လွိုင်ကော်မြို့ စက်မှု နည်းပညာဆိုင်ရာ တက္ကသိုလ်နဲ့ ကျောင်းတွေက ကျောင်းအုပ်ဆရာကြီး (၃)ဦးကို မတ်လ (၁၀)ရက်နေ့က ဖမ်းဆီးလိုက်ပြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ထားပါတယ်။ ဒီဆရာကြီး (၃)ဦးကို အမြန်ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ နည်းပညာဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
မတ် ၁၁၊ ၂၀၂၁ - ပြည်သူအများဆုံးမဲပေးတဲ့ NLD ပါတီကို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အလားအလာ ဆိတ်သုဉ်းပြီး ၊ လုံးပါးပါးနေတဲ့ ကြံ့ဖွံ့ပါတီဟာ စစ်အာဏာသိမ်းရေးကို ထောက်ခံအားပေးရင်း ဆက်လက်ရှင်သန်ဖို့ ကြိုးပမ်းနေပုံကို ဦးအောင်ခင်က သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။
ကိုဗစ်ကာလ ကျန်းမာရေးဆိုင်ရာ တားမြစ်ချက်တွေကြောင့် ဂျပန်နိုင်ငံက game ဆိုင်တွေ စီးပွားရေး ထိုးကျသွားတဲ့အကြောင်းနဲ့ မလေးရှားနိုင်ငံမှာလည်း ကိုဗစ်ကြောင့် အသွားအလာ ကန့်သတ်မှုတွေက ပြည်တွင်းမှာ ဒူးရင်းသီးအရောင်းအဝယ် သိသိသာသာ ကျဆင်းလာတဲ့အကြောင်း Ira Mellman ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ရန်ကုန် စမ်းချောင်းမြို့နယ်မှာ စစ်တပ်နဲ့ရဲအင်အား ရာနဲ့ချီ ဝိုင်းထားခဲ့လို့ ပိတ်မိနေခဲ့တဲ့ တနင်္လာနေ့ည ဖြစ်ရပ်မှာ အဖမ်းဆီးခံရသူ အနည်းဆုံး (၅၀)ထက် မနည်းရှိမယ်လို့ မြို့ခံတွေနဲ့ ပိတ်မိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အကြပ်အတည်းကို ကျော်လွှားလွန်မြောက်နိုင်ဖို့ ဘာတွေ ကူညီလုပ်ဆောင်သင့်သလဲ ဆိုတာကို CRPH ရဲ့ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ ဆာဆာနဲ့ အမေရိကန်ပြည်ထောင်စုရောက် ချင်းတိုင်းရင်းသား လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ အွန်လိုင်းကတဆင့် ဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံတကာမှာရှိကြတဲ့ မြန်မာသံရုံးဝန်ထမ်းတွေ တနေ့ထက်တနေ့ CDM လှုပ်ရှားမှုထဲ ပါဝင်လာနေရာမှာ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ မြန်မာသံရုံး ဝန်ထမ်းတချို့နဲ့ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ မြန်မာသံရုံးက အရာရှိတချို့လည်း သောကြာနေ့ကစပြီး ရုံးမတက်တော့ပဲ အရပ်သားအစိုးရ ပေါ်လာမှသာ အလုပ်ပြန်ဆင်းမယ်လို့ ပြော
တိုင်းနဲ့ပြည်နယ် အသီးသီးမှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွဲတာတွေ လုပ်နေတဲ့ကြားကပဲ သူတို့အနေနဲ့ နောက်ဆုတ်သွားမှာမဟုတ်ပဲ ၊ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့အထိ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အတွင်း သပိတ်စစ်ကြောင်း ဦးဆောင်သူတွေက ပြောလိုက်ပါတယ်။
မတ် ၄၊ ၂၀၂၁ - စစ်အုပ်စုရေးဆွဲခဲ့တဲ့ အခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်တဲ့ NLD အရပ်သားအစိုးရ ကြီးစိုးမှာကို တွေးကြောက်တဲ့ စစ်အုပ်စုဟာ ရွေးကောက်ပွဲရလဒ်ကို လျစ်လျှူရှုပြီး စစ်အာဏာသိမ်းလိုက်ပုံကို ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာပြည်သူတွေဟာ နေ့ခင်းဖက် အန္တရာယ်တွေကြားမှာ ပင်ပန်းကြီးစွာ ဆန္ဒပြကြသလို ၊ ည ၈ နာရီ ရောက်တိုင်းလည်း သံပုံးတီးဆန္ဒပြသူ အတော်များများ ရှိနေတဲ့ကြားက ခုလိုညဘက် ဟစ်ကြွေးဆန္ဒပြတာတွေကို တနင်္ဂနွေ ၊ တနင်္လာညတွေမှာ စလုပ်လာကြတယ်လို့ ဗဟန်းမြို့ခံတဦးက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့လုပ်ရပ်အပေါ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြည်တွင်းပြည်ပ ဆက်လက် ပေါ်ပေါက်နေရာမှာ အမေရိကန် ပြည်ထောင်စုမှာလည်း တက်ကြွလှုပ်ရှားသူတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီက အသစ် ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် UEC က ၂၀၂၀ ရွေးကောက်ပွဲဟာ ပျက်ပြယ်သွားပြီးဆိုတဲ့ သဘော ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတချို့နဲ့ မဲဆန္ဒရှင်တချို့ရဲ့ တုန့်ပြန်မှုတွေအကြောင်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက NLD အရပ်သားအစိုးရကို ဆက်လက် ကိုယ်စားပြုမယ့်အကြောင်း အထွေထွေညီလာခံမှာ ကြေညာလိုက်တာဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအတွက် တွန်းအားဖြစ်လာနိုင်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ Christina Fink က သုံးသပ်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ကွန်ပျူတာ-ပရိုဂရမ် ထိန်းချုပ်မှုနဲ့ အလိုအလျှောက် မောင်းနေတဲ့ ခရီးသည်တင် ဘတ်စ်ကားတွေကို စမ်းသပ်ပြေးဆွဲ နေတဲ့အကြောင်းနဲ့ တရုတ်နှစ်သစ်ကူးကာလ ဟောင်ကောင်မှာစည်ကားလေ့ရှိတဲ့ ပန်းဈေးက ွက်ကိုတော့ ဒီနှစ်မှာ အကန့်အသတ်နဲ့သာ ဖွင့်ခ ွင့် ပေးခဲ့တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ပုဒ်မ (၅၀၅-ခ)နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရားစွဲဆို လိုက်ပါတယ်။
ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၁ -- Mytel Telecom ဟာ ဗိုလ်ချုပ်လူတန်းစားအတွက် ဝင်ငွေ ပိုရှာပေးနေပြီး စစ်ဆင်ရေးကို အထောက်အကူပြုနေတဲ့ ဆက်သွယ်ရေးစနစ်ဖြစ်ကြောင်း ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို ပုဒ်မ ၅၀၅(ခ)နဲ့ စစ်ကောင်စီက တရားစွဲဆိုလိုက်တဲ့အကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ထောက်ခံကူညီတာတွေ ဆက်မလုပ်ဖို့နဲ့ ရွေးချယ်ခံ အစိုးရကို ထောက်ခံပြီး ၊ ပူးပေါင်းဆောင်ရွက်ဖို့ Global Action Call လှုပ်ရှားမှုကို အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့မှာ မြန်မာတွေက တရုတ်သံရုံးနဲ့ ကောင်စစ်ဝန် ရုံးတွေရှေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာကို ပြန်မစွန့်လွှတ်ဘူးဆိုရင် ပိုပြီးပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ကြုံလာရ နိုင်တယ်လို့ အင်ဒီယားနားပြည်နယ်ကိုယ်စားပြု ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Todd Young က သတိပေး ပြောဆိုလိုက် ပါတယ်။
ကိုဗစ်ကာလ ရှည်ကြာလာတဲ့ ဂျပန်နိုင်ငံမှာ ခရီးသ ွားလုပ်ငန်း ကျဆင်းလာတဲ့ အကြောင်းနဲ့ ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူကြောင့် ခရီးသွားဧည့်သည်တွေ စိတ်ဝင်တစားလာရောက်လေ့ရှိတဲ့ ဗီယက်နမ်နိုင်ငံမှာ ဒေသခံတွေ အလုပ်အကိုင်ပိုရလာတဲ့အကြောင်း Ira Mellman ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
စစ်တပ်က အာဏာသိမ်းယူ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ သတင်း လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေကို အကာအကွယ် ဆက်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ ယုံကြည်တာကြောင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ထက်ဝက်ကျော် နုတ်ထွက်လိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်