ဧပြီ ၀၈၊ ၂၀၂၁ - အာဆီယံနိုင်ငံတွေထဲမှာ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုဖြုတ်ချပြီး စစ်အာဏာသိမ်းတဲ့နေရာမှာ ထိုင်းနိုင်ငံဟာ အကြိမ် အများဆုံးဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ CNN သတင်းထောက်နဲ့ လမ်းပေါ်မှာ တွေ့ဆုံမေးမြန်းမိလို့ အဖမ်းခံခဲ့ရသူ အတော်များများကို အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပါပြီ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် ဖိနှိပ်ဖြိုခွဲမှု ဆက်လက်ဖြစ်ပေါ်နေပြီး သေဆုံးမှုတွေ ဆက်ရှိနေတာကြောင့် ဒါတွေရပ်တန့်သွားအောင်နဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေဖို့ နိုင်ငံတကာ အသိုင်းအဝန်းက အရေးယူဆောင်ရွက် ပေးလာအောင် ကမ္ဘာတလွှား နိုင်ငံတချို့မှာ စနေနေ့က မြန်မာတွေ စုရုံးဆန္ဒပြကြပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ CNN သတင်းထောက်နဲ့ အင်တာဗျူးလုပ်မိတဲ့ ရန်ကုန်မြို့ခံ တချို့ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ကိုဗစ်ကြောင့် အကန့်သတ်ရှိနေဆဲ ဟောင်ကောင်မှာ Jazz ဂီတသမားတွေက နေရာကျဉ်းကြပ်တဲ့ ခေါက်ဆွဲဆိုင်မှာ တီးခတ်ပြရင်း အွန်လိုင်းကတဆင့် ငွေရှာခဲ့တဲ့ အကြောင်းနဲ့ အိန္ဒိယနိုင်ငံမှာတော့ PPE ဝတ်စုံ တွေကို အလေအလွင့်မဖြစ်ရအောင် မွေ့ယာအဖြစ် ပြောင်းလဲတီထွင်နေကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ဧပြီ ၁၊ ၂၀၂၁ -နိုဝင်ဘာ ရွေးကောက်ပွဲကို ချီးကျူး ဂုဏ်ပြုခဲ့တဲ့ တရုတ်အစိုးရဟာ မြန်မာပြည်မှာ စစ်အာဏာသိမ်းတာကို မထောက်ခံပေမယ့် မကန့်ကွက်ပါဘူး။ တရုတ် ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ဦးအောင်ခင်က သုံးသပ်ပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
စင်္ကာပူနိုင်ငံမှာ ရေအားလျှပ်စစ် ထုတ်ဖို့ ရေပေါ် ပေါလောပေါ်နေတဲ့ ဆိုလာပြားတွေ တီထွင်အသုံးပြုလာတဲ့ အကြောင်းနဲ့ ထိုင်ဝမ်ရဲ့ နာနတ်သီးကို နိုင်ငံရေးအရ တရုတ်ပြည်မကြီးထဲ တင်သွင်းခွင့် ပိတ်ပင်ထားတာကြောင့် နိုင်ငံရေးသမားတွေနဲ့ စားသောက်ဆိုင်ရှင်တွေက ပိုပြီး အားပေးကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေက မတ်လ(၂၇)ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး ဆန္ဒပြလှုပ်ရှားခဲ့ကြသလို၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံ အပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေလည်း စနေနေ့က စုဝေးလှုပ်ရှားခဲ့ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်း တင်ပြထားပါတယ်။
ရန်ကုန်တိုင်း မြို့နယ်တချို့မှာ သောကြာနေ့ ညက စစ်တပ်နဲ့ရဲ ရဲ့ ပစ်ခတ်မှုအတွင်း သေဆုံးသူတချို့ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေ နိုင်ငံအဝန်း ဆက်လက် ပေါ်ပေါက်နေသလို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ထိခိုက်သေကျေမှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။
မတ် ၂၅၊ ၂၀၂၁ - တပ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှုကို မင်းဆိုးမင်ညစ် ကြီးစိုးမှုအဖြစ် သတ်မှတ်ပြီး ပြည်သူပြည်သားတွေ ဆန့်ကျင်နေပုံကို ဦးအောင်ခင် က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ မြို့ကြီးတချို့မှာ ညဖက် စစ်တပ်နဲ့ရဲက ပစ်ခတ် နှိမ်နင်းနေတဲ့ကြားကပဲ ရန်ကုန်တိုင်း - သာကေတ၊ ဒေါပုံနဲ့ စမ်းချောင်း မြို့နယ်တွေမှာ တနင်္လာညက ရှောင်တခင် ညသပိတ်ဆန္ဒပြတာတွေ ရှိခဲ့ပြီး ဒေါပုံမှာ ရပ်ကွက်အုပ်ချုပ်ရေးရုံး မီးလောင်းကျွမ်းမှုနဲ့အတူ လူနေအိမ်ထဲကို ပစ်ခတ်တာ၊ ကားတွေကို ဖျက်ဆီးတာတွေရှိပါတယ်။
မြန်မာနိုင်ငံတွင်း ဆန္ဒပြနေသူတွေနဲ့ အရပ်သားတွေကို စစ်တပ်နဲ့ရဲက အခုရက်ပိုင်းအတွင်း အကြမ်းဖက်နှိမ်နင်းမှုတွေ များလာတာကြောင့် ဒီလုပ်ရပ်ကို အမြန်ဆုံးရပ်တန့်စေဖို့နဲ့ တာဝန်ရှိသူတွေကို နိုင်ငံတကာက ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ အမေရိကန် ကနေဒါနဲ့ ဂျပန်နိုင်ငံတွေမှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ဆန္ဒပြကြပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ CDM လုပ်နေကြတဲ့ ဝန်ထမ်းတွေထဲ ရဲတပ်ဖွဲ့ဝင်တွေလည်း တစစ ပါဝင်လာကြပြီး၊ အခုဆိုရင် အိန္ဒိယဖက်ခြမ်း နယ်စပ်ဒေသကို ပြေးဝင်ခိုလှုံသူ များလာနေတယ်လို့ CDM သမားတွေကို ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံတွေက ပြောပါတယ်။
ကိုဗစ်ကြောင့်အထီးကျန်စိတ်ကို ဖြေသိမ့်နိုင်မယ့် စက်ရုပ်အိမ်မွေးတိရာစ္ဆာန်ငယ်တွေ ဂျပန်မှာ ခေတ်စားလာတဲ့ အကြောင်းနဲ့ စင်္ကာပူနိုင်ငံ မှာတချို့မျိုးဆက်သစ်လူငယ်တွေရိုးရာ အစားအသောက်ကို ထိန်းသိမ်းနိုင်ဖို့ ဘိုးဘွားပိုင်လမ်းဘေးဆိုင်တွေမှာပဲ စားဖိုမှူးအဖြစ် လုပ်ကိုင်လာကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ဒီပဲယင်းမြို့နယ်မှာ ဆန္ဒပြ ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခဖြစ်ရာက ရဲနှစ်ဦး သေဆုံးသွားတဲ့အတွက် ကျူးလွန်သူတွေလို့ သံသယရှိတဲ့ကျေးရွာတွေကို စစ်တပ်အင်အားနဲ့ လာရောက်ဝိုင်းထားပြီး အထူးသဖြင့် တည်တောကျေးရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ် လုယက်ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မတ် ၁၈၊ ၂၀၂၁ - စစ်အာဏာသိမ်းလိုက်တဲ့ တပ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ မိသားစုဟာ မြန်မာပြည်မှာ အချမ်းသာဆုံးမိသားစု ဖြစ်လာနိုင်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတာကို ငြိမ်းချမ်းစွာဆန္ဒပြ နေသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှု တိုးလာတာကြောင့် နိုင်ငံတကာရဲ့အာရုံစိုက်မှု ပိုရလာစေဖို့နဲ့ ဖိအားဝိုင်းပေးနိုင်ဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စနေနေ့က နိုင်ငံတော်တော်များများမှာ ဆန္ဒပြ လှုပ်ရှားကြပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ မလုပ်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဝိုင်းဝန်း တောင်းဆိုနေတဲ့ ကြားကပဲ သောကြာနေ့ညတုန်းက ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်ထဲက ပြည်သူတချို့ကို ပစ်ခတ်ရင်း ဝင်ရောက်ဖမ်းဆီး ရိုက်နှက်တာတွေ ရှိခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်တွေ အရင်လိုလာရောက်တည်းခိုနိုင်ဖို့အတွက်စင်္ကာပူနိုင်ငံကဟိုတယ်တွေမှာကိုဗစ် မကူးစက်စေရေး တင်းကြပ်တဲ့စနစ်တွေလုပ်ဆောင်ထားတဲ့ အကြောင်းနဲ့ ကိုဗစ်ကူးစက်မှု ထိန်းချုပ်လာနိုင်ပြီလို့ဆိုတဲ့ တရုတ်နိုင်ငံမှာ ရုပ်ရှင်ရုံတွေ လူပြန်ပြည့်လာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်