အိန္ဒိယနိုင်ငံမှာ လျှပ်စစ်ကားတွေထုတ်လုပ်ဖို့ တရုတ်ရဲ့ BYD ကားကုမ္ပဏီက ဒေါ်လာ(၁)ဘီလျံ ရင်းနှီးမြှုပ်နှံသွားမယ့်အကြောင်းနဲ့ ရှေးဟောင်းသမိုင်းအမွေအနှစ်တွေရှိတဲ့ အီရတ်နိုင်ငံဟာ တည်ငြိမ်စ ပြုလာတယ်ဆိုပြီး ၊ နိုင်ငံခြားသား ခရီးသွားတွေ ပြန်ဝင်လာဖို့ မျှော်လင့်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အာရှစီးပွားရေး ယူကရိန်းစစ်ကြောင့် ဓါတ်မြေသြဇာဈေး တက်လာတဲ့အတွက် ဂျပန်က ယာသမားတွေ သဘာဝ မြေသြဇာကို သုံးလာကြတဲ့အကြောင်းနဲ့ ဖူကူရှီးမား ဓါတ်အားပေးစက်ရုံက စွန့်ပစ် ရေထဲမှာ ရေဒီယိုသတ္တိကြွအန္တရာယ် ပါလာမှာစိုးလို့ တောင်ကိုရီးယားမှာ ပင်လယ်ဆားတွေ ဝယ်ယူစုဆောင်းနေတဲ့အကြောင်း ကိုဥာဏ်ဝင်းအောင် တင်ပြထားပါတယ်။
မြန်မာ့ ပြည်တွင်းစစ်မှာ ထောက်လှမ်းရေးစစ်ပွဲ အနိုင်ရဖို့က အရေးကြီးကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ တပ်စွဲထားတဲ့ တပ်ကုန်းရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဇူလိုင်၁၆ရက်က တွေ့ဆုံခဲ့တဲ့ မဲခေါင်-ဂင်္ဂါ အစည်းအဝေးမှာ အိန္ဒိယအနေနဲ့ ရလဒ်တစုံတရာမထွက်ပဲ မြန်မာနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအသုံးချခံ သက်သက်သာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။
ဘေဂျင်း၊ ယူနန်၊ စစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့ရဲ့ (၄)ပွင့်ဆိုင် ဆက်ဆံရေးဟာ အလွန် ရှုပ်ထွေး နက်ရှိုင်းလှပါတယ်။ NUG ပါလာတော့ (၅)ပွင့်ဆိုင် ဖြစ်သွားပါတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ လောလောဆယ် မဖြစ်နိုင်သေးဘူးဆိုတာကို တရုတ်အစိုးရက နားလည်ပါတယ်။
မြန်မာပြည်မှာ ငြိမ်းချမ်းရေး ရရှိဖို့ လောလောဆယ် မဖြစ်နိုင်သေးဘူး ဆိုတာကို ၊ တရုတ်အစိုးရက နားလည်ပါတယ်။ ဒါပေမဲ့ သူရင်းနှီးမြှုပ်နှံ ထားတာတွေကို အန္တရာယ်ပေးလာမှာစိုးလို့ လက်နက်ကိုင် အဖွဲ့တွေအားလုံး ကျေနပ်အောင် လုံးပမ်းနေကြောင်း ဦးအောင်ခင်က သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အပူလှိုင်းဖြတ်နေတဲ့ ဗီယက်နမ်မှာ စပါးပင်တွေ သန်မာစွာပေါက်လာဖို့ ညအမှောင်ထဲ ပျိုးပင်တွေစိုက်နေကြတဲ့အကြောင်းနဲ့ မြေနေရာရှားပါးပြီး လူနေစရိတ်ကြီးမားတဲ့ ဟောင်ကောင်မှာ အထပ်မြင့်တိုက်ကြီးတလုံးက လူသေအရိုးပြာသိမ်းထားပေးမယ့် ဝန်ဆောင်မှုမျိုးပေးနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
စစ်ကောင်စီ အာဏာရယူခဲ့ချိန်ကစပြီး ၂နှစ်အတွင်း စစ်ပစ္စည်းနဲ့ လက်နက်ခဲယမ်း ဒေါ်လာသန်း(၁)ထောင်ဖိုး နိုင်ငံခြားကဝယ်ယူခဲ့ပါတယ်။ ဒီလိုဝယ်ယူနိုင်အောင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကပဲ အကူအညီပေးခဲ့ကြတာဖြစ်ကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ရိုးရာအစားအစာ 'ဆူရှီ' နဲ့တွဲပြီး လူသိများတဲ့ ဂျပန်နိုင်ငံဟာ အသက်သတ်လွတ် အစားအစာတွေ တီထွင်ရောင်းချရင်း နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နေတဲ့အကြောင်းနဲ့ အိန္ဒိယနိုင်ငံ IndiGo လေကြောင်းလိုင်းဟာ ပြင်သစ် Airbus ကုမ္ပဏီဆီကနေ ရာချီတဲ့ လေယာဥ်တွေဝယ်လိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
လေဆာအလင်းတန်းသုံးပြီး အင်တာနက်ကွန်ရက် ဖြန့်လို့ရနေပါပြီ၊ လက် ၂ ဘက်နဲ့ မနိုင်မနင်း ဖြစ်နေသူတွေ ရေဘဝဲလို လက်အများကြီးတပ်ထားနိုင်အောင် ဂျပန်မှာ တီထွင်နေကြပါတယ်။ အခုလို သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ မအိသန့်စင်နဲ့ ကိုဉာဏ်ဝင်းအောင်တို့ တင်ဆက်ထားပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ အိန္ဒိယနယ်စပ်ဒေသတည်ငြိမ်လုံခြုံရေးအတွက် ဒီမိုကရေစီရေးလှုပ်ရှားသူတွေဘက်က ရပ်တည်သင့်တယ်လို့ Maryland ပြည်နယ်အခြေစိုက်ချင်းတိုင်းရင်းသားများအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ Maryland ချင်းတိုင်းရင်းသားများအဖွဲ့အမှုဆောင်ဒါရိုက်တာ ပူးဇိုသုန်းမှုန်ကို ကိုဉာဏ်ဝင်းအောင် မေးမြန်းထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ လက်ထဲ ချေမှုန်းရေး ရိုင်ဖယ် ၊ စက်သေနတ် ၊ ကာဘိုင် − လောင်ချာ စတဲ့ ခေတ်မီ လက်နက်ငယ်တွေ ရောက်ရှိလာတာဟာ နွေဦးတော်လှန်ရေး အောင်ပွဲခံမယ့် အရိပ်လက္ခဏာဖြစ်ကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အာရှစီးပွားရေး TikTok နည်းပညာ ကုမ္ပဏီကြီးက အရှေ့တောင်အာရှဒေသမှာ ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံသွားမယ့်အကြောင်းနဲ့ အာရှနဲ့ ဥရောပကြား ကုန်ပစ္စည်းတွေအမြန် တင်ပို့နိုင်မယ့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကြီးတခုကို အီရတ်နိုင်ငံမှာ စတင်တည်ဆောက်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIA အကြား စစ်ရေးတင်းမာမှုတွေမြင့်တက်လာနေပါတယ်။
အသက်ရှည်ဆေး ပေါ်တော့မလား၊ ၁၉ ရာစုထဲက ကွယ်လွန်သွားတဲ့ ပန်းချီဆရာကြီးဗန်ဂိုး နဲ့ မျက်နှာချင်းဆိုင် စကားပြောနိုင်အောင် ပြင်သစ်ကုမ္ပဏီတခုက လုပ်ထားပြီ စတဲ့သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ မအိသန့်စင်နဲ့ ကိုဉာဏ်ဝင်းအောင်တို့ တင်ဆက်ထားပါတယ်။
အာရှစီးပွားရေး ဓါတ်အားချွေတာဖို့ လျှပ်စစ်မီးဖြတ်တောက်နေတဲ့ ဗီယက်နမ်နိုင်ငံမှာ ပုဂ္ဂိလိက မီးစက် ငှားရမ်းတာ၊ ဝယ်ယူတာတွေ ပိုများလာတဲ့အကြောင်းနဲ့ ဂျပန်နိုင်ငံမှာတော့ ဘေ့ဇ်ဘော အားကစားပြိုင်ပွဲရုံအတွင်း ပုခုံးထမ်းဘီယာ လိုက်ရောင်းသူတွေနဲ့ စည်ကားနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ နယ်စပ်လုံခြုံရေးနဲ့ ရေရှည်အကျိုးစီးပွားအတွက် ၊ မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ဘက်ကနေ ထောက်ခံပေးစေချင်တယ်လို့ အမေရိကန်ပြည်ထောင်စု မေရီလန်းအခြေစိုက် ချင်းတိုင်းရင်းသားများအဖွဲ့ အကြီးအကဲ Pu Zo Tum Hmung က တိုက်တွန်းလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင် တွေ့ဆုံမေးမြန်းထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ နယ်စပ်လုံခြုံရေးနဲ့ ရေရှည်အကျိုးစီးပွားအတွက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ဘက်ကနေ ရပ်တည်ပြီး ထောက်ခံမှုပေးစေချင်တယ်လို့ မေရီလန်းအခြေစိုက် ချင်းတိုင်းရင်းသားများအဖွဲ့အကြီးအကဲ ဦးဇိုသုန်းမှုန်က တိုက်တွန်းလိုက်ပါတယ်။ ဦးဇိုသုန်းမှုန်ကို ကိုဉာဏ်ဝင်းအောင် တွေ့ဆုံမေးမြန်းထားပါတယ်။
နွေဦးတော်လှန်ရေးနဲ့ ဖက်ဒရယ်စနစ် နွေဦးတော်လှန်ရေးကြီးစိုးတဲ့ နေရာဒေသတွေမှာ ဒေသန္တရ အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာတာဟာ ဖက်ဒရယ်စနစ်ရဲ့ မူလအစဖြစ်ကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်