အာရှစီးပွားရေး မက္ကာအိုကျွန်းမှာ ကိုဗစ်အလွန် ကာဆီနိုလုပ်ငန်းကရတဲ့ ဝင်ငွေက အရင်နှစ်ကထက်စာရင် အဆပေါင်းများစွာ တိုးလာတဲ့အကြောင်းနဲ့ နိုင်ငံရေး စီးပွားရေး အကျပ်အတည်းတွေကြုံနေတဲ့ ပါကစ္စတန်နိုင်ငံမှာတော့ ငွေကြေးဖေါင်းပွမှုက ကြောက်စရာကောင်းလောက်အောင် မြင့်တက်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
စစ်တပ်က သေနတ်နဲ့ ပစ်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူငယ်တွေဟာ ပြောက်ကျားစစ်သည် ဖြစ်လာကြပါတယ်။ ဒီလူငယ်တွေဟာ အသက်စွန့်ပြီး မြို့ပြတိုက်ပွဲ ဆင်နွှဲ နေကြတာပါ။ ဒီအကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မွန်ဂိုလီးယားနိုင်ငံရဲ့ မြို့ပြမှာ မိုးမြင့်တိုက်ဆောက်လုပ်မှု များလာတာက လူတွေကို ကွန်ကရစ်တောအုပ်ထဲ သွပ်သွင်းနေသလိုဖြစ်နေတဲ့အကြာင်းနဲ့ ကိုဗစ်အလွန်ကာလ ထိုင်းနိုင်ငံမှာ တရုတ်နိုင်ငံသားတွေက တိုက်ခန်းအိမ်ယာတွေ လာရောက်ဝယ်ယူရင်း ရင်းနှီးမြှုပ်နှံမှု ပိုလုပ်လာကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စီးပွားရေး ချွတ်ခြုံကျမှုကြောင့် လုပ်ငန်းခွင်တွေမှာ ကလေးလုပ်သား အရေအတွက်ဟာ ဆက်ပြီးတိုးပွားနေတယ်လို့ ကလေးလုပ်သားအရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။
အာရှစီးပွားရေး_ရုရှားထုတ် စိန်တွေ ဝယ်ယူတင်သွင်းမှုကို တားမြစ်သွားဖို့ G7 ညီလာခံမှာ ဆုံးဖြတ်ခဲ့တာက အိန္ဒိယ စိန်ဈေးကွက်ကိုပါ ထိခိုက်လာတဲ့အကြာင်းနဲ့ မလေးရှားနိုင်ငံ ပီနန်ကျွန်းမှာတော့ သုံးဘီးလန်ချားယာဉ်ထုတ်တဲ့ အလုပ်ရုံတခုသာကျန်ရှိပြီး မျိုးဆက် ပျောက်ကွယ်တော့မယ့်အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် ပြောက်ကျားစစ်ဆင်နွှဲရာမှာ ပြည်သူ့ထောက်ခံမှုဟာ အရေးကြီးပါတယ်။ ဒါကြောင့် ပြောက်ကျားနဲ့ပြည်သူ အဆက်ပြတ်နေအောင် စစ်ကောင်စီက အမြဲကြိုးပမ်းနေပါတယ်။ ဒီအတောတွင်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ တည်ထောင်နေကြောင်း ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အာဏာသိမ်း စစ်တပ်မှာ အသေအပျောက်နဲ့ တပ်ပြေး များနေတဲ့အတွက် ကျုံ့-ရှုံ့ တပ်မတော် ဖြစ်နေကြောင်း ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်= အာဏာသိမ်း စစ်တပ်မှာ အသေအပျောက်နဲ့ တပ်ပြေး များနေတဲ့အတွက် ကျုံ့-ရှုံ့ တပ်မတော် ဖြစ်နေကြောင်း ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အာရှစီးပွားရေး တရုတ်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း ကျလာတာက ကလေးပစ္စည်းဈေးကွက်ကိုပါ အကြီးကျယ် ရိုက်ခတ်လာတဲ့အကြောင်းနဲ့ အိန္ဒိယရုပ်ရှင်ကားတွေ နှစ်အတော်ကြာ ပိတ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘောလိဝုဒ်ကားတွေ ပြန်ပြခွင့်ရလာတာကြောင့် ရုပ်ရှင်ရုံတွေ လူစည်ကားနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့က တအိမ်ကို တယောက်နှုန်းနဲ့ ပြည်သူ့စစ်သင်တန်းတွေ တက်ခိုင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ သင်တန်းမတက်ချင်ရင် တလကို ၃ သိန်းစီ ပေးရမယ်လို့ ပျူစောထီးကပြောပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်ပြောပြပါမယ်။
စင်္ကာပူနိုင်ငံမှာ အိမ်ဈေးကွက်ကို ထိန်းချုပ်လိုတဲ့အတွက် အိမ်ဝယ်ခွန် အရင်ထက်၂ ဆ တိုးကောက်နေတဲ့အကြောင်းနဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာတော့ ရှေးရိုးရာ မြေအိုးဖုတ်လုပ်ငန်း တိမ်ကောတော့မှာကို စိုးရိမ်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် စစ်ရေး အစဥ်အလာ ကြီးမားတဲ့ အညာဒေသမှာ စစ်သွေးစစ်မာန်တွေ ပြန်လည်နိုးကြားလာပြီး ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးစစ်ပွဲ ဆင်နွှဲနေပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် စစ်ခေါင်းဆောင်ပိုင်းရဲ့ အတွေးအခေါ်နဲ့ တိုင်းပြည်အခြေအနေကို စစ်ရေးမူဝါဒက ရောင်ပြန်ဟပ်နေပါတယ်။ အချိန်အခါ အခြေအနေကို လိုက်ပြီး ၊ မြန်မာတပ်ရဲ့ စစ်ရေးမူဝါဒ အမျိုးမျိုးပြောင်းလဲနေပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
တရုတ် ပိုးခါးပတ်လမ်းစီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ထိုင်းနိုင်ငံထဲက အမြန်ရထားလမ်း စီမံကိန်းအပိုင်း နှောင့်နှေးနေတဲ့အကြောင်းနဲ့ တောင်ကိုရီးယားနိုင်ငံထဲမှာ လျှပ်စစ်ကားထုတ်ဖို့ ဟွန်ဒိုင်းကုမ္ပဏီက ဒေါ်လာဘီလျံ(၂၀)နီးပါးရင်းနှီးမြှုပ်နှံမယ့်အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေရှိတဲ့ဒေသတွေမှာ မုန်တိုင်းအရှိန်နဲ့ လေပြင်းတိုက်တာ မိုးသည်းထန်ခဲ့တာတွေရှိတာကြောင့် ဒေသတချို့မှာ စစ်ရှောင်ရိက္ခာတွေ ပျက်စီးဆုံးရှုံးပြီး လက်ရှိမှာ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးတွေနဲ့ နေစရာ၊ အမိုးအကာတွေ အရေးပေါ်လိုအပ်နေပါတယ်။
'၅၅ ကာရက်'ကျော်ရှိတဲ့ အာဖရိက ပတ္တမြားကြီးကို ဇွန်လထဲ လေလံ မတင်ခင် အာရှနဲ့ ဥရောပနိုင်ငံတချို့မှာ လှည့်လည်ပြသနေတဲ့အကြောင်းနဲ့ Apple ကုမ္ပဏီက အရောင်းဈေးကွက် ချဲ့ထွင်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံမှာ ပထမဆုံးသော Apple အရောင်းဆိုင်တွေ ဖွင့်လှစ်လိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုတွေရှိနေတာ နှစ်ချီကြာလှပေမဲ့ စစ်တပ်ကို မနိုင်တဲ့အတွက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေပါတယ်။ စစ်ကောင်စီလက်ထက် ဗမာအများစုနေတဲ့ အညာဒေသမှာ လက်နက်ကိုင်တော်လှန်ရေးဖြစ်ပွားနေတာက ခေတ်ပြောင်းသွားနိုင်ကြောင်း ဦးအောင်ခင်က တင်ပြထားပါတယ်။
“ရေဦးမြို့နယ်ရဲ့ကြားကာပညာရေးစနစ် NUG MOE မှာ အရှိန်အကောင်းဆုံးပေါ့နော်။ အထက ထန်းတောဗောဓိကတော့။ ရေဦးမှာတော့ Top 1 ပေါ့။အရှိန်အဟုန်အကောင်းဆုံး ကျောင်းတကျောင်းဖြစ်နေတာ။ ဒီကျောင်းကို ဒီလိုလုပ်လိုက်ရင် ကျန်တဲ့ကျောင်းတွေကိုလည်း စစ်ကောင်စီအနေနဲ့ ခြိမ်းခြောက်ပြီးသားဖြစ်သွားမယ်။ (မြို့နယ်ပညာရေးတာဝန်ခံ)
တရုတ်ရဲ့ ပိုးခါးပတ်လမ်း စီမံကိန်းတခုဖြစ်တဲ့ တရုတ်နဲ့ လာအိုကြား ရထားလမ်းခရီးစဉ်တွေ အပြန်အလှန် စတင်ပြေးဆွဲနေတဲ့အကြောင်းနဲ့ OPEC အဖွဲ့ဝင်နိုင်ငံတွေက နေ့စဉ် ရေနံထုတ်လုပ်မှုကို လျှော့ချသွားမယ်လို့ ကြေညာလိုက်ပြီးနောက် ဆီဈေးတက်မှာကိုရော၊ ကမ္ဘာ့စီးပွားရေး ကျဆင်းသွားမှာကိုပါ စိုးရိမ်နေတဲ့အကြောင်းတင်ပြမှာပါ။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် တူမီးသေနတ်နဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်တဲ့ ချင်းပြည်နယ်ဟာ သတင်းကြီးသွားပါတယ်။ မြေပိုင်ရင် စစ်နိုင်တယ်ဆိုတဲ့ စကားအတိုင်း နယ်မြေကျွမ်းကျင်မှုကြောင့် ချင်းတပ်ဖွဲ့တွေ စစ်ဆင်ရေးအောင်မြင်နေပုံကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်