နှလုံး သွေးတိုး ဆီးချို ဒီလို ရောဂါတွေ ကြိုတင်ကာကွယ်ဖို့ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်ပြီး စိတ်ဖိစီးမှုကိုလျှော့ချ ပစ်ရမယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ရင်သွေးငယ်လေးတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးမှာ ကျန်းမာဖွံ့ဖြိုးအောင် မှန်ကန်တဲ့အုပ်ထိန်းမှုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပေးဖို့လိုအပ်တာပါ။ ဒါတွေကို လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် ပြောပြပေးထားပါတယ်။
နောက်နှစ်လလောက်အထိ အားကောင်းနေဦးမယ့် မြန်မာနိုင်ငံက မိုးရေတွေကြားထဲ သတိထားရမယ့် အအေးမိတာတွေ ၊ ခြင်ကိုက်ခံလို့ ရတဲ့ ရောဂါတွေအကြောင်း.. ဒါတွေမဖြစ်အောင် ဘယ်လို သတိထားနေကြရမလဲ၊ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
မိုးရွာလို့ ရေကြီးပြီး ရေပြန်ကျသွားတဲ့ နေရာတွေမှာ မြွေအန္တရာယ်က တော်တော် သတိထားစရာဖြစ်တာကြောင့် မြွေအန္တရာယ်ကို ဘယ်လို ကြိုတင်ကာကွယ်မလဲ။ မြွေကိုက်ခံရရင် ဘယ်လို အရေးပေါ်ကုသမလဲဆိုတာကို လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော်က ရှင်းပြထားပါတယ်။
ကင်ဆာအပါအဝင် ရောဂါအမျိုးမျိုးကို သိရှိဖို့စစ်ဆေးတဲ့နေရာမှာ အထူးအသုံးဝင်တဲ့ ကိရိယာတခုကတော့ PET scan ဆိုတဲ့ ကိရိယာပဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ နောက်ထပ်ပုဂ္ဂလိဆေးရုံတခုမှာ စစ်ဆေးနိုင်ပါပြီ။ ဒါနဲ့ ဘယ်လိုစစ်ဆေးမှုတွေ လုပ်ပေးနိုင်ပါလဲ။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
မိုးတွင်းမှာ ကိုယ့်ကလေး ဖျားရင် ရိုးရိုးလား အသက်အန္တရာယ်ရှိတဲ့ သွေးလွန်တုတ်ကွေးလား ဘယ်လိုသိနိုင်ပါမလဲ။ ကလေးအဖျားက သုံးရက်ကျော်လာပြီ၊ သွေးလန့်တဲ့လက္ခဏာတွေ မြင်ရပြီဆိုရင်တော့ ဆေးရုံ၊ဆေးခန်းမှာ ချက်ချင်းစစ်ဆေးပေးဖို့ လိုပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ခရုသင်း သမင်ဖြူရောဂါကို ထိထိရောက်ရောက်ကုသနိုင်တဲ့နည်းလမ်းတွေရှိနေပြီ ဖြစ်သလို ငွေကြေးမတတ်နိုင်တဲ့ ရောဂါရှင်တွေအတွက်လည်း ပရဟိတ ကုသမှု အစီအစဉ်တွေ ရှိနေပြီဖြစ်တဲ့အကြောင်း လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော်က တင်ပြထားပါတယ်။
ခုလိုမိုးရာသီမျိုးမှာ ခြင်ကြောင့်ကူးစက်နိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလေ့ရှိပါတယ်။ ဒီရောဂါ ကူးစက်မခံရအောင် ဘယ်လိုသတိထားသင့်ပါသလဲ။ အထူးသဖြင့် ရောဂါပိုးသယ်လာတဲ့ ခြင်ကျားအန္တရာယ် ကာကွယ်နိုင်အောင် ဘာတွေလုပ်သင့်ပါသလဲ။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အရောင်တင်မှုန့်ကစလို့ မုန့်ပဲသွားရည်စာတွေအထိ အရောင်လှအောင် ကြာရှည်ခံအောင် ဓါတုဗေဒပစ္စည်းတွေကို သုံးစွဲနေကြပါတယ်။ ဘေးဖြစ်လောက်အောင်ပမာဏပါဝင်တဲ့ ဓါတုပစ္စည်းတွေကြောင့် ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါသလဲ။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော်က တင်ပြထားပါတယ်။
အစားအသောက်တွေမှာ မလိုလားအပ်တဲ့ ပြုပြင်ဖန်တီးမှုတွေကြောင့် အစာအဆိပ်သင့်မှုကအစ ကင်ဆာအဆုံး ဖြစ်နိုင်လို့ အစားအသောက်ကို သေချာသတိနဲ့ ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဒီလိုအစားအသောက်တွေထဲက ဆိုးဆေးနဲ့ ဓါတုဗေဒပစ္စည်းတွေရဲ့ အန္တရာယ်ကို ဘယ်လိုရှောင်ရှားနိုင်ပါမလဲ။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
မိုးရာသီမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေအကြောင်းသိမှ ဘယ်လိုတွေ ကြိုတင်ကာကွယ်ထားနိုင်မလဲဆိုတာအတွက် ပြင်ဆင်ထားနိုင်မှာပါ။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲ ပါတဲ့ အဆီအစိမ့်တွေ အငံတွေက ကိုယ်ခန္ဒာရဲ့ နေရာများစွာမှာ သွားပြီးတော့ အနယ်ထိုင်တာကြောင့် နှလုံး သွေးတိုး ဆီးချို ဒီလို ရောဂါဆိုးတွေ ဝင်လာတတ်ပါတယ်။ ဒါဆို ဘယ်လို ရှောင်ကျဉ်နိုင်ပါမလဲ။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ဆီးချို သွေးချို ဝေဒနာရှင်တွေအနေနဲ့ ရောဂါနဲ့ပတ်သက်ပြီး အသိပညာဗဟုသုတတွေ သိရှိအောင်လုပ်ထားဖို့ လိုသလို သိထားတဲ့အချက်တွေကိုလည်း စံနစ်တကျ လိုက်နာကျင့်သုံးရင် ဒီရောဂါရဲ့ ဆိုးကျိုးတွေကို ရှောင်ကျဉ်နိုင်မှာ သေချာပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
အထွေထွေရောဂါကုဆရာဝန်တွေအနေနဲ့ နိုင်ငံတကာအဆင့်မီဆီးချိုသွေးချိုရောဂါကုထုံးတွေကို သိရှိပြီး လက်တွေ့အသုံးချနိုင်စေဖို့အတွက် CCEBDM လို့ခေါ်တဲ့ ဆီးချိုသွေးချိုအသိအမှတ်ပြုသင်တန်းတွေမှာ ချိတ်ဆက်ဆောင်ရွက်နိုင်ပါပြီ။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
သွားနဲ့ခံတွင်းကျန်းမာတာဟာ ခန္ဓာကိုယ် ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေနိုင်တာပါ။ ဒ့ါကြောင့် သွားနဲ့ခံတွင်းထိခိုက်ပျက်စီးစေမယ့် အမူအကျင့်တွေကို သတိပြုရှောင်ကျဉ်သင့်ပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ပျက်စီးဆုံးရှုံးမှုအများဆုံး နာဂစ်မုန်တိုင်း တိုက်သွားတာ ၁၀ နှစ်ရှိခဲ့ပေမယ့် ဒေသခံအများစုကတော့ အခုချိန်ထိ အပြည့်အဝ ပြန်နလံမထူနိုင်ကြသေးပါဘူး။ ဒါကို သင်ခန်းစာယူပြီး ဒီလို သဘာဝဘေးအန္တရာယ်ကြီးတွေကို ထပ်ကြုံရရင်ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြပါတယ်။ သတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုထက်အောင်ခန့်က တင်ပြပေးပါမယ်။
ရင်သားကင်ဆာရောဂါကြောင့် အသက်သေဆုံးမှုတွေကို လျှော့ချနိုင်ဖို့ဆိုရင် ရင်သားကင်ဆာရောဂါနဲ့ ပတ်သတ်တဲ့ ကျန်းမာရေးဗဟုသုတတွေ ကိုယ်သိထားသလောက် မျှဝေပေးဖို့လိုတာပါ။ ဒါကြောင့် ရင်သားကင်ဆာအသိပညာနဲ့ သတိပြုမှု မြင့်တက်လာအောင် ဘယ်လိုလုပ်နိုင်ပါလဲ။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
သွေးမတိတ်ရောဂါရှိသူတွေ အချိန်မီသွေးတိတ်အောင်မလုပ်နိုင်ရင် အသက်အန္တရာယ်ရှိတာကြောင့် ပြင်းထန်တဲ့ထိခိုက်မှုမျိုး ကြုံရရင် ဆေးရုံဆေးခန်း ရောက်တာနဲ့ ကိုယ့်မှာသွေးမတိတ်တဲ့ရောဂါရှိတယ်ဆိုတာ ကျန်းမာရေးဝန်ထမ်းတွေကို အရင်ဆုံးအသိပေးသင့်ပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
နေပြင်းတဲ့ သင်္ကြန်ကာလအတွင်းမှာ ခရမ်းလွန်ရောင်ခြည် အလွန်အကျွံထိရင် အရေပြားကင်ဆာအထိပါ ဆိုးဝါးနိုင်တဲ့ အသားအရေ ပျက်စီးမှုတွေဖြစ်စေနိုင်လို့ ခရမ်းလွန်ရောင်ခြည်ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်သင့်ပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ကလေးတွေမှာနှာခေါင်းသွေးလျှံတာ ဖြစ်လေ့ရှိပြီး သိပ်လည်း စိုးရိမ်စရာမရှိပေမယ့် ဒီနှာခေါင်းသွေးလျှံတာရဲ့ နောက်မှာ အပေါ်ယံမသိနိုင်တဲ့ ရောဂါကြီးတွေလည်း ဖြစ်နေတတ်တာမို့ နှာခေါင်းသွေးလျှံတဲ့အပြင် တခြားလက္ခဏာတွေနဲ့ ယှဉ်တွဲတွေ့ရပြီဆိုရင် သတိထားရမှာပါ။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်