ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် ရင်ဆိုင်တိုက်ခိုက်မှုတွေ၊ စစ်တပ်ရဲ့လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ တောထဲထွက်ပြေးတိမ်းရှောင်နေရပြီး ရက်ရှည်လာတာနဲ့အမျှ အစားအသောက်၊ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။ သတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်က တင်ဆက်ပေးမှာပါ။
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့သလို ရှမ်းပြည်နယ်က သီပေါနဲ့ ကျောက်မဲမြို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာပါ။
အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ ကျော်ကြာလာချိန်အထိ ပြည်သူတွေဟာ စစ်အုပ်ချုပ်ရေးကို လက်မခံကြသေးပါဘူး။ တော်လှန်မှုကာလကြာလာတာနဲ့အမျှ လုံခြုံရေး၊ စားသောက်နေထိုင်ရေး အခက်အခဲတွေ ပိုဆိုးလာနေတာပါ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုဇော်ဝင်းလှိုင် တင်ဆက်ထားပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင် တလုတ်မြို့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပွားလို့ စစ်တပ်ဘက်က အကျအဆုံးတွေရှိသလို ဒေသခံတွေဘက်ကလည်း ဒဏ်ရာရတာတွေရှိပြီး ကျေးရွာသားတွေ သောင်းနဲ့ချီထွက်ပြေးနေရပါတယ်။
န.စ.က စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီး တရားတာ၊ မီဒီယာလုပ်ငန်းကြီးတချို့ကို လုပ်ငန်းလုပ်ခွင့် ရပ်နားတာ၊ အင်တာနက် ဖြတ်တောက်တာတွေ လုပ်ပြီး သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။
စစ်အုပ်ချုပ်ရေးကောင်စီနဲ့ အပေါင်းအပါ စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေ ဆက်လုပ်သွားဖို့လိုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးက အမေရိကန်အောက်လွှတ်တော် အမတ်တွေကို တိုက်တွန်းလိုက်တဲ့အပေါ်မှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး လေ့လာသူတချို့က ကြိုဆိုထောက်ခံလိုက်ပါတယ်။
လာမယ့်ရက်ပိုင်းအတွင်းမှာ အခြေခံကျောင်းတွေနဲ့ တက္ကသိုလ်အတန်းတချို့ကို စတင်ဖွင့်လှစ်သွားမယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီဘက်က ကြေညာထားပေမဲ့ ပညာရေးဝန်ထမ်းတွေ ဦးဆောင်တဲ့ ကျောင်းပြန်မတက်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို စစ်အာဏာရှင်ဆန့်ကျင်သူတွေက လုပ်နေကြတာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေကြတဲ့အထဲ အကြမ်းဖက် ဖြိုခွဲမှုတွေ ရှိခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ မနေ့ကညက စစ်တပ်နဲ့ ဒေသခံတွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ စစ်သားတဦး သေဆုံးခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေထပ်မံဖြစ်ပွားနေပြီး နေအိမ်တချို့မီးလောင်ခဲ့သလို ရွာသားတွေဟာလည်း စစ်ဘေးလွတ်ရာကို ထပ်မံ တိမ်းရှောင်နေရပါတယ်။
မိုးကုတ်မြို့မှာ တနင်္လာနေ့ညပိုင်းက ပစ်ခတ်မှုတွေဖြစ်ခဲ့တာဟာ တအာင်း (ပလောင်) နဲ့ ကချင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်လာတာကြောင့် တပ်တွေက ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပေမဲ့ တအာင်း (ပလောင်) ဘက်ကတော့ ငြင်းပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုးလမ်းက ကျောက်မဲမြို့အဝင်ဂိတ်မှာ တနင်္လာနေ့ ညနေပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ ဆိုင်ကယ်နဲ့ လာပစ်သွားတဲ့ လက်လုပ်မိုင်းအဖြစ်လည်း ယူဆတာတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒေသခံ ၁,၀၀၀ ကျော်လောက် စစ်ဘေးကနေ လွတ်အောင် တိမ်းရှောင်နေကြရပါတယ်။
မြန်မာနိုင်ငံတဝန်း အာဏာသိမ်းမှု ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ အရှိန်မြင့်နေတဲ့အချိန်မှာပဲ နယ်စပ်ဒေသတချို့မှာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေလည်း တိုးပြီး ပေါ်ပေါက်လာပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတဝန်း ဆန္ဒပြမှုတွေ အရှိန်မြင့်ဖြစ်နေသလိုပဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေကို တိုးမြင့် လုပ်ဆောင်လာနေပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို နေ့စဉ် ရက်ဆက် အကြမ်းဖက် ဖြိုခွဲ၊ သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေ ချက်ခြင်း ရပ်တန့်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံခြားရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
စစ်တပ်က ဆန္ဒပြပြည်သူလူထုကို အကြမ်းဖက်ဖြိုခွဲတာတွေကြောင့် သေဆုံးသူ ရာနဲ့ချီရှိခဲ့ပြီး၊ ဖမ်းဆီးအကျဉ်းချခံရသူတွေဟာလည်း ထောင်ဂဏန်းအထိ ရှိလာပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ ဖမ်းခံထားရသူ ရာနဲ့ချီပြန်လွှတ်ပေးခဲ့တာပါ။ ရန်ကုန်သတင်းထောက်ရဲ့ သတင်းထောက်မှတ်စု အစီအစဉ်ကို ကိုဇော်ဝင်းလှိုင် တင်ဆက်ပေးထားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်မှုတွေ နိုင်ငံတဝှမ်း နည်းမျိုးစုံနဲ့ ဆက်လက် ပြုလုပ်နေကြတဲ့တချိန်ထဲမှာပဲ အကြမ်းဖက် ဖြိုခွဲမှုတွေလည်း ဆက်တိုက်ရှိနေတာကြောင့် နေ့စဉ်နီးပါး အသက်ဆုံးရှုံးမှုတွေ ဖြစ်နေတာပါ။
မြန်မာနိုင်ငံအဝှမ်း စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို အာဏာပိုင်တွေဘက်က ပစ်ခတ်ဖြိုခွင်းတာတွေကြောင့် ဒေသခံပြည်သူတွေသေဆုံးတာတွေ ရှိခဲ့သလို၊ အပြန်အလှန်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တချို့သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် အသက်ဆုံးရှုံးရတဲ့ မြို့တွေထဲမှာ မန္တလေးမြို့ဟာ ထိပ်ဆုံးကနေ ပါဝင်နေတာပါ။
ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ်က တပ်မတော် တပ်စခန်းတွေနဲ့ ပြည်သူ့စစ်စခန်းတွေကို KIA က တိုက်ခိုက်တာတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့တဲ့နောက် ဒီကနေ့မှာလည်း ဖားကန့်မြို့နယ်အတွင်းမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်