စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ အရှိန်မြင့် လုပ်ဆောင်လာနေတာမှာ အခု ရက်ပိုင်းအတွင်း အဆိုးရွားဆုံး ဖြိုခွင်းခံရတဲ့နေရာတခုကတော့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းတာကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်နေတဲ့ CDM လှုပ်ရှားမှုမှာ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာသံရုံးတွေက ဝန်ထမ်းတွေလည်း ပါဝင်နေတာမှာ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က CDM မှာ ပါဝင်တဲ့ ၃ ဦးထဲက ၂ ဦး ရာထူးက ထုတ်ပစ်လိုက်ကြောင်း နေပြည်တော်မှာရှိတဲ့ နိုင်ငံခြားရေးဌာနက အမိန့်ကြေညာချက် ထွက်လာခဲ့ပါတယ်။
CDM လှုပ်ရှားမှုမှာ အမေရိကန်ရောက် သံရုံးဝန်ထမ်းတွေ ပါဝင်လာနေကြတာမှာ အခုနောက်ဆုံး ကာလီဖိုးနီးယားပြည်နယ် Los Angeles မြို့က မြန်မာ ကောင်စစ်ဝန်ရုံးချုပ်မှာ ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးအောင်ကျော်နိုင်လည်း မတ်လ ၅ ရက်၊ သောကြာနေ့က စပြီး CDM လှုပ်ရှားမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းယူလိုက်တာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ဝါရှင်တန် ဒီစီ အနီးဝန်းကျင်မှာရှိတဲ့ မြန်မာ့ ဒီမိုကရေစီအင်စားစုတွေ စုစည်းပြီး မြန်မာသံရုံးရှေ့မှာ စုဝေး ဆန္ဒပြကြပြီး သံရုံးဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ မကြာသေးခင်ကဘဲ နှုတ်ထွက်ထားတဲ့ သံရုံး ပထမအတွင်းဝန်က တောင်းဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူလိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ Civil Disobedience Movement မှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေကို အာဏာပိုင်တွေက အလုပ်ပြန်ဆင်းဖို့ ဖိအားပေးမှုတွေ အရှိန်မြင့် လုပ်ဆောင်နေတာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနက ဝန်ထမ်းတွေလည်း အဲဒီလို ဖိအားပေးခံရတဲ့အထဲ ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ဏာသိမ်းမှု ဖြစ်သွားခဲ့တာနဲ့ပတ်သက်လို့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်မယ်ဆိုရင် အောက်ခြေက လူထုကို ထိခိုက်တာမျိုး မဖြစ်စေမယ့် ပစ်မှတ်ထား ဒဏ်ခတ် အရေးယူမှုမျိုး ဖြစ်သင့်တယ်လို့ ကုလသမဂ္ဂက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
CDM ကို ဦးဆောင်လုပ်ကိုင်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ အင်္ဂါပူမြို့နယ်အတွင်းက တိုက်နယ် ဆေးရုံအုပ်တဦးဖြစ်သူ ဒေါက်တာ ပြည့်ဖြိုးအောင်ကို အာဏာပိုင်တွေက မနေ့ညက ဖမ်းဆီးသွားခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါက်တာ ဖြူလဲ့သူက ပြောပါတယ်။
တောင်ဥက္ကလာမြို့နယ်က (၇) ရပ်ကွက်မှာနေထိုင်တဲ့ ဟိန်းမင်းအောင် ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က သူတို့အိမ်ကို ညဘက် အချိန်မတော်မှာ ရဲတွေ၊ ရာအိမ်မှူးတွေ ရောက်လာပြီး ဖမ်းဝရမ်းပြ ဖမ်းတဲ့ကိစ္စကို တိုက်ရိုက် ထုတ်လွှင့်ပြသတာက ရဲစခန်းရှေ့မှာ လူတွေရာနဲ့ချီပြီး ဆန္ဒပြတဲ့အခြေအနေအထိ ကြီးထွားသွားခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို နည်းလမ်းမျိုးစုံနဲ့ ငြိမ်းချမ်းစွာ ကန့်ကွက်၊ ဆန္ဒဖော်ထုတ်နေတာတွေကို NLD အနေနဲ့ ပူးပေါင်းပါဝင်ပြီး ထောက်ခံအားပေးသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ပြောပါတယ်။
ဥရောပမှာရှိတဲ့ သြစတီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ပြုလုပ်နေတာပါ။ အခု ဒီဆန္ဒပြပွဲကို သြစတီးယားလွှတ်တော်မှာရှိတဲ့ ပါတီကြီး ၄ ခုအပြင်၊ အီးယူမှာရှိတဲ့ ဝန်ထမ်းတွေ (လွှတ်တော်အမတ်တွေ) ကအစ လာရောက်ပြီးတော့ ပူးပေါင်း ပါဝင်တာ ရှိပါတယ်။
ရုရှားအစိုးရဟာ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ သူ့အပေါ် မှီခိုအားထားလာအောင် လုပ်ဆောင်တဲ့အနေနဲ့ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အတ္တလန္တိတ်သမုဒ္ဒရာ တဖက်တချက်စီမှာရှိနေတဲ့နိုင်ငံတွေက ဒီမိုကရက်တစ် အဆောက်အဦးတွေ အားနည်းလာအောင် လုပ်ဆောင်နေပါတယ်။
အာရှတိုက်တဝန်း ကိုဗစ်-၁၉ ကို ကြိုးစား တိုက်ဖျက်နေကြချိန်မှာဘဲ ဒေသတွင်း ဒီရောဂါပိုး ကူးစက်ပျံ့နှံ့မှု လျော့ကျအောင် ဆောင်ရွက်တာ အပါအဝင် ဒေသတွင်း ကျန်းမာရေးဆိုင်ရာ အခြေခံလိုအပ်ချက်တွေနဲ့ တခြား အကူအညီတွေကို USAID အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီက ထောက်ပံ့ပေးနေပါတယ်။
နယူးယောက်မြို့ကဆေးရုံမှာ COVID-19 လူနာတွေကို ကုသပေးရင်း ကိုယ်တိုင် အဲဒီရောဂါ ကူးစက်ခံလိုက်ရတဲ့ မြန်မာ ဆရာဝန်တဦးရဲ့ အတွေ့အကြုံကို တင်ပြပေးချင်ပါတယ်။
Voice Of Myanmar – VOM သတင်းဌာန အယ်ဒီတာချုပ်လည်းဖြစ်၊ ဒီသတင်းဌာနကို စတင် တည်ထောင်သူလည်းဖြစ်တဲ့ ကိုနေလင်းကို ခိုင်မာတဲ့အကြောင်းပြချက် တစုံတရာမပြဘဲ မေးစရာရှိလို့ဆိုပြီး နယ်မြေရဲစခန်းက တာဝန်ရှိသူတွေအပါအဝင် CID ကလို့ဆိုတဲ့သူတချို့က မတ်လ ၃၀ ရက် နေအိမ်မှာ လာရောက် ခေါ်ဆောင်သွားပါတယ်။
Coronavirus ကူးစက်မှုကြောင့် အမေရိကန်ပြည်ထောင်စု ပြည်နယ်အတော်များများမှာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။ ဒီကာလအတွင်း အများပြည်သူကျန်းမာရေးအတွက် အရေးကြီးတဲ့လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ဗဟိုအစိုးရနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ပြောဆိုထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်အတွင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့အကြား လအတန်ကြာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ အိုးအိမ်မဲ့ဖြစ်နေကြရပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ ပထမနေ့မှာဘဲ ထောင်ပေါင်းများစွာသော ဒေသခံပြည်သူတွေကို Cricket အားကစားကွင်းအတွင်း မိန့်ခွန်းပြောကြားတာ၊ ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချမယ့်အကြောင်း သဘောတူလိုက်တာတွေနဲ့ အဆုံးသတ်လိုက်ပါပြီ။
(Zawgyi / Unicode) အမေရိကန်သမ္မတ Donald Trump က ဇန်နဝါရီလကုန်မှာ ပြဌာန်းလိုက်တဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ခံရတဲ့နိုင်ငံတွေထဲ မြန်မာလည်း ပါနေတာကြောင့် ဒီကန့်သတ်ချက် အမြန်ဆုံး ပြန်လည် ရုပ်သိမ်းပေးရေးအတွက် BACI မြန်မာ-အမေရိကန် လူမှုကူညီရေးအသင်းက ကြိုးပမ်းနေပါတယ်။
လွန်ခဲ့တဲ့တနှစ်က ကမ္ဘာပေါ်မှာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ဆယ်စုနှစ်တခုစာ တွက်ရင်တော့ အနိမ့်ဆုံးကို ကျဆင်းနေပါတယ်။ အိန္ဒိယမှာ စီးပွားကျဆင်းမှုရဲ့ လက္ခဏာတွေ တွေ့လာနေရကြောင်း Anjana Pasricha သတင်းလွှာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
လွန်ခဲ့တဲ့ တနှစ်တုန်းက ကမ္ဘာ့အဖွံ့ဖြိုးဆုံးဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဟာ ဆယ်စုနှစ်တခုအတွင်း ဖွံ့ဖြိုးမှုအနည်းဆုံးအဖြစ် လျော့ကျသွားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်