မြန်မာ့အရေး နိုင်ငံတကာက အရေးတယူလုပ်ဆောင်မှုတွေ ခပ်စိတ်စိတ်ရှိပေမဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေလျော့မသွားပါဘူး။ ပြည်သူတွေကလည်း လက်နက်စွဲကိုင် တော်လှန်တာကြောင့် ပြည်တွင်းစစ်ဘက်ကို ဦးတည်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်က တင်ဆက်ပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုး စံချိန်တင် ကူးစက်ပြန့်နှံ့နေတဲ့အချိန်မှာဘဲ ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ စတင်
စစ်အာဏာသိမ်းပြီး ၆ လအကြာမှာ စစ်ကောင်စီရဲ့ ကွပ်ကဲမှုအောက်ကနေ အိမ်စောင့်အစိုးရကို ဩဂုတ်လဆန်းမှာ ဖွဲ့စည်းလိုက်တာအပေါ် တုံ့ပြန်မှုတွေ အမျိုးမျိုးထွက်လာပါတယ်။ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းတာလို့ စစ်တပ်က ပြောတာပါ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်တင်ဆက်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ တချို့ဒေသတွေ မိုးကြီးရေလျှံတာကြောင့် ကိုဗစ်လူနာတွေ ထပ်ပြီး ဒုက္ခရောက်နေကြပါတယ်။ ရခိုင်နဲ့ မွန်ပြည်နယ်တို့က လူမှုကူညီရေးအဖွဲ့တွေ ရေဘေးကြားက လူနာတွေကို ကူညီနေကြရတဲ့အကြောင်း ဒီတပတ်ရဲ့သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်က တင်ဆက်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါအခြေအနေဆိုးလို့ ကုသရေးပိုင်းအပါအဝင် အကူအညီပေးသူတွေ အလွန်အမင်း လိုအပ်နေချိန်မှာ ဆရာဝန်တချို့ ဖမ်းဆီးခံနေရပါတယ်။ အားလုံးပူးပေါင်းပါဝင်ကြဖို့ စစ်ကောင်စီက တိုက်တွန်းနေတဲ့ တချိန်တည်းမှာ ဆရာဝန်တွေကို ဖမ်းဆီးနေတဲ့အကြောင်း သတင်းထောက်မှတ်စု အစီအစဉ်ကနေ ကိုဇော်ဝင်းလှိုင်က တင်ဆက်ထားပါတယ်။
နိုင်ငံထဲ အောင်စီဂျင်အလုံအလောက်ရှိပါတယ်လို့ စစ်ကောင်စီကပြောနေချိန် အောက်စီဂျင်အလုံအလောက်မရလို့ သေဆုံးသူတွေတိုးနေပါတယ်။ လူနာအတွက်လိုအပ်နေတဲ့ ကုသမှုနဲ့အောက်စီဂျင်အတွက် လူနာရှင်တွေ၊ ပရဟိတကူညီသူတွေ ဘယ်လောက်ခက်ခက်ခဲခဲကြိုးစားနေရသလဲဆိုတာ ဒီတပတ်ရဲ့သတင်းထောက်မှတ်စုအစီအစဉ်ကနေ ကိုဇော်ဝင်းလှိုင်တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းက လူနည်းစုမွတ်ဆလင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို သူတို့ခေါ်ဆိုတဲ့ ရိုဟင်ဂျာအမည်အတိုင်း တရားဝင်သုံးနှုန်းပြီး သူတို့နဲ့ လက်တွဲ လုပ်ဆောင်ဖို့ အတိုက်အခံ လွှတ်တော်အမတ်တွေ ဖွဲ့စည်းထားတဲ့ NUG အမျိုးသား ညီညွတ်ရေး အစိုးရက ဖိတ်ခေါ်ထားပါတယ်။
ကူးစက်မှုနေ့စဉ်တိုးလာတဲ့ ကိုဗစ်ကပ်ဘေးဟာ အထူးစိုးရိမ်စရာ အနေအထားရောက်နေပြီး စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ အာဏာပိုင်တွေရဲ့ နှိပ်ကွပ်မှုတွေနဲ့ နိုင်ငံရဲ့ ဖရိုဖရဲ အခြေအနေကနေ ပြည်သူတွေ ဘယ်လိုကျော်ဖြတ်နိုင်ကြပါမလဲ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်တက်ဆက်ထားပါတယ်။
ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ နေ့စဉ် ပိုများလာနေတာပါ။ ရောဂါထိန်းချုပ်ရေးအတွက် ကုသရေးစင်တာ၊ သီးခြားထားနေရာတွေ တိုးချဲ့ စီစဉ်ရသလို၊ ကိုယ်ထူကိုယ်ထစနစ်နဲ့ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပါဝင်လာသူတွေလည်း များလာနေပါတယ်။ သတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်တက်ဆက်ထားပါတယ်။
စစ်ကောင်စီက ဖမ်းဆီးထားသူ ရာနဲ့ချီကို ဗုဒ္ဓဟူးနေ့က ပြန်လွှတ်ပေးခဲ့သလို ဖမ်းဆီးမှုတွေကိုလည်း ဆက်လုပ်နေပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့မှာ ဗုဒ္ဓဟူးနေ့ညမှာပဲ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံရပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ရိက္ခာပြတ်လပ်တာတွေ နဲ့ ရင်ဆိုင်နေရတာပါ။ ရိက္ခထောက်ပံ့သူ တွေအနေ နဲ့လည်း ငွေကြေးလည်ပတ်မှုတွေ အဆင်မပြေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် ရိက္ခာထောက်ပံ့တဲ့အခါ ကြန့်ကြာတာတွေ ရှိနေ
ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်တွေဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စုစုပေါင်းရဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ အဲဒီ ဒုက္ခသည်တွေဟာ မြောက် Sumatera ပြည်နယ်မြို့တော် Medan မှာ မသေချာ မရေရာတဲ့အခြေအနေတွေအောက်မှာ နေထိုင်နေကြတာပါ။
စစ်ကောင်စီ အာဏာသိမ်းပြီး ၅ လ ပြည့်ခါနီးအချိန်မှာတော့ မြန်မာနိုင်ငံအနှံ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ ဖွဲ့စည်းလာခဲ့ပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေပါတယ်။ နောက်ဆက်တွဲ အခြေအနေတွေက ဘာတွေ ဖြစ်လာနိုင်ပါလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုဇော်ဝင်းလှိုင် တင်ဆက်ထားပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ မင်းတပ်မြို့နယ်မှာ လက်ရှိဒေ သခံတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သတ်ပြီး ဒေသတွင်းမှာ ဒေသခံတွေ သွားလာရေးအဆင်ပြေဖို့ စစ်ကောင်စီနဲ့ မြို့မြို့ဖတို့ ဆွေးနွေး သဘောတူညီမှု ရရှိ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်းမတည်မငြိမ်ဖြစ်နေချိန် ကိုဗစ်ရောဂါတကျော့ ပြန်ကူးစက်မှုနဲ့ သေဆုံးသူတွေလည်း ရှိနေသလို ပိုးရှိအတည်ပြုအရေအတွက်နဲ့ သေဆုံးသူ တိုးလာနေတာကြောင့် ကိုဗစ်တတိယလှိုင်း ဝင်လာမှာကို စိုးရိမ်နေကြပါတယ်။ သတင်းထောက် မှတ်စုအစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်က တင်ဆက်ထားပါတယ်။
ဇွန် ၁ ရက်နေ့ ဖွင့်လှစ်ခဲ့တဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်သူအရေအတွက်လည်း နည်း၊ ဆရာ၊ ဆရာမတွေလည်း အကြမ်းမဖက်တဲ့ CDM လှုပ်ရှားမှုလုပ်နေကြလို့ ပါဝင်နေကြနေလို့ သင်ကြားသူလည်း မလုံလောက်ပါဘူး။ အာဏာသိမ်းကာလ ကျောင်းတွေပြန်ဖွင့်တဲ့ အခြေအနေတွေကို သတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်က တင်ဆက်ပေးမှာပါ။
ချင်းပြည်နယ် ပလက်ဝမြို့မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းကက ကုန်လမ်း၊ ရေလမ်း အဝင်အထွက် အသွားအလာကို စစ်တပ်က ကန့်သတ်ထားတာ ခုထိလည်း ပြန်မဖွင့်သေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တိုင်းရင်းသားတပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေ ငြိမ်သက်သွားတာကြောင့် အနည်းဆုံး စစ်ရှောင် ၁,၀၀၀ ကျော် နေရပ်ရင်းပြန်နေကြပါပြီ။
မြန်မာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက် ၂ ဦးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ အာဆီယံနိုင်ငံတွေကို ခရီးလှည့်နေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုခွင့်ဟာ တိုက်ခိုက်ခံနေရတယ်လို့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိလို့ NLD ပါတီကို ဖျက်မလား၊ ကျူးလွန်ခဲ့သူတွေကို အရေးယူမလား စဉ်းစားမယ်လို့ စစ်ကောင်စီက ဖွဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူရှိနေသရွေ့ ပါတီရှိမည်လို့ တုံ့ပြန်တာပါ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်က တင်ဆက်ပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်