နှစ်နှစ်နီးပါး စစ်မက်ပဋိပက္ခတွေကို ပြင်းပြင်းထန်ထန်ကြုံတွေ့ခံစားနေရတဲ့ စစ်ကိုင်းတိုင်းအတွင်း ဒေသခံတွေဟာ နေအိမ်တွေစွန့်ခွာရပြီး နေထိုင်စားသောက်မှု အခက်အခဲတွေပိုရှိလာပေမယ့်လို့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်မှုတွေကတော့ ရှိနေဆဲပါ။
တရုတ်-မြန်မာ နယ်စပ်က မူဆယ်ကုန်သွယ်ရေးဂိတ်ကို မြန်မာဘက်က တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ စနေနေ့ကစလို့ အကန့်အသတ်နဲ့ ဖွင့်ပေးလိုက်ပါတယ်။ တရုတ်နိုင်ငံထဲမှာ အလုပ်သွားလုပ်မဲ့ သူတွေကိုတော့ နယ်စပ်ဖြတ်ကျော်ခွင့် ခွင့်မပြုသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဝ၊ မိုင်းလားနဲ့ ရှမ်းမြောက် SSPP လက်နက်ကိုင် ၃ ဖွဲ့တို့ ဆွေးနွေးရာမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စလည်းပါဝင်ခဲ့ပြီး၊ နိုင်ငံရေးအရ ထူးခြားတဲ့ သဘောတူညီချက်မျိုးတွေ မရခဲ့ကြောင်း SSPP တာဝန်ရှိသူက ပြောပါတယ်။
မြန်မာပြည်တွင်းမှာ အခုရက်ပိုင်း မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲနှုန်းတွေ အတက် အကျ အပြောင်းအလဲမြန်နေပြီး လူသုံးကုန်ပစ္စည်းဈေးတွေလည်း အချိန်တိုအတွင်း အတက်အကျ ပြောင်းလဲနေတဲ့အကြောင်း စီးပွားရေးလုပ်ငန်းရှင်တချို့က ဗွီအိုအေ ကို ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို ဒီနှစ်ထဲ ဒုတိယအကြိမ် သွားရောက်မှုအဖြစ် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို စက်တင်ဘာလထဲမှာ တက်ရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ရုရှားသမ္မတနဲ့လည်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုဇော်ဝင်းလှိုင် တင်ဆက်ထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့ ညပိုင်းက ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၀၀၀ စစ်ဆေးခဲ့ရာ ကူးစက်ခံရသူ ၃၈၀ ကျော် တွေ့ရှိရတာကြောင့် ရောဂါပိုး တွေ့ရှိမှု ၃.၁၇ ရာခိုင်နှုန်း ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ကျေးရွာတွေက မနာမကျန်းဖြစ်သူတွေ မြို့ပေါ်မှာ ဆေးဝါး တက်ရောက်ကုသဖို့ အသေးစိတ် စစ်ဆေးခံရတာတွေ ရှိသလို ဆေးဝါးတွေလည်း အလွယ်တကူ သယ်ဆောင်ခွင့်မရတဲ့အကြောင်း ပြောပြပါတယ်။
ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တွေက စစ်ဘေးရှောင် ရွာသားတွေ နေရပ်ပြန်ကြမယ်ဆိုရင် စစ်ကောင်စီလှုပ်ရှားခဲ့တဲ့နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ရှိနိုင်တာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေထုတ်ပြန်ထားတဲ့ သတင်းတွေကို ကြိုတင်နားစွင့်ပြီးမှ သွားလာဖို့ ကရင်နီဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ KNDF က သတိပေးနှိုးဆော်နေပါတယ်။
"ပြောရတာခက်ပါတယ်၊ သင်္ဘောသားမှမဟုတ်ပါဘူး။ စီးပွားရေးလုပ်နေသူတွေ အကုန်လုံး ဒုက္ခရောက်နေသူပဲလေ။ ငွေဈေးက အပြင်ဈေးနဲ့ ဟိုဟာဈေးက (ဗဟိုဘဏ်) ကွာနေတာ။ အဲဒီအပေါ်မူတည်ပြီးတော့ အကုန်လုံးကတော့ ဘာပဲဖြစ်ဖြစ် ငွေလဲပြီဆိုတော့လည်း ပိုလိုချင်တာချည်းပဲပေါ့လေ။"(နိုင်ငံခြား သင်္ဘောသားတဦး)
မြန်မာနိုင်ငံမှာ ၈လေးလုံးလူထုအုံကြွမှုကြီးဖြစ်ခဲ့တာ ၃၄နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့က ရန်ကုန်မြို့အပါအဝင်မြို့တချို့မှာဆန္ဒပြလှုပ်ရှားမှုတွေရှိခဲ့ပါတယ်။ ပြည်တွင်းမှာရော ပြည်ပနိုင်ငံတွေမှာလုပ်ခဲ့တဲ့ ၈လေးလုံး နှစ်ပတ်လည်ဆန္ဒပြပွဲတွေအကြောင်းသတင်းထောက်မှတ်စုအဖြစ်ရန်ကုန်ကပေးပို့တာကိုကိုဇော်ဝင်းလှိုင်တင်ပြပါမယ်။
“ဆယ်ဇင်းဘက်ကတော့ မီးတွေ အကုန်လုံး လောင်သွားပြီ။ မလောင်တဲ့ဟာတွေလည်း ဘက်ဖိုးနဲ့ ရိုက်ဖျက်ပြီးမှ ရှို့ပစ်တယ်ဆိုလား အဲလိုမျိုး ပြောကြတယ်။ SNA နဲ့ စကစနဲ့ ပေါင်းပြီမှ လုပ်တယ်လို့ ကြားတယ်။ .. ကျနော့သူငယ်ချင်းတယောက် မျက်မြင်ကိုယ်တွေ့ကိုက ၁၀ ယောက်ကျော်တယ်။” (ဆယ်ဇင်းရွာကို ကူညီနေသူ)
မြန်မာနိုင်ငံကို အာဆီယံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေးအတွက် စစ်ကောင်စီဘက်က လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခြင်းမရှိဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
စစ်ကောင်စီက အကျဉ်းသားတွေကို ထပ်မံ ကွပ်မျက်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့ ချဉ်းကပ်ပုံ ပြောင်းလဲ လုပ်ဆောင်ရလိမ့်မယ်လို့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က သတိပေး ပြောကြားလိုက်ပါတယ်။ ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် ဒီကနေ့ လက်ခံကျင်းပတဲ့ အစည်းဝေးအကြောင်း ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ဇန်နဝါရီ ၆ ကော်မီတီ ကြားနာပွဲကို ဆက်လက်ပြုလုပ်ခဲ့တာမှာဒီမိုကရေစီနည်လမ်းအရ လွှတ်တော်အတွင်း အာဏာလွဲပြောင်းမယ့် အစီအစဉ် ပျက်ပြားအောင် လုပ်ဆောင်ကြမယ့် လကျ်ာယိမ်း အစွန်းရောက်အဖွဲ့တွေကို သမ္မတဟောင်း Donald Trump အားပေး အားမြှောက် ပြုခဲ့တယ်ဆိုတဲ့အချက်ကို သုံးသပ်ခဲ့ပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပါမယ်။
"အရှင်လတ်လတ် မီးရှို့သတ်ဖြတ်၊ ရိက္ခာတွေ၊ အိမ်တွေမီးရှို့ပစ်ရလောက်အောင် မိုက်ရိုင်းလွန်းတဲ့လူတွေနဲ့ တစားပွဲတည်း သူတို့ အကျိုးစီးပွားအတွက် လုပ်နေတဲ့ဟာမျိုးကို ကျနော်တို့က ပစ်တင်ရှုတ်ချဖို့ အဲဒါကို လုပ်ကိုလုပ်ရမယ်။ အဲဒီအပေါ်မှာ ကျနော်တို့က စိတ်ပျက်အားငယ်မှုတွေ မရှိဘူး။” (ကိုရဲ-နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အထူးကျဆင်းလာတယ်လို့ နိုင်ငံတကာက ပြောပါတယ်။ ပြည်တွင်းမှာ အိုးအိမ်စွန့်ပြေးကြရသူတွေကအစ၊ ကျောင်းတက်ဖို့ ခက်နေတဲ့ ကလေးငယ်တွေအဆုံး၊ ကြုံတွေ့နေရတဲ့ အခြေအနေကို ရန်ကုန်ကပေးပို့တဲ့ သတင်းထောက်မှတ်စုမှာ သိရပါမယ်။ ကိုဇော်ဝင်းလှိုင် တင်ပြထားပါတယ်။
“မင်းတပ်ဘက်မှာ ဒီမနက်မှာ (၂၇၄) တပ်ရင်းကနေလက်နက်ကြီးတွေထုလို့ ပြည်သူ (၃)ယောက်သေသွား တယ် လေ။ ဒီမနက် ဘာမှတိုက်ပွဲဖြစ်ပွါးမှုမရှိဘဲနဲ့ (၂၇၄)တပ်ရင်းကနေ အမြောက်နဲ့ထု လာတယ်ကျေးရွာဘက်ကို။ တောင်ယာလုပ်နေတဲ့ (၃)ယောက် သေသွားတာ။ သူက မင်းတပ်မြို့ရဲ့မျက်နှာချင်း ဆိုင်ရွာပေါ့။ ’’ (မင်းတပ်ဒေသခံ)
“သိရသလောက် လေးနိုင်ငံအစည်းအဝေး မဲခေါင်ဒေသ အစည်းအဝေးလို့လည်း ပြောတယ်ဗျ။ တိတိကျကျရယ်လို့တော့ သူတို့သတင်း မထုတ်ပြန်ထားဘူး။ ခရီးသွားတွေကလည်း တော်တော်ပါးသွားတယ်ဗျ၊ သူတို့ဒီလို တပ်လာစွဲလိုက်တော့။ သိသိသာသာကြီး ခရီးသွား ကျသွားတယ်ဗျ။" (ပုဂံမြို့ဟောင်း ဒေသခံ)
ကိုဗစ်ရောဂါ နာတာရှည်ခံစားနေရသူတွေထံအကူအညီတောင်းခံသူ ပိုများလာနေတယ်လို့ ဗြိတိန်လူမှုကူညီရေး အဖွဲ့တခုကပြောပါတယ်။ သူတို့အဖွဲ့ရဲ့ အင်တာနက် ဝက်ဘ်ဆိုက်ကို လာရောက် ကြည့်သူ၊တယ်လီဖုန်းနဲ့ ဆက်သွယ်လာသူအရေအတွက်ဟာ လွန်ခဲ့တဲ့ ၆ လအတွင်း ၅ သိန်းရှိခဲ့တယ်လို့အဲ့ဒီ အဖွဲ့က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
“ပြည်ထောင်စုအရေးမှာတော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြမလဲ။ ဥပမာအားဖြင့် ငြိမ်းချမ်းရေးကို မပါဝင်တဲ့သူတွေရှိလို့ရတယ်။ အဲဒီလူတွေ ပါဝင်လာအောင် ဘယ်လို လုပ်ကြမလဲ။ အဲဒီပေါ်မှာ စိတ်ရှည်ရမယ်။ သည်းခံရမယ်ဆိုတဲ့သဘောထားပေါ့။ ဆွေးနွေးဖြစ်အောင် ဆွေးနွေးရမယ်ဆိုတဲ့အပိုင်းပဲ။ (ဗိုလ်ချုပ်ခိုင်စိုးမြ)
နောက်ထပ်ကြည့်ရှုရန်