ဖေဖေါ်ဝါရီ ၁၈၊ ၂၀၂၁ - စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်တဲ့ လှုပ်ရှားမှုဟာ စိတ်ဓါတ်ခိုင်မာဖို့လိုတဲ့ ရေရှည်တိုက်ပွဲဖြစ်ကြောင်း ဦးအောင်ခင်က ရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုတွေ နေ့စဉ်ရက်ဆက် ပေါ်ပေါက်နေချိန်မှာပဲ ပြည်တွင်းက ပြည်သူတွေနဲ့ တသားထဲရှိကြောင်း ပြသဖို့နဲ့ စစ်တပ်ကြီးစိုးတဲ့ အုပ်ချုပ်ရေးစနစ် အမြန် အဆုံးသတ်စေရေး နိုင်ငံတကာကဖိအားတွေ ပိုတိုးပေးဖို့ အမေရိကန်ပြည်ထောင်စုမှာ မြန်မာတွေ တောင်းဆို ဆန္ဒပြကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ဆန့်ကျင်ပြီး အရပ်သားအစိုးရ အမြန် ပြန်လည်ပေါ်ပေါက်လာစေဖို့အတွက် ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံက ပြည်နယ်တချို့မှာ မြန်မာတွေ ဆက်ပြီး ဆန္ဒပြ တောင်းဆိုနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ် ပြသနေသူတွေကို ရှာဖွေဖမ်းဆီးမှု ခပ်စိပ်စိပ် လုပ်လာတာကြောင့် ၊ အမေရိကန် ပြည်ထောင်စုအနေနဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့လုပ်ရပ်ကို ထိရောက်တဲ့နည်းနဲ့ ဟန့်တားပေးဖို့ အမေရိကန်ရောက် မြန်မာတွေက တောင်းဆိုနေပါတယ်။
စစ်အာဏာသိမ်းကောင်စီရဲ့ မြန်မာနိုင်ငံတွင်း လတ်တလော လုပ်ရပ်တွေက လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်မှုဖြစ်တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ခေါင်းဆောင်တွေနဲ့ အပေါင်းအပါတွေအပေါ် ပြင်းထန် ထိရောက်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်သင့်ပြီလို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြန်မာပြည်မှာ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်ပေါ်စေဖို့ အတွက် အထောက်အကူဖြစ်တယ်လို့ ယုံကြည်ကြောင်း စီးပွားရေးပညာရှင် ဦးစိန်ဌေးက သုံးသပ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ အကြပ်အတည်းကို တိုးလာစေမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ပြီး ဝန်ထမ်းတွေ ရုံးမတက်ပဲနေတဲ့ လုပ်ရပ်က အာဏာသိမ်း စစ်ကောင်စီရဲ့ အစိုးရယန္တရားလည်ပတ်မှုကို အတိုင်းအတာ တခုထိ ထိခိုက်လာနေတာ ပေါ်လွင်ကြောင်း မြန်မာနိုင်ငံရေး သုံးသပ်သူတချို့က မြင်ပါတယ်
မြန်မာနိုင်ငံက ရဲအရာရှိတချို့နဲ့ ရဲတပ်ဖွဲ့ဝင်တချို့တို့ဟာ နိုနိုင်ငံအနှံ့ ပေါ်ပေါက်နေတဲ့ လူထုဆန္ဒပြပွဲတွေမှာ ပြည်သူနဲ့အတူ ပူးပေါင်း ပါဝင်လာကြပါတယ်။
ဖေဖေါ်ဝါရီ ၁၁၊ ၂၀၂၁ - အာဆီယံ(၁၀)နိုင်ငံနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျား၊ နယူးဇီလန် ပါဝင်တဲ့ (၁၅)နိုင်ငံက စီးပွားရေးသဘောတူညီချက် RCEP ကို လက်မှတ်ထိုးခဲ့ကြပါတယ်။ အဲဒီထဲ ပြိုင်ဆိုင်မှုစွမ်းအား အနည်းဆုံးဟာ မြန်မာနိုင်ငံဖြစ်ကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး လူထုအုံကြွမှု တွေနဲ့ ပတ်သက်လို့ ၈၈၈၈ ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ လက်ရှိ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေသူ ကိုမိုးသီးဇွန်ကို VOA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူက တရားဝင် အပ်နှင်းလိုက်တဲ့ လုပ်ပိုင်ခွင့်နဲ့အညီ တာဝန်တွေ ဆက်လက်ထမ်းဆောင်နေကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ကိစ္စကို ဆန့်ကျင်ဖို့နဲ့ ပြည်တွင်းက ငြိမ်းချမ်းတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ထောက်ခံအားပေးဖို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေ ပြည်နယ်တချို့မှာ တနင်္ဂနွေနေ့က ထပ်မံ ဆန္ဒပြကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြ ထားပါတယ်။
ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ရဲတပ်ဖွဲ့က အဲဒီဒေသ NLD ပါတီ မြို့နယ်ဥက္ကဌ ဦးသန်းလွင်ကို စနေနေ့ညက ဖမ်းဆီးထားတာကြောင့် သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြို့ခံပြည်သူတွေက တနင်္ဂနွေမနက်ထိ ရဲစခန်းကို ဝန်းရံပိတ်ဆို့ တောင်းဆိုနေကြတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို ငြင်းပယ်ပြီး မြန်မာစစ်တပ်က အာဏာသိမ်းယူလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့က မြန်မာနဲ့ တိုင်းရင်းသား (၁၀၀)ဝန်းကျင် လာရောက်စုပေါင်းပြီး သောကြာနေ့ မွန်းလွဲပိုင်းက ဝါရှင်တန်ဒီစီ မြန်မာစစ်သံရုံးရှေ့ သွားရောက်ဆန္ဒပြကြပါတယ်။
စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြား ငွေကြေး လည်ပတ်မှု အပါအဝင် ၊ စီးပွားရေးကဏ္ဍပါ ထိခိုက်လာမှာကို လုပ်ငန်းရှင်တွေ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းတွေကို ဒီတပတ် အာရှစီးပွားရေး ကဏ္ဍမှာ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဖေဖေါ်ဝါရီ ၄၊ ၂၀၂၁ - မြန်မာ့ပညာရေးလောကဟာ အဆင့်နိမ့် နေပေမယ့် ပါရဂူဘွဲ့ရသူတွေ များပြားလာပုံနဲ့ တက္ကသိုလ် ဆရာ/ဆရာမများအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချ ကန့်က ွက်တဲ့ အနေနဲ့ အမေရိကန်ပြည်ထောင်စုတလွှား ပြည်နယ်တချို့မှာ မြန်မာတွေ ဆန္ဒပြကြပါတယ်။
နေပြည်တော် ရန်ကုန်နဲ့ နယ်မြို့တွေမှာ စစ်တပ်က အာဏာသိမ်းဖို့ အာရုံတက်ချိန် လိုက်လံဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ့်ပြန့်ပြန့် ထွက်ပေါ်လာအပြီး ရန်ကုန်မြို့ရဲ့ အခြေအနေကို သိရအောင် VOA ရန်ကုန်ရုံး သတင်းထောက် ကိုစည်သူကို ဝါရှင်တန်ဒီစီရုံးချုပ်ကနေ ကိုဉာဏ်ဝင်းအောင်က ဆေက်သ ွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှာလားဆိုပြီး ဒီရက်ပိုင်းထဲ ကောလဟလ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာနေတဲ့အပေါ် နယ်ပယ်အသီးသီးက ထင်ရှားသူ တချို့နဲ့ ဒေသအသီးသီးက ပြည်သူတချို့တို့ရဲ့ တုံ့ပြန်သံတွေကို စုစည်းတင်ပြထားပါတယ်။
ကိုဗစ်ကာလအတွင်း လယ်သမားဆန္ဒပြပွဲနဲ့ အိန္ဒိယနိုင်ငံမှာ ဆင်းရဲသားကလေးငယ်တွေ ပညာသင်နိုင်မယ့် စေတနာ့ဝန်ထမ်း စာသင်ကျောင်းတွေ ဖွင့်လှစ် သင်ကြားနေတဲ့အကြောင်းနဲ့ စင်္ကာပူမှာ ဓါတ်ခွဲခန်းထုတ် အသားတုတွေနဲ့ ကြော်ချက်ထားတဲ့ ဟင်းလျာကို စတင်မိတ်ဆက်လာတဲ့အကြောင်း Ira Mellman ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်