မြန်မာ့တပ်မတော်က နိုဝင်ဘာလကုန်အထိ တဖက်သတ် အပစ်ရပ်ကြောင်း သက်တမ်းတိုးလိုက်တဲ့အပေါ် အခြေခံသဘောတရားအရ ကြိုဆိုပေမယ့် ထာဝရငြိမ်းချမ်းရေး ဖေါ်ဆောင်လိုတယ်ဆိုရင် အနှစ်သာရရှိတဲ့ အပစ်ခတ်ရပ်စဲရေး ဖြစ်ဖို့လိုတယ်လို့ ပြည်ပရောက် တိုင်းရင်းသားအရေး လှုပ်ရှားသူတချို့က သုံးသပ်နေပါတယ်။
ဒီသီတင်းပတ် အာရှစီးပွားရေး အစီအစဉ်မှာတော့ တောင်ကိုရီးယားမှာကျင်းပနေတဲ့ Busan နိုင်ငံတကာ ရုပ်ရှင်ပွဲတော်နဲ့ ထိုင်းဆန္ဒပြပွဲတွေကြားက လမ်းဘေးလက်တွန်းလှည်းဈေးသည်တွေအကြောင်း ကိုဉာဏ်ဝင်းအောင် ပြောပြပါလိမ့်မယ်
ကမ္ဘာ့နိုင်ငံ အများစုမှာလိုပဲ ပါကစ္စတန်နိုင်ငံဟာလည်း ပိုလီယို ရောဂါပိုးကို အမြတ်ပြတ်အောင် လုပ်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ပါကစ္စတန်အမျိုးသမီးတဦး အန္တရာယ်ကြားက ပိုလီယို တိုက်ဖျက်ရေးအတွက် ရုန်းကန်နေတဲ့ အကြောင်း Sidra Dar ပေးပို့တဲ့သတင်းကို ပြောပြချင်ပါတယ်။ ကျနော် ဉာဏ်ဝင်းအောင်ပါ
အောက်တိုဘာ ၂၉၊ ၂၀၂၀ - တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေ ဖြစ်ပါတယ်။ မျိုးဆက်သစ် လူငယ်တွေမှာ သူတို့မိဘတွေ မရနိုင်ခဲ့တဲ့ အခွင့်အရေးတွေ ရနေပါတယ်။ ဗြိတိသျှကောင်စီဟာ မြန်မာ့မျိုးဆက်သစ် လူငယ်တွေအကြောင်းကို မကြာသေးခင်က စစ်တမ်းကောက်ယူခဲ့ကြောင်း ဦးအောင်ခင်က ရေးပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
ကိုဗစ်ကြောင့် အိမ်ထဲကနေ အိမ်ပြင် မထွက်နိုင်တဲ့အချိန် လေကြောင်းနဲ့ ခရီးသွားလိုစိတ် ပြင်းပြ နေသူတွေအတွက် လေဆိပ်မှာပဲ ရပ်ထားတဲ့ လေယာဉ်ပေါ် အစားသောက် တွေ ရောင်းချ ပေးနေတဲ့အကြောင်း AFP သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
COVID-19 ကူးစက်မှု မြင့်မားနေဆဲ ရန်ကုန်တိုင်းအတွင်း အသွားအလာ ကန့်သတ်မှု ရှိနေသလို၊ စီးပွားရေးလုပ်ငန်းတွေလည်း ပုံမှန်ပြန်ပြီး မလည်ပတ် နိုင်သေးပါဘူး။ သာမန်လက်လုပ်လက်စားတွေအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ပရဟိတ အဖွဲ့တွေကေ ကူညီထောက်ပံ့ နေကြတဲ့အကြောင်း AFP သတင်းတပုဒ်ကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
COVID-19 ကူးစက်မှု မြင့်မားနေဆဲ ရန်ကုန်တိုင်းအတွင်း အသွားအလာ ကန့်သတ်မှု ရှိနေသလို စီးပွားရေးလုပ်ငန်း အတော်များများလည်း ပုံမှန်ပြန်မလည်ပတ်နိုင်သေးတဲ့အတွက် သာမန် လက်လုပ်လက်စား ပြည်သူတွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ပရဟိတအဖွဲ့တွေကေ ကူညီထောက်ပံ့နေရပါတယ်။
ကိုဗစ်ကာလ ထိုင်းနိုင်ငံက Five-Star ဟိုတယ်ကြီးတွေမှာ Quarantine ဝင်ကြမယ့် နိုင်ငံခြားသား ဧည့်သည်တွေအတွက် အထူးဝန်ဆောင်မှု ပေးနေတဲ့အကြောင်းနဲ့ စင်္ကာပူနိုင်ငံမှာတော့ ပုရွက်ဆိတ် တွေကို အဓိက မွေးပြီး ပြန်ရောင်းတဲ့ ဆိုင်တဆိုင် ပေါ်ထွက်လာတဲ့အကြောင်း Ira Mellman ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။
အမေရိကန်ရောက် ချင်းတိုင်းရင်းသားများအဖွဲ့ကပြည်တွင်း ပြည်ပချင်းဒုက္ခသည်တွေနဲ့ပတ်သက်လို့ အစီရင်ခံစာ၂ စောင်ထုတ်ပြန်ပြီးအမေရိကန်အစိုးရက ထိရောက်တဲ့ အကူအညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ချင်းတိုင်းရင်းသားအဖွဲ့ (CAM) ရဲ့ အမှုဆောင်ဒါရိုက်တာကိုဇိုသွန်းမှုန်ကို ကိုဉာဏ်ဝင်းအောင်က Skype က ဆက်သွယ်မေးမြန်းထားပါတယ်။
ချင်းတိုင်းရင်းသား IDP တွေနဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ရောက်နေတဲ့ ပြည်ပရောက် ချင်း ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုက အခုထက်ပိုပြီး အကူအညီတွေ ပေးဖို့ ၊ လက်ခံစောင့်ရှောက်ဖို့အတွက် ချင်းတိုင်းရင်းသားအရေး လှုပ်ရှားတဲ့အဖွဲ့နဲ့ ဘာသာရေး/ ဒုက္ခသည်ဆိုင်ရာ အဖွဲ့အစည်းတွေက အမေရိကန်အစိုးရကို တောင်းဆိုပါတယ်။
အောက်တိုဘာ ၂၂၊ ၂၀၂၀ - အသက်(၁၈)နှစ် ကျော်လာလို့ ပထမဆုံးအကြိမ် ဆန္ဒမဲပေးခွင့်ရှိသူ လူငယ်ဦးရေ (၅) သန်းနီးပါး ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီလူငယ်တွေဟာ နိုင်ငံရေးကို အချိန်မပေးနိုင်လို့ ဘယ်သူ့ကို မဲပေးရမှန်း မသိသေးပါဘူး။ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲကို လူငယ့်မဲဆန္ဒကများ ဆုံးဖြတ်လေမလားဆိုတာကို ဦးအော
အာမေးနီးယန်းလူများစုအခြေချနေထိုင်ပြီးအဇာဘိုင်ဂျန်တွေထိန်းချုပ်ထားတဲ့ Nagorno-Karabakh ဒေသကတိုက်ပွဲတွေကိုအပစ်ရပ်ကြောင်း ကြေညာခဲ့ပေမယ့် နှစ်ဖက်စလုံးကအမျိုးသားရေးစိတ်ဓါတ် ပြင်းထန်လွန်းတာကြောင့် အချိန်ပိုင်းလေးအတွင်းမှာပဲတိုက်ပွဲတွေပြန်ဖြစ်ခဲ့လို့ အရပ်သားတွေ ပြေးလွှားရှောင်တိမ်းရတဲ့အကြောင်းတင်ပြထားပါတယ်။
နိုဝင်ဘာ (၈)ရက်နေ့ပြုလုပ်မယ့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း တိုင်းရင်းသားပြည်နယ် အများစုထဲက မြို့နယ် ကျေးရွာတချို့မှာ ရွေးကောက်ပွဲတွေ ကျင်းပဖြစ်တော့မှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။
ကိုဗစ်ကာလ ခရီးသွားလာခွင့် ကန့်သတ်ထားဆဲ ထိုင်းနိုင်ငံမှာ လေယာဉ်နဲ့ ခရီးထွက်နေပုံမျိုး ဖန်တီးထားတဲ စားသောက်ဆိုင်တွေ စည်ကားနေတဲ့အကြောင်းနဲ့ အရက်ကြိုက်သူ လူအများစုရှိတဲ့ ဂျပန်နိုင်ငံမှာတော့အရက်လုံးဝ မသောက်သူတွေအတွက် ဖွင့်တဲ့ ဘားဆိုင်တွေ ခေတ်စားလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ ။
အောက်တိုဘာ ၁၅၊ ၂၀၂၀ - ရွေးကောက် တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ လုပ်နိုင်မှုစွမ်းရည်ကို မကျေမနပ်ဖြစ်ရာက ဆန္ဒမဲ မပေးပဲ ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ဆော်သြတဲ့လှုပ်ရှားမှု ပေါ်ပေါက်လာပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
နိုဝင်ဘာ ၈ ရက် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် အမေရိကန်ပြည်ထောင်စု ပြည်နယ် ၅၀ ရှိတဲ့အထဲ ၁၂ ပြည်နယ်က မြန်မာနိုင်ငံသားတွေ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မဲရုံခွဲမှာ အောက်တိုဘာ ၁၁ ရက် တနင်္ဂနွေနေ့က ကြိုတင်မဲ လာပေးကြတာပါ။
ကိုဗစ်ကူးစက်မှု အများဆုံး ရင်ဆိုင်နေရတဲ့ ရန်ကုန်တိုင်းအတွင်း နေအိမ်မှာပဲ နေကြဖို့အမိန့် ထုတ်ပြီးနောက်ပိုင်း လုပ်ငန်းအတော်များများ ရပ်ထားရတာကြောင့် အခြေခံလူတန်းစားတွေ နေ့စဉ်စားသောက်ရေး အခက်ကြုံလာပေမယ့် သိသာမြင်သာတဲ့ ကူညီထောက်ပံ့မှု မရဘူးလို့ ပြောဆိုနေကြပါတယ်။
ကိုဗစ်ကူးစက်မှု လျော့ကျလာတဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ ကားပြပွဲတခုမှာ နှာခေါင်းစည်းတပ် ပရိသတ်တွေနဲ့ စည်ကားခဲ့တဲ့အကြောင်းနဲ့ ဗီယက်နမ်နိုင်ငံမှာတော့ ကြာရိုးကထုတ်တဲ့ ချည်မျှင်နဲ့ရက်တဲ့ ပိုးထည်တွေ ဈေးကောင်းပိုရလာတဲ့အကြောင်း Ira Mellman ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ ။
အောက်တိုဘာ ၀၈၊ ၂၀၂၀ - NLD ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ စစ်မှန်တဲ့ ဒီမိုကရေစီကို ဖြစ်ထွန်းစေမယ့် အခြေခံဥပဒေ ပေါ်ပေါက်ရေးဆိုတဲ့ ဦးတည်ချက်ကို ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ NLD အစိုးရဟာ အခြေခံဥပဒေ ပြင်စရာမလိုတဲ့ ပြုပြင်ရေးကိုလည်း စတင် အကောင်ထည်ဖေါ်နေတာ တွေ့ရကြောင်း ဦးအောင်ခင်က သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအေ
မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းခံနေရတဲ့ UDP ခေါ် နှင်းဆီပါတီ ဥက္ကဌ ဦးကျော်မြင့်ဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ ထောင်ပြေးအမှုရော၊ အရင် ကြွေးကျန် ထောင်ဒဏ်တွေအပြင် နောက်ထပ် စစ်ဆေးပေါ်ပေါက်လာနိုင်တဲ့ အမှုတွေအတွက်ပါ ပြစ်ဒဏ်ကျခံရဖွယ် ရှိတယ်လို့ ဥပဒေပညာရှင် တချို့နဲ့ လေ့လာစောင့်ကြည့်သူတချို့ သုံးသပ်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်