVID-19 လူနာများလွန်းတဲ့အတွက် မနိုင်မနင်းဖြစ်နေပြီလို့ Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။ အပြည့်အစုံကိုတော့ ကျမ နန်းလောင်ဝ် ဆက်ပြီးတင်ပြသွားမှာပါ။
ကိုရိုနာဗိုင်းရပ်စ်ကြောင့်လူနာတွေ တရှိန်ထိုးတက်လာနေတာနဲ့အမ ျှ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ဆောင်ချက်အဖြစ် မရှိအဖြစ်စီးပွါးရေးလုပ်ငန်းတွေကလွှဲပြီး ဆိုင်တွေအားလုံး ပိတ်ဖို့ အမိန့်ထုတ်ထားတဲ့ ဥရောပနိုင်ငံတွေလိုပဲ ဗြိတိန်နိုင်ငံမှာလည်း ပြီးခဲ့တဲ့တနင်္လာနေ့ကတည်းက လုပ်ငန်းအတော်များမျာ း ပိတ်ခိုင်းထားပါတယ်။
သတင်းအကျဉ်းချုပ် (၀၃-၂၀-၂၀၂၀)
သတင်းအကျဉ်းချုပ် (၀၃-၁၃-၂၀၂၀)
အမေရိကန်ပြည်ထောင်စုတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးခံရသူ တိုးလာနေတဲ့အပေါ် စိုးရိမ်နေကြတဲ့ ပြည်သူတွေကို စိတ်မပူအောင် သမ္မတ Trump က အင်္ဂါနေ့မှာနှစ်သိမ့်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီမိုကရက်အမတ်တွေကတော့ သမ္မတရဲ့အစီအစဉ်ကို ဝေဖန်ကြပါတယ်။ Katherine Gypson ပေးပို့ထားတဲ့သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
သဘာဝရင်းမြစ်တွေဖြစ်တဲ့ လေနဲ့ ရေပြီးရင် လူသားတွေ အများဆုံး အသုံးပြုနေကြတာက သဲမြေတွေဖြစ်ပါတယ်။ လမ်းတွေ၊ တံတားတွေ၊ လူနေအဆောက်အအုံတွေနဲ့ ကားမှန်တွေကနေ မိုဘိုင်းတယ်လီဖုန်း ထုတ်လုပ်မှုတွေထိ လူသုံးကုန်ပစ္စည်းမျိုးစုံမှာ သဲတွေကို မဖြစ်မနေ ထည့်သွင်း အသုံးပြုနေကြရတာပါ။
သတင်းအကျဉ်းချုပ် (၀၃-၀၆-၂၀၂၀)
Super Tuesday လို့ခေါ်တဲ့ ဒီမိုကရက်ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ပဏာမ ရွေးကောက်ပွဲတွေ မနေ့က အမေရိကန်ပြည်နယ် ၁၄ ခုမှာ ကျင်းပခဲ့ပြီး ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်က ပြည်နယ် ၉ ခုမှာ အနိုင်ရထားပါတယ်။ Super Tuesday ရွေးကောက်ပွဲတွေအကြောင်း Mike O’Sullivan သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဥတုရာသီ ပြောင်းလဲမှုအတွက် အရေးပါလှတဲ့ ကမ္ဘာပေါ်က သစ်တောကြီးတွေဟာ တစက္ကန့်ကို ဘောလုံးကွင်းတကွင်းစာနှုန်းနဲ့ ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အတွင်း ဆက်တိုက်ဆိုသလို ပြုန်းတီးခဲ့တယ်လို့ ကမ္ဘာ့သစ်တောစောင့်ကြည့်ရေးအဖွဲ့ Global Forest Watch က ဒီသီတင်းပတ်ထဲမှာပဲ ဖော်ပြခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်