မြန်မာနိုင်ငံ လက်ရှိ ရင်ဆိုင်နေရတဲ့ အကျပ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ထည့်သွင်းစဉ်းစား အဖြေရှာတာမျိုး မလုပ်နိုင်ဘူးဆိုရင် အာဆီယံအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက် လာစေမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေး ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်ကာလ ကန့်သတ်ချက်ကြောင့် တပိုင်တနိုင်ရောင်းတဲ့ အိမ်ဖျော် ကော်ဖီဆိုင်လေးတွေ အလုပ်ဖြစ်လာတဲ့ အကြောင်း၊ စင်္ကာပူနိုင်ငံက သိပ္ပံပညာရှင်တွေကတော့ အပင်ငယ်တမျိုးရဲ့ သဘာဝကို လေ့လာပြီးလက်တွေ့မှာအသုံးချနိုင်မယ့် စက်ရုပ်လက်တံတေ ွ ဖန်တီးဖို့ အကြောင်းကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
မြန်မာနိုင်ငံမှာ မေလဆန်းပိုင်း တက္ကသိုလ်တွေ ပြန်ဖွင့်ပြီး ပုံမှန်လည်ပတ်ဖို့ အာဏာသိမ်းကောင်စီရဲ့ ပညာရေး ဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားတဲ့အပေါ်ကျောင်းဆရာဆရာမတွေနဲ့ ကျောင်းသားမိဘ တချို့ကြား တုန့်ပြန်မှု အမျိုးမျိုး ထွက်ပေါ်လာပါတယ်။
ဧပြီ ၂၂၊ ၂၀၂၁ - မြန်မာ့ အခြေအနေ ကောင်းကောင်းဆိုးဆိုး စင်္ကာပူကတော့ အမြဲတမ်း အမြတ်ထုတ်နိုင်ပုံကို ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲ တွေကို ဆက်တိုက်ဆိုသလို အကြမ်းဖက်ဖြိုခွဲ နေပေမယ့် ၊ စစ်အာဏာသိမ်းမှု အဆုံးသတ် သွားစေဖို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို သုံးပြီး ဆက်လက် လှုပ်ရှားသွားမယ်လို့ မန္တလေးမြို့က ထင်ရှားတဲ့ သပိတ်ခေါင်းဆောင်ဖြစ်တဲ့ ကိုတေဇာဆန်းက ပြောပါတယ်။
ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းပြီး ဖမ်းဆီးမှုတွေ ရှိပေမဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတာ ပြသဖို့ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး ဆက်လက်လှုပ်ရှားသွားမယ်လို့ မန္တလေးမြို့က သပိတ်ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုတေဇာဆန်းက ဗွီအိုအေကို ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က Skype ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။
မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေဟာ အာဆီယံ ပဋိညာဉ်ပါ သဘောတူညီချက်တွေနဲ့ ကိုက်ညီမှု မရှိတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ နောက်ထပ် ပိုမိုဆိုးရွားတဲ့ ဖြစ်ရပ်တွေ ထပ်မံ မပေါ်ပေါက်ရအောင် အာဆီယံနိုင်ငံတွေအနေနဲ့ မိမိတို့သြဇာအရှိန်အဝါကို သုံးပြီး တားဆီးသွားဖို့လိုကြောင်း လက်ရှိ ကုလ-အတွင်းရေးမှူးချုပ် မစ္စတာ Guterres ကလည်း တနင်္လာနေ့ ဆွေးနွေးပွဲအတွင်း တိုက်တွန်းသွားပါတယ်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကျဆင်းနေတဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ်ကြောင့် ကန့်သတ်တင်းကြပ်ထားဆဲ၊ နာမည်ကြီး ပင်လယ်ကမ်းခြေတွေကို ပြန်ဖွင့်ပေးနိုင်ဖို့ စမ်းသပ်လုပ်ဆောင်နေပါတယ်။ ဒီလို အာရှဒေသတွင်းက စီးပွာရေးသတင်းတချို့ကိုတော့ Joshua Nist ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
CRPH က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ပေါ်ပေါက်လာပြီး နောက်တနေ့မှာပဲ အမေရိကန် ပြည်ထောင်စု အပါအဝင် ကနေဒါ ၊ နယ်သာလန် နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ပြည်တွင်း ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို လတ်တလောမှာ ဝန်ကြီးဌာန(၁၁)ခုနဲ့ ဖွဲ့စည်းလိုက်ပြီး အမျိုးသားသွေးစည်းညီညွတ်ရေး ဆိုတဲ့ ရည်မှန်းချက်အတိုင်းပဲ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်တဲ့ တိုင်းရင်းသားပေါင်းစုံ ပါဝင် ဖွဲ့စည်းထားတာ တွေ့ရပါတယ်။
မုံရွာမြို့ သပိတ်ခေါင်းဆောင်တဦးအဖြစ် လူသိများတဲ့ ကိုဝေမိုးနိုင်ကို စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက ကြာသပတေးနေ့မှာ အကြမ်းဖက် ဖမ်းဆီးလိုက်တယ် ဆိုပေမယ့် မုံရွာမြို့မှာ ကိုဝေမိုးနိုင်တွေ အများကြီး ထွက်ပေါ်လာဦးမှာဖြစ်တယ်လို့ မုံရွာသပိတ် ဦးဆောင်ကော်မတီဝင် တချို့က ပြောဆိုလိုက်ကြပါတယ်။
ဧပြီ ၁၅၊ ၂၀၂၁ - ထိုင်းဘုရင်က ချီးမြှင့်တဲ့ သူရဲကောင်းဘွဲ့ (၂) ခု ရထားသူ တပ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ လုပ်ရပ်ကို ဦးအောင်ခင်နဲ့ ကိုဉာဏ်ဝင်းအောင်က ထိုင်းအစဉ်အလာနဲ့ နှိုင်းယှဉ် တင်ပြထားပါတယ်။
ပြည်သူအများစု ထောက်ခံနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကိုရော ၊ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီကိုပါ ဘယ်ဖက်ကိုမှ အသိအမှတ်ပြုတာမျိုး မရှိသလို၊ ကန့်ကွက် ဆန့်ကျင်နေတာမျိုးလည်း မရှိသေး ဘူးလို့ UWSA ဝ-တပ်ဖွဲ့က VOA ကိုပြောပါတယ်။
မြန်မာနိုင်ငံအနှံ့ ဆန္ဒပြပွဲ တွေကိုစစ် ကောင်စီဘက်က အကြမ်းဖက် ဖြိုခွင်း ၊ ဖမ်းဆီးတာတွေ အဆက်မပြတ် လုပ်လာတာကြောင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိရာ နယ်စပ်ဒေသတွေကို တိမ်းရှောင်လာသူတွေ အများအပြား ရှိနေပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး ကို ဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
မြန်မာနိုင်ငံအနှံ့ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲ တွေကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးတာတွေ အဆက်မပြတ် လုပ်လာတာကြောင့် ဒီလိုစိုးရိမ်ဖွယ် အခြေအနေကေို ရှောင်ရှားဖို့ ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိရာ နယ်စပ်ဒေသတွေကို တိမ်းရှောင်လာသူ အများအပြား ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ဆန့်ကျင်ကန့်ကွက်သူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေ အရှိန်မြင့်လာနေတာနဲ့အမျှ အမေရိကန် အပါအဝင် ပြည်ပနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း ဆန္ဒပြလှုပ်ရှားမှုတွေ အားကောင်းလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း အမုန်းတရားပေါ် အခြေခံပြီး အာရှနွယ်ဖွားတွေအပေါ် တိုက်ခိုက်မှု ဒီထက် ပိုကျယ်ပြန့်လာမယ်ဆိုရင် မြန်မာအများစု လွှမ်းမိုးထားတဲ့ ဆူရှီလုပ်ငန်းကဏ္ဍမှာ ကြီးမားတဲ့ ရိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ အမေရိကန် အနောက်ဘက်ခြမ်း Las Vegas မြို့က ဆူရှီလုပ်ငန်းရှင် ဦးဆန်နီက VOA ကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်