သမ္မတထရမ့် အစိုးရလက်ထက် ထိုင်ဝမ်ကို လက်နက်ရောင်းချ ပေးတဲ့အထိ လုပ်ဆောင်မှုတွေကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးကို အဆိုးဆုံး အခြေအနေကို ရောက်သွားစေတဲ့အကြောင်း နိုင်ငံခြားရေးဌာနဆိုင်ရာVOA သတင်းထောက် Nike Ching ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။
ကွျွမ်းကျင်သူတွေက သမ္မတထရမ့် အစိုးရက အီရန်စီးပွားရေး ထိခိုက်နိုင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတာကို ဂျိုးဘိုင်ဒန်လက်ထက်မှာ ဖယ်ရှားမယ်လို့ မျှော်လင့်ရပေမယ့် နျူကလီးယားစာချုပ်ထဲ ပြန်ဝင်ဖို့ဆိုတာကတော့ လွယ်ကူမှာ မဟုတ်ဘူးလို့ သုံးသပ်ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။
မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် အကြီးကျယ် ထိခိုက်နေရတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်စနိုင်ဖို့ လတ်တလော အခြေအနေအရ မလွယ်ကူသေးကြောင်း နိုင်ငံတကာနဲ့ ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။
VOA to Asai ဌာနရဲ့ အပတ်စဉ်စီးပွားရေးကဏ္ဍမှာတော့ ... ဗီဒီယို-ဂိမ်း ဈေးကွက်ထဲမှာ Xbox ကို ယှဉ်ပြိုင်နိုင်ဖို့ - ဂျပန်ရဲ့ ဂိမ်းအသစ်တခု ဖြန့်ချီရောင်းချလာတဲ့ အကြောင်းနဲ့ စင်္ကာပူလေကြောင်းလိုင်းက ဝင်ငွေ ရှာလာကြတဲ့ အကြောင်း Ira Mellman ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဒီဇင်ဘာ ၃၊ ၂၀၂၀ - အမုန်းစကား ပွားများနေတာဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အန္တရာယ်ဖြစ်နေတဲ့အကြောင်း ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။
ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီလုပ္ထားတဲ့လေဟာပြင်ဥယျာဉ်တခုကိုဟောင်ကောင်မှာ ဖွင့်လှစ်လိုက်တဲ့ အကြောင်းနဲ့ ဂျပန်နိုင်ငံမှာတော့ အမေရိကန် ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်ရဲ့ ပုံတူရာဘာမျက်နှာဖုံးစွပ်တွေ ရောင်းကောင်းနေတဲ့ အကြောင်း Ira Mellman ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
နိုဝင်ဘာ ၂၆၊ ၂၀၂၀ - ဒီမိုကရေစီ လူ့ဘောင်တည်ဆောက်ရာမှာ အရပ်ဖက် အသင်းအဖွဲ့ တွေဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတာကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှု အရှိန် မြင့်မားနေဆဲ အမေရိကန်ပြည်ထောင်စုမှာ Thanksgiving Day ကျေးဇူးတော်နေ့အတွက်ရည်စူးပြီး ပြည်နယ်တချို့က တာဝန်ရှိသူတွေနဲ့ ပြည်သူတွေက ကိုဗစ်ကြောင့် အခက်ကြုံနေသူတွေကို အစားအသောက်မျှဝလှေူဒါန်းကြပါတယ်။ဒီအကြောင်းAFPသတင်းကိုအခြေခံပြီး ကိုဉာဏ်ဝင်းအောင်ကတင်ပြထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဒီမိုကရေစီရေး ဆန္ဒပြပွဲ တွေမှာ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကိုထောက်ခံတဲ့ အနီရောင် ရှပ်အင်္က ျီဝတ် ဆန္ဒပြသူတွေပါ ပူးပေါင်းပါဝင်လာကြပြီး လူထုဆန္ဒပြပွဲကြီးဟာ ပျော်ပွဲရွှင်ပွဲလို မြင်ကွင်းအဖြစ် မြင်တွေ့လာရကြောင်း AFP သတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။
ထိုင်ဝမ်က ပင်မင်းဆိုင်ပိုင်ရှင် အဖိုးအဖွား စုံတွဲဟာ လာပြန်မရွေးတဲ့ အဝတ်စားတွေနဲ့ မော်ဒယ်ဓါတ်ပုံရိုက်ပြရင်း Instagram မှာနာမည်ကြီးလာတဲ့ အကြောင်းနဲ့ တရုတ်နိုင်ငံမှာတော့ တန်ဖိုးကြီးပစ္စည်းတွေကို အိမ်တွင်းမှာ စနစ်တကျ သိမ်းဆည်းပေးတဲ့ ကျွမ်းကျင်သူတွေ အလုပ်ပိုရလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။
နိုဝင်ဘာ ၁၉၊ ၂၀၂၀ - ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခ ပြန်လည်ဖြစ်ပွားလို့ ပေါ်ထွက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကချင်အရပ်ဖက် အဖွဲ့အစည်းတွေက ကြည့်ရှုစောင့်ရှောက်နေပါတယ်။ ဒီအကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
COVID-19 ရောဂါပိုး ရှိသူတွေကို ရှာဖွေရာမှာ အနံ့ခံ ခွေးတွေက မယုံနိုင်လောက်အောင် အတိအကျ ဖေါ်ထုတ်နိုင်တာ ကနဦး လေ့လာ စမ်းသပ် အသုံးပြုမှုတွေအရ တွေ့လာရပါတယ်။ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အနံ့ခံခွေးတွေကအထောက်အကူ ဖြစ်လာဖို့ မေ ျှာ်လင့်ရတဲ့အကြောင်း ကို ဉာဏ်ဝင်းအောင်က ပြောပြပါလိမ့်မယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကြုံလာရတဲ့ အကျပ်အတည်း ဒုက္ခတွေ လွန်မြောက်နိုင်ဖို့နဲ့ ဒေသတွင်း စီးပွားရေး ပြန်လည်အားကောင်းလာစေဖို့ ဘယ်လို ပြန်လည်ကုစားကြမလဲ ဆိုတာကို နိုင်ငံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။
၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွင်း ပယ်ဖျက် ချန်လှပ်ထားခဲ့တဲ့ တိုင်းရင်းသား မဲဆန္ဒနယ်မြေတွေမှာ အစိုးရက ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးမယ်ဆိုရင် ကြိုဆိုကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်တချို့ ပြောဆိုလိုက်ပါတယ်။
တောင်ကိုရိးယားနိုင်ငံမှာ နေ့စဉ်စားသုံးတဲ့ ကင်မ်ချီ-ချဉ်ဖတ် ထုတ်လုပ်မှု ကျဆင်း လာတဲ့အတွက် တရုတ်နိုင်ငံကနေ မှာယူ တင်သွင်းနေရတဲ့ အကြောင်းနဲ့ ကိုဗစ်ကူးစက်မှု ဆက်ရှိနေဆဲ မလေးရှားနိုင်ငံမှာ အသွားအလာ ကန့်သတ်ထားတာကြောင့် အွန်လိုင်းပေါ်မှာ ဒူးရင်းသီးတွေ ရောင်းကောင်းနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။
နိုဝင်ဘာ ၁၂၊ ၂၀၂၀ - စစ်တပ်က စီစဉ်ပေးတဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်ကြောင့် ပြည်သူ့အကျိုးပြု အရပ်သားအဖွဲ့အစည်းတွေ ဆက်လက် ရှင်သန်နိုင်ရေးမှာ အခက်အခဲရှိနေတဲ့အကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
စင်္ကာပူနိုင်ငံက ပြည်သူတွေကို နိုင်ငံသားစိစစ်တဲ့ စနစ်မှာလူတွေရဲ့မျက်နှာ သွင်ပြင်ကိုဉာဏ်ရည်တုနဲ့ မှတ်ပြီး ပြန်လည်တိုက်ယူနိုင်မယ့် နည်းပညာကို စသုံးဖို့ ပြင်ဆင်နေတဲ့အကြောင်းနဲ့ တရုတ်ကုမ္ပဏီလုပ် TikTok Apps ကို နိုင်ငံတချို့မှာ ပိတ်ပင်လာတဲ့အတွက် ဈေးကွက်သစ်ရှာလာကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ ။
နိုဝင်ဘာ ၅၊ ၂၀၂၀ - ကိုဗစ်ရောဂါ ပြန့်ပွားမှုကြောင့် လုပ်ငန်းကိုင်ငန်းတွေ ရပ်ဆိုင်းထားရတဲ့အတွက် ကြွေးတင်တာ များပြားလာပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
နယူးယောက်မြို့က မြန်မာ-အမေရိကန်တွေ ဘယ် သမ္မတလောင်းကို မဲပေးကြသလဲဆိုတာ တင်ပြထားပါတယ်။
တရုတ်နိုင်ငံ Xinjiang ဒေသက ဝှီဂါ မွတ်ဆလင်တွေ ဖိနှိပ် ခံနေရတာနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံကလည်း တရုတ်အာဏာပိုင်တွေသိအောင် ထုတ်ဖေါ် ပြောဆိုသင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကအာရှနိုင်ငံတွေကို သွားရောက်တဲ့ ခရီးစဉ်မှာ တိုက်တွန်းခဲ့ပါတယ်။ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ ။
နောက်ထပ်ကြည့်ရှုရန်