အဂတိလိုက်စားမှုစွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီထောင်ဒဏ်ချမှု နိုင်ငံတကာဝေဖန်၊ မြန်မာဆိုင်ရာအထူးသံကိုယ်စားလှယ် ထိုင်းခန့်အပ်၊ မြန်မာစစ်တပ်နဲ့ စီးပွားရေးတွဲမလုပ်ဖို့ အရပ်ဖက်အဖွဲ့တွေ တရုတ်အစိုးရကို တိုက်တွန်း၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
နိုင်ငံခြားငွေ လဲလှယ်မှုဆိုင်ရာ ကန့်သတ်ချက် ကင်းလွတ်ခွင့်စာရင်း စစ်ကောင်စီထုတ်ပြန်၊ လူထုစည်းလုံးညီညွတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် စကားပါး၊ စစ်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေ လေဒဏ်မိုးဒဏ်နဲ့ ထပ်ကြုံ၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
အာဏာသိမ်းကာလ ၂ ကြိမ်မြောက်ကြုံရတဲ့ ဒီနှစ်သင်္ကြန် တော်တော်ကို ခြောက်ခြောက်ကပ်ကပ်ဖြစ်၊ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှု မီးရှို့ခံရတဲ့ရွာတွေရဲ့ ဂြိုလ်တုမှတ်တမ်းရုပ်ပုံတွေ ထွက်လာ၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဇော်ဝင်းလှိုင် တင်ဆက်ထားပါတယ်။
“လမ်း ၃၀ နားမှာ နေတာပါ။ ၁၀ နှစ်ကျော်ပြီ။ မနက်က လာဖွင့်ပေမယ့် ဒီအနီးအနားက ဘယ်သူမှသွားမကြည့်ကြဘူး။ သူတို့လူတွေနဲ့သူတို့ ပြည့်နေတာပဲ။ လုံခြုံရေးကလည်း ကျပ်တယ်။ ဆေးလိပ်နဲ့မီးခြစ်တောင်ယူမရဘူး။ အရင် ကဆို ဒီနားမှာဈေးသည်တွေနဲ့ ရှုပ်ယှက်က်ခတ်နေတာ။ အဲဒီထဲလည်း ဝင်မရောင်းရဘူးလေ။ (မြို့တော်ဝန်မဏ္ဍပ်နားက ဒေသခံ)
“၈ နာရီ ၁၂ မိနစ်လောက်မှာ မီးတောက်တွေတက်လာတာ။ ပေါက်မြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်က တောင်ဘက် မြောက်ဘက်။ တောင်ဘက်က ရှင်လှ။ ကျနော်တို့က တောင်ချို။ ရှင်လှနဲ့တောင်ချိုက သူတို့လာတဲ့လမ်းကြောတည့်တည့် အကုန်ရှို့ခဲ့တာ။ ကျနော်တို့နားမှာ တိုက်ပွဲဖြစ်တာ တခုမှမရှိဘူး။” (ပေါက်မြို့နယ်၊ တောင်ချိုဒေသခံ)
မြန်မာစစ်တပ်ကို ထိရောက်စွာ အရေးယူနိုင်မယ့် မူကြမ်းတရပ်ကို အမေရိကန်အောက်လွှတ်တော် အတည်ပြု၊ ဗဟိုဘဏ်က ချမှတ်လိုက်တဲ့ နိုင်ငံခြားငွေ ထိန်းချုပ်တဲ့ ဥပဒေသစ်ကြောင့် စီးပွါးရေးကမောက်ကမ ဖြစ်လာနိုင်ချေရှိ၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
"ညီမတို့ ပြည်သူတွေအနေနဲ့ လုပ်ရမယ့်အချက်ကတော့ စစ်ကောင်စီကလုပ်တဲ့ သင်္ကြန်ပွဲမှာ မပါဝင်၊ မဆင်နွှဲဖို့ပေါ့။ သူတို့ဆီက အာဏာပြန်မရမချင်း၊ ဒီမိုကရေစီ မရမချင်းတော့ ပျော်ပွဲရွှင်ပွဲတွေ၊ သင်္ကြန်ပွဲတွေ ပါဝင်ဆင်နွှဲဖို့ မရှိပါဘူးရှင့်။ ခရီးတွေ ဘာတွေလည်း မသွားဖြစ်ဘူးရှင့်၊ စိတ်မလုံလို့လေ။"(မသဉ္ဇာ၊ ရန်ကုန်မြို့)
ကန်သမ္မတနဲ့ စင်္ကာပူဝန်ကြီးချုပ် မြန်မာ့အရေး တွေ့ဆုံဆွေးနွေး၊ တရုတ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံကို သွားရောက်၊ တိုင်းရင်းသားဒေသ စစ်ကောင်စီ စစ်ရေးအရှိန်မြှင့်၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့နယ်ကနေ ဆီဆိုင်မြို့နယ်ဘက် ထွက်ပြေးခိုလှုံလာကြတဲ့ ဒုက္ခသည် ၈ ထောင်ကျော်ဟာ ရေရှားပါးမှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မယ့် အခြေအနေ ရင်ဆိုင်နေကြရပါတယ်။
“ညီမတို့က စစ်ဘေးရှောင်လာကြတာပေါ့။ ယင်းမာပင်မြို့ပေါ်ဘက်က ဘုန်းကြီးကျောင်းမှာ ရွာထောင်လေးရွာက သွားရှောင်ထားတာ၊ သွားရှောင်ထားတဲ့ကြားထဲမှာ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်း- ယောက်ကျားလေးမှန်သမျှကို အကုန်ခေါ်သွားတာရှင်။ အတိအကျတော့ မသိဘူး။ ၃၀ နီးနီးတော့ ရှိတယ်ရှင်။ ကျမ အကို ဖမ်းတဲ့ထဲ ပါသွားတယ်ရှင်။ (မိသားစုဝင်)
မြန်မာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားသူတွေအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၁၃၆ သန်း ကူညီဖို့ရှိ၊ မြန်မာ့အရေး မျက်ခြေမပြတ်ဖို့ ကုလက နိုင်ငံတကာကို သတိပေး၊ မြန်မာငွေစက္ကူအတုသတင်း မမှန်ကြောင်း ဗဟိုဘဏ်ပြော၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်းမြန်မာသတင်းတွေကို နန်ေးလာင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က အနျူမြူဓာတ်ပေါင်းဖို မတော်တဆယိုစိမ့်ခဲ့ရတဲ့ ဂျပန်နိုင်ငံ ဖူကူရှီးမားမှာ ပြန်ပြည့်မြဲစွမ်းအင်တွေ အပြည့်အဝထုတ်ယူဖို့ အပြင်းအထန်လုပ်ကိုင်နေပါတယ်။ AFP သတင်းကိုအေခြခံပြီး နန်းလောင်ဝ်ကတင်ပြထားပါတယ်။
မြန်မာကို စစ်လက်နက်ပို့တဲ့ တရုတ်၊ ရုရှား၊ ဆားဘီးယား အီးယူ ရှုတ်ချ၊ မြန်မာ့ငြိမ်းချမ်းရေး ကူညီသူ ဆာဆာကာဝါနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံ၊ လျှပ်စစ်မီးဖြတ်တောက်မှု နေ့စဉ်လူနေမှုဘဝတွေကို ထိခိုက်၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
“ဒီမနက်အစော လေယာဉ်နဲ့လာပြီးတော့ ဗုံးလာကြဲသွားတယ်ပေါ့နော်။ ဘုရားကျောင်း တော်တော်လေးကို ထိသွားတယ်။ အဓိက သူတို့ပစ်မှတ်ထားတာတော့ ဒီဘုရားကျောင်းမှာ လူနေတယ်ထင်ပြီးတော့ ဘုရားကျောင်းကို ပစ်မှတ်ထားပြီး ဗုံးလာကြဲသွားတာ။ တိုက်ပွဲတော့ မရှိဘူး။ တိုက်ပွဲနဲ့က အဝေးကြီးပါ။” (ဒေသခံ)
တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကနေ အိမ်နီးချင်း မကွေးတိုင်းဆောမြို့နယ်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ ပြည်တွင်းဒုက္ခသည်တွေဟာ သူတို့ပုန်းခိုတဲ့နေရာတွေဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေကြောင့် နောက်ထပ်လုံခြုံမယ်ထင်တဲ့ နေရာတွေဆီ မကြာမကြာ ထပ်မံပြေးလွှား ရှောင်တိမ်းနေကြရပါတယ်။
အမေရိကန်၊ အာဆီယံ ထိပ်သီးစည်းဝေးပွဲ စစ်ကောင်စီကို မဖိတ်ကြား၊ စစ်တပ် ထိုးစစ်တိုးမြှင့်မှု အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ပိုများ၊ အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စည်စီးဆင်းမှုပြတ်တောက်ပြီး ကုန်ဈေးနှုန်း တက်၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်ေးလာင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
“စာရင်းအတိအကျတွက်တာ တသောင်းကျော်ပေါ့နော်၊ မိုးဗြဲအနောက်ဘက်ခြမ်းမှာဆို စစ်ဘေးရှောင်ပေါ့နော်။ အခု ထပ်ရှောင်တဲ့ လူလည်းရှိတယ်။..... မနေ့ညက ရိက္ခာပြန်လာယူတဲ့လူတွေရှိတယ်။ အဲ့ဒါစစ်ကြောင်းနဲ့ တိုးပြီး ပစ်သတ်ခံရတဲ့ လူ ၄ ဦးရှိတာပေါ့နော်။”(ဒုက္ခသည်တွေကူညီနေသူ)
စစ်အာဏာသိမ်းပြီးနောက်ပိုင်းသဘာဝသယံဇာတထုတ်ယူမှုသုံးစွဲမှုနဲ့ တရားမဝင်မှောင်ခိုတင်ပို့မှုတွေ အဆမတန်တိုးပြီး သစ်တောပြုန်းတီးမှုလည်း အတော်ဆိုးလာတယ်လို့ စောင့်ကြည့်လေ့လာနေသူတွေကပြောပါတယ်။သက်ဆိုင်ရာကဒီကိစ္စကို ဖိဖိစီးစီးမလုပ်နိုင်ပဲသဘာဝပတ်ဝန်းကျင်သမားတွေ အဖမ်းခံရ၊ တိမ်းရှောင်နေရတာတွေလည်းရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝသယံဇာတ ထုတ်ယူမှု၊ သုံးစွဲမှုနဲ့ တရားမဝင် မှောင်ခိုတင်ပို့မှုတွေ အဆမတန် တိုးလာသလို သစ်တောပြုန်းတီးမှုလည်း အတော်ဆိုးလာတယ်လို့ စောင့်ကြည့်လေ့လာနေတဲ့ ပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်