လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ကြားနာ၊ မြန်မာအာဏာသိမ်း စစ်တပ်ကို လေယာဉ်ဆီရောင်းတာ ပိတ်ပင်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ် မိုးဗြဲမြို့နယ် လွယ်ရင် မင်္ဂလာကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေပါလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစ္စရေလ်းနိုင်ငံ ဂျေရုဆလင်မ်မြို့က အဏ္ဏဝါပြတိုက် အလယ်မှာတော့ ကမ္ဘာ့နေရာစုံက အနုပညာရှင်တွေပေးပို့လာတဲ့ ပလပ်စတစ်စတွေနဲ့ ကမ္ဘာလုံးပုံစံ တည်ဆောက်ပြီး ကမ္ဘာမြေထုကြီးအပေါ် ဘယ်လောက်ထိခိုက်ပျက်စီးစေသလဲဆိုတာ ပြသထားပါတယ်။ အေပီသတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
အာဏာသိမ်း ၁ နှစ်ပြည့် မြန်မာ့အခြေအနေ ကန်အောက်လွှတ်တော်မှာဆွေးနွေးပွဲ၊ အာဏာသိမ်းနောက်ပိုင်း အိုးအိမ်စွန့်ပြေးရသူ ၂ ဆတိုး၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံက သတင်းသမားတွေအနေနဲ့ သူတို့ အလုပ်လုပ်လို့မရလောက်အောင် စစ်ကောင်စီက စည်းမျဉ်းစည်းကမ်းတွေ အလွန်တင်းကြပ်ထားတာကြောင့် မြန်မာသတင်းထောက်တွေအနေနဲ့ အဖမ်းအဆီးခံရတာတွေနဲ့တခြားဖြစ်ရပ်ဆိုးတွေ မကြုံအောင် ပုန်းလျိုးကွယ်လျိုးနဲ့ Citizen Journalist လို့ခေါ်တဲ့ ပြည်သူ့သတင်းထောက်တွေ ပိုများလာပါတယ်။
ဥတုရာသီပြောင်းလဲမှုကြောင့် လူတွေ သောက်နေကြတဲ့ ကော်ဖီတွေ ရှားပါးလာနေပြီးထပ် မထုတ်လုပ်နိုင်တော့တဲ့ အရေး ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း အာဖရိက ကော်ဖီတောင်သူတွေနဲ့ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး အဖြေရှာနိုင်ဖို့ ကြိုးပမ်းနေသလို ကော်ဖီမျိုးစိတ်သစ်တွေလည်း ပေါ်ထွက်လာပါတယ်။ နန်းလောင်ဝ်က ဆက်ပြီးတင်ပြမှာပါ။
မြန်မာ့အရေး အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဆွေးနွေးပွဲကျင်းပ၊ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု တကျော့ပြန်တိုး၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
တိုင်ဝမ်မှာရှိတဲ့ ကုမ္ပဏီတခုက တခါသုံးစွန့်ပစ်နှာခေါင်းစည်းတွေနဲ့ ဝိုင်ယာလက်စ် ဖုန်းအားသွင်းစက်တွေပြန်ထုတ်လုပ်နေပါတယ်။ အမေရိကန် MIT တက္ကသိုလ်ရဲ့လေ့လာချက်အရ ကိုဗစ်ကပ်ရောဂါကြောင့် ကျန်းမာရေးကဏ္ဍ သုံးစွန့်ပစ်အမှိုက်က နေ့စဉ်တန်ချိန် ၇၂၀၀ ထိရှိနိုင်ကြောင်းခန့်မှန်းထားပါတယ်။ နန်းလောင်ဝ် တင်ပြထားပါတယ်။
လာမယ့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး စစ်ကောင်စီ တက်ခွင့်မရ၊ မြန်မာစစ်တပ် လုပ်ရပ်တွေအဆုံးသတ်ဖို့ ကုလနဲ့ နိုင်ငံတကာက အာဏာသိမ်းနှစ်ပတ်လည်မှာ ကန့်ကွက်၊ မြန်မာဒေသတချို့ စစ်ကောင်စီ မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ အိုလံပစ်အားကစားပွဲကျင်းပချိန်မှာပဲ ဒီလိုအားကစားပွဲမျိုးတွေရှေ့လေ ျှာက်ကျင်းပနိုင်ဖို့ ဆောင်းရာသီမှာ နှင်းတွေအကျနည်းလာပြီးနှင်းတုတွေနဲ့ အစားထိုးအသုံးပြုနေရတာကြောင့် အခက်အခဲတွေ ရှိတဲ့အကြောင်း သိပ္ပံ ပညာရှင်တွေက သတိပေးခဲ့ကြပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။
"သေဆုံးတဲ့သူကတော့ ၁ ယောက်လား၊ ၂ယောက်လားပဲ ရှိပါတယ်ဗျ။ ကျန်တာတော့ မကြားဘူးဗျ။ အခု တာချီလိတ်ပြည်သူ့ဆေးရုံမှာတော့ ဒဏ်ရာရတဲ့လူကတော့ ၂၀ ကျော်ဝန်းကျင်လောက်ပဲ ရှိတယ်။" (ဒဏ်ရာရသူတွေကို ကူညီပေးခဲ့သူ)
မြန်မာအာဏာသိမ်း နှစ်ပတ်လည်တဝှိက် ကန်နိုင်ငံသားတွေ အသွားအလာသတိထားဖို့ ကန်သံရုံး သတိပေးချက်ထုတ်၊ မြန်မာ့လူ့အခွင့်အရေးအခြေအနေတွေ ဆိုးရွားနေလို့ဆိုပြီး နိုင်ငံခြားစွမ်းအင်ကုမ္ပဏီကြီးတွေ လုပ်ငန်းရုပ်သိမ်း၊ ဒီလို တပတ်အတွင်း ထိပ်တန်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ Omicron ကိုဗစ်ပိုး ပြည်တွင်းကူးစက်သူတွေရှိနေချိန် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လူတိုင်းလိုက်နာဖို့ ကျွမ်းကျင်သူတွေ တိုက်တွန်းနေသလို၊ ရောဂါကာကွယ်ဆေး လူတိုင်း မဖြစ်မနေထိုးထားဖို့ကိုလည်း သတိပေးနေပါတယ်။
နယ်စပ်တွေပိတ်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှာစိုးရိမ်ပြီး နိုင်ငံခြားသားတွေထွက်ခွါသွားကြတဲ့အတွက် ပြည်တွင်းကိုလက်လှမ်းမီဖို့ ပိုလို့တောင်ခက်ခဲသွားစေပါတယ်။ အဲ့ဒီနိုင်ငံ အကြောင်းသိနိုင်ဖို့ အဲ့ဒီက ထွက်လာတဲ့အမှိုက်သရိုက်တွေကိုပါ လေ့လာနေကြပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။
Omicron ကိုဗ်စ်ပိုး ကူးစက်ပြန့်နှံ့နေတာကြောင့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူး ကို ခြိမ့်ခြိမ့်သဲ မဆင်နွှဲနိုင်ကြပေမယ့်လည်းအာရှနွယ်ဖွား အမေရိကန်နိုင်ငံသားတွေကတော့ အွန်လိုင်းကနေရော အလှပြလမ်းလေ ျှာက်ချီတက်ပွဲနဲ့ပါ နှစ်မျိုးလုံး ဆင်နွှဲဖို့ ပြင်ဆင်ထားကြပါတယ်။ နန်းလောင်ဝ်ကတင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း နတ်ကြီးကျေးရွာမှာ ဇန်နဝါရီ ၂၃ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်လို့ နေအိမ်တချို့ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော် သေဒဏ်ချခံရ၊ ကမ္ဘာ့ရေနံကုမ္ပဏီကြီးတွေ မြန်မာပြည်က ထွက်၊ စစ်ကောင်စီ လေကြောင်းထိုးစစ်ကြောင့် အိုးအိမ်စွန့်ပြေးရသူ သိန်းနဲ့ချီ ရှိလာ၊ ဒီလို တပတ်အတွင်း ထိပ်တန်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
Tonga ရေအောက် မီးတောင်ပေါက်ကွဲမှုကြောင့် ကမ္ဘာ့ရေလမ်းကြောင်းတခုလုံး အပေါ် သက်ရောက်မှုတွေရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့က ရေအောက်မီးတောင်ကြီး ဘယ်လို အကြီးအကျယ်ပေါက်ကွဲခဲ့သလဲဆိုတာကို Ha’apai အုပ်စုနဲ့ဆက်သွယ်ပြီး သိပ္ပံပညာရှင်တွေလေ့လာစူးစမ်းနေကြပါတယ်။ နန်းလောင်ဝ်ကတင်ပြထားပါတယ်။
အမေရိကန်သမ္မတ Joe Biden သမ္မတတာဝန်ယူပြီး တနှစ်ပြည့်အချိန်မှာပဲ လူထုထောက်ခံမှု အနိမ့်ဆုံး အနေအထားကို ရင်ဆိုင်နေရပါတယ်။ ငွေကြေးဖောင်းပွမှုကြောင့် စီးပွားရေးကျဆင်းလာတာနဲ့ ကပ်ရောဂါ တကျော့ပြန် ကူးစက်လာတာတွေဟာ လူထုထောက်ခံမှု အနိမ့်ဆုံးကို ရောက်စေတဲ့ အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ Omicron ကိုဗစ်မျိုးကွဲ ပထမဆုံးပြည်တွင်းကူးစက်သူ ၂ ယောက် ရန်ကုန်မြို့က ဇီဝကကိုဗစ်ကုသရေးစင်တာမှာ ကုသမှုခံယူနေပါတယ်။ ဒီ့မတိုင်ခင်က အများပြည်သူသွားလာတဲ့နေရာတွေကို သူတို့သွားခဲ့ကြပေမဲ့ ဘယ်သူတွေနဲ့ ထိတေ့ွခဲ့တယ်ဆိုတာ သိနိုင်ဖို့ မလွယ်ကူ
နောက်ထပ်ကြည့်ရှုရန်