မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ရက်ပေါင်း ၁၀၀ ကျော်လာချိန်မှာပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်နေတဲ့ ပြည်တွင်းက လူထုနဲ့အတူ ရပ်တည်နေကြောင်းပြသဖို့ ပြည်ပရောက် မြန်မာတွေကလည်း အမေရိကန်၊ ဥရောပနဲ့ အာရှနိုင်ငံတချို့မှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ စနေနေ့က လှုပ်ရှားခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုအိမ်ရှင်အဖြစ် လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ဒေသခံတွေကို ကူညီထောက်ပံ့နိုနိုင်ဖို့ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးက ပြောကြားလိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါ စဖြစ်လာချိန်ကစပြီး ဂျပန်နိုင်ငံမှာ မိတ်ကပ်ရောင်အား တစစ တက်လာသလို၊ အမျိုးသား အလှပြင်ဆိုင်တွေလည်း ဝင်ငွေ ကောင်းလာတဲ့ အကြောင်းနဲ့ တရုတ်နိုင်ငံမှာတော့အရုပ်ငယ်လေးတွေကို အရူးအမူး စုဆောင်းတတ်တဲ့ လူငယ်တွေ များလာတာကြောင့် အရုပ်ဈေးကွက် ကြီးထွားလာနေတဲ့အကြောင်းကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း ဖြိုခွဲတာကြောင့် မြင်းခြံခရိုင် တလုပ်ကျေးရွာအုပ်စုက ထောင်ချီတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး ၊ စားနပ်ရိက္ခာ ဆေးဝါး အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မေ ၁၃၊ ၂၀၂၁ - စစ်တပ်မှာ အမိန့် နာခံမှုဟာ အရေးအကြီးဆုံး ဖြစ်ပေမယ့် ၊ ဒီစနစ်ကို နိုင်ငံရေးမှာ ကျင့်သုံးတဲ့အခါ တိုင်းပြည်ပျက်စီးရပုံကို ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
တိုင်းရင်းသားဒေသမှာ စစ်ရှောင်ဒုက္ခသည်တွေကို အကူပေးရေး ခက်လာသလို၊ လူ့အခွင့်အရေး အခြေအနေကလည်း ဆိုးရွားလာတယ်လို့ လူသားချင်းစာနာမှု အကူညီပေးနေတဲ့ Partners for Relief and Development - NGO အဖွဲ့က VOA ကို ပြောပါတယ်။ PRAD အဖွဲ့ ဥက္ကဌ Steve Gumaer ကို ကိုဉာဏ်ဝင်းအောင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မန္တလေးမြို့မှာ ဆန္ဒပြသပိတ်စစ်ကြောင်းတွေ အရင်နေ့တွေကထက် ပိုထွက်လာကြတယ် ဆိုပေမယ့် စစ်တပ်က အာဏာသိမ်းထားတာကို အမြန်ပြန်မရုပ်သိမ်းပဲ ၊ အကြမ်းဖက် ပစ်ခတ် နှိမ်နင်းနေဦးမယ်ဆိုရင်တော့ လူထုလှုပ်ရှားမှု ပုံသဏ္ဍန်ဟာ အခြားနည်းလမ်းတွေဖက်ကို တမျိုးတဖုံ ပြောင်းလဲသွားနိုင်တယ်လို့ ဆန္ဒပြလှုပ်ရှားမှု ဦးဆောင်သူတွေ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ တိုးလာနေတာကြောင့် စစ်ရှောင်ဒုက္ခသည်တွေ ပိုများလာနေသလို အကူအညီ လိုအပ်ချက်တွေလည်း ကြီးမားလာနေပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လူမှုကွန်ယက်ကနေ တိုက်ရိုက် Live ထုတ်လွှင့်တဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ အောင်မြင်နေတဲ့အကြောင်းနဲ့ ၊ အိန္ဒိယနိုင်ငံမှာတော့ "ပါပလာ"လို သရေစာထုတ်တဲ့ လုပ်ငန်းကြောင့် အမျိုးသမီးတွေကို အလုပ်အကိုင် အခွင့်အလမ်း ရရှိစေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
မေ ၆၊ ၂၀၂၁ - ကချင်ပြည်နယ် အရှေ့မြောက် တရုတ်-မြန်မာနယ်စပ်ဒေသမှာ တရုတ်ကုမ္ပဏီတွေ လုပ်ကိုင်တဲ့ မြေရှားသတ္တု ထုတ်ယူမှုဟာ ဒေသခံတွေအတွက် အလွန်အန္တရာယ်များတဲ့ မှောင်ခိုလုပ်ငန်းဖြစ်ကြောင်း ဦးအောင်ခင် က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက် ထားပါတယ်။
ပြည်မြို့နယ်ထဲက လူ(၅)ဦးသေဆုံးတဲ့ ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက မေလ(၄)ရက် အင်္ဂါနေ့မှာ သတင်းထုတ်ပြန် လိုက်ပါတယ်။
ပြည်မြို့နယ်ထဲမှာ ဗုံးပေါက်ကွဲတာကြောင့် NLD ပါတီရဲ့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးသက်ဝင်းလှိုင် အပါအဝင် လူတချို့ ၊ မေလ(၃)ရက် ညနေပိုင်းက သေဆုံးသွားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ ၃ လပြည့်လာတဲ့ အချိန်မှာပဲ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြည်တွင်း၊ ပြည်ပမှာ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။ စနေနေ့ကလည်း အမေရိကန်၊ ဥရောပနဲ့ အာရှနိုင်ငံတွေက မြန်မာ့အရေး လှုပ်ရှားသူတွေ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေး လှုပ်ရှားမှုအဖြစ် စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ကိုဗစ်ကာလ နိုင်ငံ အတော်များများ စီးပွားရေးထိခိုက်နေချိန်မှာ မလေးရှားနိုင်ငံက ရွှေထည်ပစ္စည်းထုတ်တဲ့ ကုမ္ပဏီတွေ အရောင်းအဝယ် ကောင်းနေတဲ့အကြောင်းနဲ့ ၊ ဂျပန်နိုင်ငံမှာတော့ ကိုဗစ်ကြောင့် "ဝါဆာဘိ"စိုက် တောင်သူတွေ လုပ်ငန်း ထိခိုက်နေကြတဲ့အကြောင်း Ira Mellman ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
အာဏာသိမ်း စစ်ကောင်စီတပ်တွေက လိုက်လံရှာဖွေ ဖမ်းဆီး နှိမ်နင်းနေတာကြောင့် ၊ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်တဝိုက် ကျေးရွာသားတွေဟာ နီးစပ်ရာ ရွာတွေနဲ့ တောအုပ်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတာ သီတင်း ၂ ပတ်ကျော် ကြာလာပြီဖြစ်ပေမယ့် ခုထိ အိမ် မပြန်နိုင်သေးပဲ ဖြစ်နေပါတယ်။
ဧပြီ ၂၉၊ ၂၀၂၁ - မြန်မာပြည်မှာ စစ်အာဏာသိမ်းတိုင်း ပျက်စီးခြင်း(၅)ပါးနဲ့ ကြုံတွေ့နေရတာမို့ ဆင်းရဲတွင်းက ပြန်တက်နိုင်ဖို့ ခက်ခဲနေပုံကို ဦးအောင်ခင်က ရေးပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
ဗြိတိန်နိုင်ငံ အနေနဲ့ မြန်မာစစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး ၊ သူတို့ရဲ့ ဝင်ငွေလမ်းကြောင်းကို ပိတ်ဆို့ ပေးဖို့ ဗြိတိန်နဲ့ အိုင်ယာလန်မှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားများသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ သမဂ္ဂဥက္ကဌ ကိုကျော်မင်းဟန်ကို ကိုဉာဏ်ဝင်းအောင်က Skype ကနေဆက်သွယ်မေးမြန်းထားပါတယ်။
ဗြိတိန်နိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေသတ်မှတ်ချက်နဲ့ ငြိစွန်းနေတာကြောင့်မြန်မာစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာပြီး ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ပေးဖို့ ဗြိတိန်နဲ့ အိုင်ယာလန်မှာ ပညာသင်ကြားနေကြတဲ့ မြန်မာကျောင်းသားများသမဂ္ဂက တောင်းဆိုထားပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပစ်ခတ်နှိမ်နင်းမှုအတွင်း လူရာချီ သေဆုံးခဲ့ရတာကြောင့် မြန်မာစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဗြိတိန်နိုင်ငံက သတ်မှတ်ပေးဖို့ မြန်မာကျောင်းသားများသမဂ္ဂအဖွဲ့ (ဗြိတိန်နဲ့အိုင်ယာလန်)က အစာငတ်ခံဆန္ဒပြရင်း တောင်းဆို နေကြေပါတယ်။
စစ်တပ်က အာဏာသိမ်းထားတာကို အပြောင်းအလဲတွေဖြစ်စေဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက စည်းရုံး တိုက်တွန်းမှုတွေ လုပ်နေချိန်မှာပဲ ၊ စစ်အာဏာသိမ်း အုပ်ချုပ်မှု အပြီးတိုင် အဆုံးသတ်ရေး စိတ်အားထက်သန်နေကြတဲ့ ပြည်ပရောက် မြန်မာတွေက အမေရိကန်၊ နော်ဝေ ၊ နယ်သာလန် နိုင်ငံတွေမှာ စနေနေ့က ဆန္ဒပြ လှုပ်ရှားခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်